🐯Chapter 43
သေးငယ်သောဘရပ်ရှ်လေးကို ကိုင်ထားသည့် လူငယ်လေး၏လက်က လူတစ်ယောက်၏စိတ်ကို ငြိမ်းချမ်းစေပေသည်။ နူးညံ့သောဘရပ်ရှ်လေးက အရေပြားကိုဖြတ်သန်းတိုက်ခတ်သွားသော လွတ်လပ်ပေါ့ပါးသောလေညှင်းလေးတစ်ခုကဲ့သို့ပင် ခံစားရသည်။
ယခုအချိန်တွင် ကြည့်ရှုသူပရိသတ်ဦးရေသည် ၇၀၀,၀၀၀ သို့ရောက်ရှိလာသော်လည်း လူအများကြီးဖြစ်နေလျှင်ပင် ဆူညံခြင်းမရှိပေ။
လူတိုင်း တိတ်ဆိတ်နေခဲ့သည်။
အသက်ရှူသံနှင့် နှလုံးခုန်သံတို့က မီးရှူးမီးပန်းသံများနှင့် ဤလောက၏ညသံများတွင် နစ်မြုပ်သွားခဲ့သည်။ အစာစားပြီးနောက် စိတ်ကျေနပ်မှုနှင့် ငိုက်မျည်းခြင်းတို့က အာရုံကြော၏နောက်ဆုံးရလဒ်အဖြစ် ထိုးတက်လာကာ အသံများစွာကို နားထဲတွင် မထင်မရှားကြားနေရကာ တစ်သံပြီးတစ်သံ ပျောက်ကွယ်သွားပြီးနောက် နောက်ဆုံးတွင် သက်တောင့်သက်သာရှိသော တိတ်ဆိတ်ငြိမ်သက်မှု တစ်ခုတည်းသာ ကျန်ရှိခဲ့လေသည်။
၎င်းက ကြည့်ရှုသူပရိသတ်၏အမြင်တွင် မြင်ရသည့်မြင်ကွင်းတစ်ခုဖြစ်ပြီး နောက်တစ်ခုက သကြားခဲ သကြားခဲနှင့် ခီရီတို့ကဲ့သို့ ပညာရှင်များ၏အမြင်ပင်ဖြစ်သည်။
"ပရိသတ်လူအုပ်ကို ထိန်းချုပ်ထားနိုင်ပြီး စည်းချက်ကို ကျွမ်းကျင်အောင် လုပ်နိုင်တာ အရမ်းကောင်းတယ်…"
ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများအပြင် ၎င်းသည်လည်း လျှို့ဝှက်စွမ်းရည်များစွာရှိသည့် တင်ဆက်သူတစ်ယောက်ဖြစ်ရန် မရှိမဖြစ်လိုအပ်သည့် ကျွမ်းကျင်မှုတစ်ရပ်ပေ။ ဥပမာအားဖြင့် ထိန်းချုပ်မှုနှင့် အစရှိသကဲ့သို့သော အခက်အခဲအကြပ်အတည်းများကို စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်းတို့ပင်ဖြစ်သည်။
ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက တိုးတက်မှုနှေးကွေးပြီး အကြောင်းအရာက ရှုပ်ထွေးမနေဘဲ ချက်ပြုတ်ခြင်း၊ စားသောက်ခြင်းနှင့် စကားစမြည်ပြောခြင်းမျှသာဖြစ်သည်။ သို့သော် အမှန်တွင်မူ အစပိုင်းရှိ တုန်းဖိုဝက်သားဟင်းက အထွတ်အထိပ်လေးတစ်ခုဆီသို့ ဆွဲဆောင်နိုင်ခဲ့ပေသည်။ ထိုအချိန်၌ ကြည့်ရှုသူပရိသတ်များ၏ ဝေဖန်ချက်များက အရှိန်အဟုန်ဖြင့် ကြီးထွားလာကာ ပရိသတ်များ၏ ခံစားချက်က အလွန်နွေးထွေးလှပေ၏။
YOU ARE READING
ကြယ်တာရာခေတ်မှာ liveလွှင့်ရင်း သားပေါက်လေးတွေ ပျိုးထောင်မယ်
FantasyThis is not my own story