"fourth အပေါ်ထပ်ကနေဆင်းလာပါအုံးလား"
"ဂိမ်းဆော့နေတယ်လို့"
"အဲ့ဂိမ်းကိုနောက်မှဆော့ အမေ့ကိုလာကူပေးအုံးအခုဆင်းခဲ့"
"အမေကလဲဗျာ....လာပြီ လာပြီ"
ဆော့လက်စဂိမ်းကိုရပ်ကာ ခြံထဲကနေလှမ်းအော်နေသည့်အမေဆီဆင်းသွားလိုက်သည်။
"ဘာခိုင်းမလို့လဲ အဒေါ်ကြီးPui"
"အပင်လေးတွေပျိုးဖို့ဝိုင်းကူပေး"
"ဘယ်အပင်လဲ"
"နှင်းဆီဖြူအိုးလေးကိုပျိုးပေး မြေကြီးတွေကိုဖွဖွလေးဆွပေးနော်"
"ကောင်းပါပြီအဒေါ်ကြီး Pui"
မြေကြီးကိုလက်နဲ့ဆွနေလား မျက်နှာနဲ့ဆွနေလားမသဲကွဲ...။မျက်နှာမှာရွှံတွေပေကျံနေသည်။
"Fourth လက်နဲ့လုပ်ခိုင်းတာကို မျက်နှာမှာဘယ်လိုဖြစ်လို့ ရွှံတွေပေနေရတာတုန်း"
"ယားလို့ကုပ်လိုက်တာ ပေသွားတာ..လက်နှစ်ဖက်မအားဘူးဆိုအဲ့လိုပဲ ဟိုကယားလိုက်ဒီကယားလိုက်နဲ့"
Mae Puiကသူ့သား၏ချစ်ဖို့ကောင်းနေမှုကိုကြည့်ရင်ရီနေမိသည်။
"အမေ"
"အင်း"
"ဟိုဘက်ခြံကို ဘယ်သူတွေပြောင်းလာတာလဲမသိဘူး ဟိုမှာ"
Fourth ပြသည့်နေရာသို့လှမ်းကြည့်လိုက်သည်။ထိုခြံထဲသို့ကားနှစ်စီးဝင်လာပြီးအလုပ်သမားတချို့ ပစ္စည်းတွေချနေကြသည်။ အနောက်ကအနက်ရောင်ကားပေါ်မှလူနှစ်ယောက်ဆင်းလာသည်။ပိုင်ရှင်တွေထင်တယ်...အမျိုးသမီးတစ်ယောက်နှင့်ကောင်လေးတစ်ယောက်..။
"အမေ ပိုက်ဆံရှိမယ့်ပုံပဲနော်..ကားကသားတို့ကားထက်တောင်ပိုမိုက်သေးတယ်"
"စပ်စုလိုက်တာကိုယ့်အလုပ်ကိုယ်လုပ်"
"သားကိုကျတော့စပ်စုတယ်ပြောပြီး အမေကျတော့ မျက်လုံးကဟိုဘက်ခြံကအန်တီကြီးစီရောက်တော့မယ် စပ်စုတာ"
"ပြန်မပြောနဲ့ အမေကို"
"ဟွန့်"
"ငါသွားမိတ်ဆက်လိုက်အုံးမယ်"
"ငါ့အမေလဲမနိုင်ဘူး"
ထိန်းမရတဲ့အမေနောက်ကိုသာ ခေါင်းတခါခါနဲ့လိုက်သွားရသည်။
"အမ ဒီနေ့မှပြောင်းလာတာထင်တယ်"
"ဟုတ်တယ်အမ ဒီနေ့မှပြောင်းလာတာ"
"ကျမတို့က ဘေးချင်းကပ်ခြံကပါ တစ်ခုခုလိုရင်အကူအညီတောင်းလို့ရတယ်နော် မိတ်ဖြစ်ဆွေဖြစ်ပေါ့ "
"ဟုတ်ကဲ့အမ ကျမနာမည် ningပါ"
"ကျမကPuiပါ ဒါကကျမသား Fourth Nattawat"
"အလှလေးပဲ... sorryနော် ကြိုက်လားမကြိုက်လားမသိပေမယ့် fourthကတကယ်လှတယ်နော်"
Fourth ပြုံးရုံသာပြုံးပြလိုက်တယ်။အမှန်တိုင်းပြောရရင်လှတယ်ပြောရင်မကြိုက်ဘူး..ဒါပေမယ့်လူတိုင်းကလှတယ်ပဲပြောနေကြသည်။ ချောတယ်လို့ပြောခံချင်တာလေ။
"Pui ဒါကNingရဲ့သား Gemini Norawit"
"တွေ့ရတာဝမ်းသာပါတယ်ဗျ"
"အေး ဝမ်းသာပါတယ်ကွယ် သားလေးကလဲအချောလေးပဲ ခန့်ချောလေး"
"Puiပျင်းရင်ခြံဘက်ကိုလာခဲ့လေ စကားပြောဖော်ရတာပေါ့"
"နေ့လည်နေ့ခင်းလာခဲ့မယ်"
"သားFourthလဲပျင်းရင်လာခဲ့လေ Gemနဲ့ရွယ်တူလောက်ပဲထင်တယ် ဘယ်နှစ်တန်းလဲFourth"
"12တန်းပါဗျ"
"Gemနဲ့တူတာပဲGemကအခုမှစပြောင်းလာတာမို့ Fourthကကျောင်းမှာဂရုစိုက်ပေးပါအုံး"
"ဟုတ်ကဲ့ အန်တီ"
အန်တီNingကိုပြုံးပြရင် Geminiဆိုတဲ့တစ်ယောက်ကိုလှည့်ကြည့်လိုက်တော့ ရုပ်တည်ကြီးနဲ့တစ်ချက်သာကြည့်ပြီး အကြည့်လွှဲသွားသည်။
ဘာလဲဟ ကြောက်စရာကြီး နဲနဲတောင်မပြုံးပြဘူး
"ပစ္စည်းတွေနေရာချရမှာမို့ သွားအုန်းမယ်နော် Pui"
"အင်း ..အင်း"
Gem Mae ရော Fourth Mae ရော ထွက်သွားတာကြောင့် Fourthလဲ လှည့်ထွက်ဖို့လုပ်လိုက်သည်။
"ဟေ့"
Geminiခေါ်သံကြောင့် Fourthလှည့်ကြည့်လိုက်သည်။ အဖြူရောင်ပုဝါတစ်ခုကိုကမ်းပေးလာတာကြောင့် fourthနားမလည်သလိုတစ်ချက်ကြည့်လိုက်သည်။
"သုတ်လိုက်အုန်း မျက်နှာကရွှံတွေ"
ထိုတစ်ခွန်းသာပြောပြီးလှည့်ထွက်သွားသည်။
"ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး"
G ဆိုပြီးချည်ထိုးထားသည့် အဖြူရောင်ပုဝါကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီးသာ အိမ်ထဲသို့ဝင်ခဲ့လိုက်သည်။
အဖြူရောင်ကိုမျက်နှာသုတ်ရမှာနှမြောစရာကြီး....။
_______________________________
Geminifourth
11.11.2024