Episode Six

1.3K 96 2
                                        

Unicode

စားပွဲပေါ်မှာရှိနေတဲ့ ပန်းခြောက်လေးကိုကြည့်ကာ ထားအတွေးတွေများနေရသည်။ပန်းတစ်ပွင့်ဟာ လက်ထဲရောက်လာလို့ ခြောက်သွားသော်လည်း ထားအတွက်တော့ သာမာန္ထက္ပိုကာ ထူးဆန်းလွန်းနေသည်။ပန်းကလေးကိုထိတွေ့လိုက်ရုံနဲ့ မျက်စိထဲမြင်ယောင်လာသည်က သာမာန်မဟုတ်တဲ့ သျှားရဲ့ရင်ဖိုအောင်လုပ်ဆောင်နေတဲ့
အကြည့်တွေပင်။လူသားတစ်ယောက်ဖြစ်ပြီး ခံစားတတ်တဲ့နှလုံးသားရှိတဲ့ထားလည်း လွန်ခဲ့သော အတိတ်တွေက အခ်စ္ဆိုတဲ့အရာကို ခံစားခဲ့ဖူးသည်။မိန်းမတစ်ယောက်ကို ချစ်ခဲ့ဖူးသည်။ချစ်မိတဲ့အခါ ဖြစ်တတ်တဲ့ ခံစားချက်တွေကိုလည်း ထားခံစားတတ်ခဲ့သည်။

ယခုအခါ သျှားနဲ့တွေ့ချိန်၌ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေသည် အတိတ်ကအချစ်နဲ့ထိတွေ့မိလို့ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေနဲ့ တထေရာတည်းတူနေပုံက ထားအတွက်ထူးဆန်းလွန်းနေသည်။ရင်ခုန်သံမြန်ဆန်တာကအစ ခြေ၊လက်တွေအေးစက်တာအဆုံး အကုန်နီးပါးတူညီနေသည်။အဘယ်ကြောင့်များ အခုလိုထပ်တူညီအချိုးကျရသလဲ။သျှားရဲ့အကြည့်တွေကို ရင်မဆိုင်ရဲတာရော ဘာကြောင့်များဖြစ်နေမလဲ။အချစ်...။အခ်စ္လား...။

"မမထား"

"အင်း အစောဝင်ခဲ့လို့ရတယ်"

"အိပ်ရမှာစောနေသေးလို့မမထားနဲ့စကားပြောရမလားလို့လေ"

"အင်း ကောင်းသားပဲ"

"အယ္မမထား ဒီနှင်းဆီပန်းခြောက်ကြီးက ဘယ္ကလဲ"

"တို့နှင်းဆီပန်းပါအစောရယ်"

"ဟင် မမထားနှင်းဆီပန်းကလည်းအခြောက်ကြီးလေ။ဘာလုပ်ဖို့ စားပွဲပေါ်တင်ထားတာလဲမမထားရယ်။လွှင့်ပစ်လိုက်ရောပေါ့"

"ပန်းကလေးက ဒီလိုမခြောက်ခင်တုန်းကသိပ်လှတာအစောရဲ့။ပန်းခြောက်ပေမဲ့လည်း လှပသေးတယ်ကွယ်။တို့ဖြင့် မပစ်ရက်ပါဘူး"

"မပစ်ရက်ဘူးဆိုတော့ တစ်ယောက်ယောက်ကပေးလိုက်တာပဲဖြစ်မယ်။ဘယ်သူပေးလိုက်တာပဲမမထား မှန်မှန်ဖြေနော်"

"တို့အသိတစ်ယောက်ကပေးလိုက်တာပါအစောရယ်။တို့သဘောကျလို့ မလွှင့်ပစ်ဘဲသိမ်းထားမလားလို့လေ"

အချစ်တစ်ခုမွေးဖွားခြင်း(One Shot)Where stories live. Discover now