EP-3

257 27 2
                                    

ကလင်! ကလင်!

မနက်အစောကြီးဝင်လာတဲ့ဖုန်းတွေကို Blockချင်လိုက်တာ။အိပ်ရေးပျက်တယ်။

"Hello"

"ထတော့"

Gemini စကားကိုအဲ့လိုတစ်ခွန်းထဲနဲ့ ချသွားပြန်ပြီ..။
ခင်လာတဲ့၁လအတွင်း Gemini Norawitကအမြင်ကပ်ဖို့ကောင်းလာသည်။ သူကျောင်းနောက်ကျမှာဆိုးပြီး အစောကြီးဖုန်းဆက်နှိုးသည်။ကျတော်စကားများရင်လည်း နားငြီးလို့ဆိုပြီးဆူသည်။

ဖော်ရွေမှုလဲမရှိ..အရယ်အပြုံးလဲမရှိ..သူငယ်ချင်းလဲမရှိ..စကားကိုလဲဘယ်တော့မှအကောင်းမပြောဘူး။
အခုပဲကြည့် "ထတော့"တစ်ခွန်းပဲပြောပြီးချသွားသည်။

တစ်ဦးတည်းသောသူငယ်ချင်း‌ဖြစ်တဲ့ကျတော့်ကိုတောင်တနေကုန်နေလို့ စကား ၁၀ခွန်းပြည့်အောင်မပြောသူ။ Gemini Norawitကပျင်းဖို့ကောင်းသည်။

အခုတော့ Gemini Norawit ဆီကအဆူမခံရဖို့အရေး ထရအုံးမည်။

"Gemini"

"အင်း"

"မင်းကပျင်းဖို့ကောင်းတယ်"

"ဟမ်.?"

ရုတ်တရက်ကြီး ပျင်းဖို့ကောင်းတယ်ပြောခံလိုက်ရတာမို့ Gemini မျက်မှောင်ကြုတ်ကာ လှည့်ကြည့်မိသည်။

"ဟွန့် "

မျက်နှာတစ်ချက်ရှုံ့ကာ အရှေ့ကထွက်သွားသည့် Fourthအား Geminiနားမလည်သလို ကြည့်နေမိသည်။

ကြောင်တောင်တောင်နဲ့ Fourth Nattawat....

ကျောင်းသို့သွားနေရင်း စက်ဘီးကိုရုတ်တရက်ရပ်လိုက်သည့် Fourthကြောင့် Geminiပါ auto ရပ်မိသွားသည်။

"ဘာလို့ရပ်တာလဲ"

"ဟိုမှာ လူအုံနေတယ် သွားကြည့်ရအောင်"

"ဘာသွားလုပ်....? "

စကားပင်မဆုံးသေး Fourth Nattawat တစ်‌ယောက် ထိုလူအုပ်ကြားထဲရောက်နှင့်နေပြီ။
Gemini သက်ပြင်းသာအကြိမ်ကြိမ်ချမိသည်။

ဘယ်လိုအရှုပ်ထုတ်လဲ Fourth Nattawat

လူ လေးငါးယောက်လောက်အုံနေတဲ့ လူအုပ်ကြားက ရိုက်သတ်ခံရပြီးသေနေတဲ့ ခွေးအားကြည့်ရင် Fourth မျက်နှာမဲ့မိသည်။

24/7 YouWhere stories live. Discover now