၁ပတ်....သေသွားတဲ့ကျောင်းသူကို အိမ်မက်မက်တာတစ်ပတ်ရှိပြီ။ဒီတစ်ပတ်လုံး တစ်ပုံစံပုံစံတူအိမ်မက်ပဲမက်နေတာ အိမ်မက်ထဲမှာ ကောင်မလေးကငိုပြီး သူမ မသေချင်သေးကြောင်း ထပ်တလဲလဲပြောသည်။ တစ်ခုခုပြောချင်နေသည့်ပုံစံပင်။ထိုကောင်မလေးဘာကိုစုံစမ်းခိုင်းတာလဲဆိုတာတော့ မသိဘူး။ဒါပေမယ့် သူအကူညီလိုနေတာတော့ သေချာသည်။
"Fourth စာလုပ်လေ ဘာတွေစဉ်းစားနေတာလဲ"
"Gemငါ ဟိုအိမ်မက်ပဲထပ်မက်ပြန်ပြီ"
Winny::"မင်းအဲ့အိမ်မက်ကိုညတိုင်းမက်နေတာနော်"
"ဟုတ်တယ် winny"
စာမေးပွဲဖြေနေရတာမို့ winnyနဲ့promတို့ Fourth အိမ်မှာစာလာလုပ်ကြခြင်းဖြစ်သည်။GemလဲWinnyတို့နဲ့ရင်းနှီးနေပြီမို့ Geminiလဲစာလာလုပ်သည်။
အိမ်မက်အကြောင်းကို Winnyနဲ့Promတို့ကိုပြောပြထားတာကြောင့် သူတို့လဲ စိတ်ပူပေးကြသည်။
Prom::"Fourth သူကမင်းကိုတစ်ခုခုပြောချင်နေတာများလား မသိဘူး"
Fourth::"အင်း ငါလဲမသိဘူး"
Winny::"ငါကတော့ သူသေတာကိုမသက်ာဘူး"
Prom::"ငါရောပဲ
Gemini::"တော်တော့စာလုပ်ကြတော့ စကားအရမ်းများတယ်မင်းတို့"
Fourth::"Gemမင်းရောဘယ်လိုထင်လဲ အဲ့ကောင်မလေးကို "
Gemini::"မသိဘူး"
Winny::"ငါတို့စုံစမ်းကြမလား"
Gemini::"ဘာကိုလဲ"
Winny::"အဲ့ကောင်မလေးသေတဲ့ကိစ္စ"
Prom::"အေးငါလဲမသက်ာဘူး စုံစမ်းကြည့်ကြတာပေါ့"
Fourth::"အင်းငါလဲ အဲ့လိုလုပ်မလားစဉ်းစားနေတာ"
Gemini::"အဲ့တာ ရဲတွေလုပ်ရမဲ့ကိစ္စ မင်းတို့ကဘာလုပ်မလို့လဲ အေးဆေးနေပါ"
Winny::"ဒါပေမယ့်ကောင်မလေးက Fourthကိုအကူအညီတောင်းနေတာလေ ငါတို့စုံစမ်းသင့်တယ်ထင်တယ်"
Prom::"Fourthမကူညီရင် အဲ့ကောင်မလေးက Fourthကို အမြဲနှောက်ယှက်နေမှာ"
ထိုအခါမှGeminiငြိမ်ပြီး စဉ်းစားမိသည်။
ထိုကောင်မလေးကိုမကူညီရင် Fourthအတွက်အန္တာရယ်ပေးလာနိုင်တယ်။ မကူညီမချင်းFourthကို အ်မက်ပေးနေမှာပင်။