EP-6

63 8 2
                                    

Gemini.. Fourth အခန်းထဲညလာအိပ်ချင်းဖြစ်သည်။ ကုတင်ကအတော်အသင့်ကျယ်တာမို့ လူနှစ်ယောက်အေးဆေးအိပ်လို့ရသည်။

"Fourthအိပ်တော့ ဂိမ်းဆက်မဆော့နဲ့တော့ "

"အခုမှ ၁၀နာရီပဲရှိသေးတာကို Geminiရာ"

"အခုအိပ်တော့"

"ကျစ်!....မင်းကပွစိပွစိနဲ့ ငါ့‌အမေအတိုင်းပဲ"

"အိပ်မှာလားမအိပ်ဘူးလား"

"အိပ်မယ်...အခုအိပ်ပြီ"

Fourthဆော့နေတဲ့ဂိမ်းကိုထွက်လိုက်ပြီး Geminiကိုမျက်စောင်းထိုးကာ ကျောခိုင်းအိပ်လိုက်သည်။
GeminiလဲFourthကိုစောင်ခြုံပေးပြီး အခန်းမီးပါ ပိတ်လိုက်သည်။
_______________
ည၁နာရီ

ပုရစ်အော်သံကလွဲ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေချိန် Fourthအော်သံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

"အား!!.....သွေးတွေ မလုပ်နဲ့"

Geminiလန့်နိုးလာကာ Fourthကိုလှုပ်နှိုးလိုက်သည်။

"Fourth! Fourth!မျက်လုံးဖွင့်အုန်း"

"သွေးတွေ...မလာနဲ့..မလာနဲ့...သွေး...?"

"Fourthဘာဖြစ်တာလဲ မျက်လုံးဖွင့် Fourth "

Fourth ရုံးကန်ပြီးအော်နေတာကြောင့် လက်နှစ်ဖက်ကိုချုပ်ကာ ဖက်ထားလိုက်သည်။ ထိုအခါမှနဲနဲငြိမ်ကျသွားသည်။

FOURTHချွေးစေးတွေပြန်နေတာကြောင့် နှဖူးကိုစမ်းကြည့်တော့ ကိယ်တွေပူကျစ်ပြီးဖျားနေသည်။

"ဖျားနေပြီပဲ... Fourth မင်းအရမ်းပေါ့ဆတာပဲ"

ရေပက်တင်ရန် ရေချိုးခန်းသွားဖို့ထစဉ် Fourthကလက်ကိုလှမ်းဆွဲလာတာကြောင့် ပြန်ထိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ Fourth"

"မင်းဘယ်သွားမလို့လဲ"

"မင်းရေပက်ဝတ်တင်ပေးဖို့ ခဏလေးပြန်လာခဲ့မယ်"

"အင်း...မြန်မြန်လာ"

ထိုအခါမှလက်ကိုလွှတ်ပေးလိုက်ပြီး အိပ်ယာထဲပြန်လှဲနေလိုက်သည်။ ရေရပက်ဝတ်တင်ပြီးနောက် ဆေးတိုက်ပြီး Fourthကိုပြန်အိပ်ခိုင်းလိုက်သည်

24/7 YouWhere stories live. Discover now