Chapter 2

14 2 0
                                    

ဟိုင်းဝေးလမ်းမကြီးပေါ်တွင် တရွှေ့ရွှေ့မောင်းနှင်လာသော ကားအနက်တစီး ပေါ်တွင် သန့်သန့်ပြန့်ပြန့်ဝတ်စားထား‌ သော အမျိုးသားတစ်ယောက်။

ကားထဲတွင် သီချင်းတစ်ပုဒ်၊ Lana del Rey ရဲ့ National anthem သီချင်းကို ပွင့်ထားလျက်ရှိသည်။ ထိုသီချင်းကို ထိုအမျိုးသားက ခပ်တိုးတိုး သီဆိုလျှက်ရှိသည်။

"Money is the reason we exist~
Everybody knows it, it's a fact. kiss, kiss~"

ထိုအမျိုးသားမှာ သတ္တမော်ကွန်းဖြစ်သည်။

ပြင်ဦးလွင်မြို့ရဲ့ ခပ်အေးအေး ဆောင်းလေကို ရှုရှိုက်လျှက် စိတ်လေး ကြည်လင်သွားသည်။ mother Lanaရဲ့ သီချင်းတွေကလည်း စိတ်အစုံကို ငြိမ်းချမ်းခြင်းစီသို့ အလည်တစ်ခေါက်။

................................

ထိုကား‌လေးသည် ပြင်ဦးလွင်မြို့၏ တစ်ထောင့်တစ်နေရာ၌ တည်ရှိသော ဟိုတယ် အတွင်းသို့ မောင်းနှင်သွားသည်။ ကားပါကင်ထိုးပြီး ခနအကြာ သတ္တကားထဲမှ ထွက်လာခဲ့သည်။ ဟိုတယ်အတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်ပြီး ကောင်တာသို့ အရောက်၊

"ဦးဓနိ‌ မော်ကွန်းရဲ့သား သတ္တမော်ကွန်းပါ"

ကောင်တာမှ မိန်းကလေးသည် ဖော်ရွေစွာ ပြုံးပြလျှက်၊

"ဦးမော်ကွန်းတို့က ရေကူးကန်ဘေးက ဝိုင်း ၁၂မှာပါရှင့်၊ ဒီကအကိုက လိုက်ပြပါလိမ့်မယ်၊ ကောင်းသော နေ့လေးဖြစ်ပါစေရှင့်"

သတ္တခေါင်းညိတ်ပြလျှက် ဝန်ထမ်းကောင်လေးလမ်းပြရာနောက်သို့ လိုက်သွားခဲ့သည်။ ထိုဝိုင်းသို့ ရောက်တော့ သူ၏အဖေနှင့်အမေကို တွေ့ရပြီး ကျန်အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကိုပါ ဆက်တွဲတွေ့လိုက်ရသည်။

"ကျွန်တော် နောက်ကျသွားရင် စိတ်မရှိပါနဲ့"

ဦီးဓနိလည်း သားဖြစ်သူကို တွေ့သည်နှင့်

"ဟော ငါ့သားတောင် ရောက်ပြီဘဲ။ လာလာ"

သတ္တလွတ်နေသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဖေဖေ့သူငယ်ချင်းဖြစ်ပုံရှိတဲ့ အမျိုးသားမှ ပြုံးရွှင် ဖော်ရွေစွာ စကားစပြောလာခဲ့သည်။

"အလင်္ကာ့ မော်ကွန်း"Where stories live. Discover now