သတ္တမော်ကွန်း (ဦးဓနိမော်ကွန်း+ဒေါ်လွန်းဟေမာ)
နှောင်းသွေးအလင်္ကာ (ဦးမျိုးမြတ်+ဒေါ်တိမ်သံသာ)မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ခရိုင်၊ အေးရိပ်ဖြာ ဟုအမည်ရှိ သော တိတ်ဆိတ်အေးချမ်းသော လူချမ်းသာ ရပ်ကွက်လေး တစ်ခုတွင် ခမ်းနားတင့်တယ်သော သုံးထပ်တိုက်ကြီး တစ်အိမ််တည်ရှိလို့ နေသည်။
ထိုခြံဝန်းထဲတွင်လဲ နှင်းဆီပန်းပင်များ၊ စံပယ်ပန်းပင်များ၊ သစ်ခွပန်းများနှင့် အခြားသော ပန်းပင်များလည်း ပွင့်ဖူးဝေဆာနေကြသည်မှာ မြင်သူအဖို့ မျက်စိအေးစရာလေးပင် ဖြစ်သည်။
ထိုပန်းပင်ငယ်လေးများ၏ ရှုခင်းများနှင့် ပန်းရနံ့များသည်လည်း အလွန်ကိုပင် ပနံတင့်တယ်စွာ၊ သင်းပျံ့စွာ ဖြင့် အလှကိုယ်စီ ပြိုင်ဆိုင်လို့ ဖူးပွင့်နေကြသည်။ ထိုအချိန်တွင် သုံးထပ်မြောက် အပေါ်ဆုံးအခန်းထဲတွင်တော့....
(Alarm....Ting~...Ti~ Ti~ Ti~)
နှောင်းဆိုသည့် ကောင်ငယ်လေးတစ်ယောက် နိုးစက်သံ ကျယ်လောင် စွာ ထွက်ပေါ်လာသည်နှင့် သူ၏လေးလံသော မျက်လုံးများအား ဖြေညင်းစွာ ဖွင့်ကာ အိပ်ရာပေါ်၌ ထထိုင်လိုက်သည်။ မထူမပါး မျက်ခုံးတန်းလေးတွေအား စိတ်မရှည်သည့်နှယ် ကျုံ့လို့ထားပြန်သည်။
ထိုကောင်ငယ်လေး၏ အညိုရောင် မျက်ဝန်းလှလှ လေးများသည်လည်း စွဲငင်လွန်းစွာ လှပသော်လည်း မျက်ဝန်း လေးတွေထဲမှ အကြည့်များသည် ရေခဲပမာ အေးစက်လို့ နေသည်။ဤသို့ဖြင့် အနီနု ရောင်နှုတ်ခမ်းလှလှ လေးမှ ရေရွတ်လာသည့်စကားလုံးများက နူးညံ့စွာထွက်လို့လာသည်။
"Good morning, My world."
အိပ်ရာပေါ်မှ ဖြေးညင်းစွာ ထကာ ရေချိုးခန်းသို့ ဆေးကြောသန့်စင်ရန် ဝင်သွားသည်။ ခေတ္တအကြာ သန့်စင်ပြီးသည်နှင့် အခန်းထဲမှာထွက်ကာ အောက်ဆုံးထပ်သို့ ဖြေးညင်း၊ တည်ငြိမ်စွာ ဆင်း၍သွားသည်။
အောက်ထပ် ထမင်းစားခန်းထဲတွင် ဦးမျိုးမြတ်နှင့် ဒေါ်တိမ်သံသာတို့ ရှိနေပြီး ဦးမျိုးမြတ်မှ သားဖြစ်သူဆင်းလာတာ တွေ့သည်နှင့်...