Unicode
မြက်ခင်းစိမ်းစိမ်းတွေပေါ်၌ ရောင်စုံနှင်းဆီတွေသည် ပန်းအိုးလေးတွေနဲ့စနစ်တကျရှိနေလေသည်။ဒါဟာလည်း တစ်စုံတစ်ယောက်ရဲ့ပြုစုပျိုးထောင်စိုက်ပျိုးထားခြင်းကြောင့်သာ ဖြစ်လိမ့်မည်။အနက်ရောင်သံတံခါးကြီးကိုအရန်သင့်ဖွင့်ထားပုံက လာမည်ဆိုတာကြိုသိနေသည့်ပုံပင်။ခြံထဲကားဝင်လိုက်တော့ ဂိုထောင်ထဲမှာ ကားနှစ်စီးကိုတွေ့ရသလို ဆင်ဝင်အောက်မှာလည်း အနက်ရောင်ကားတစ်စီးကိုတွေ့ရသည်။ဒီကားအနက်ရောင်သည် ကြွယ့်ရဲ့ကားဆိုတာ ထားသိသည်။ဒါဆိုရင် ကြွယ်နဲ့ဧကရီပါရောက်နေတာသေချာသည်။
အသက်ငယ်ငယ်ကလေးမလေးကိုချစ်မိနေတဲ့ထားကတော့ သူတို့ရှေ့ကို မျက်နှာပြရမှာပင်ရှက်မိသည်။အထူးသဖြင့် တူမအရင်းဖြစ်တဲ့ ဧကရီရှိသည်မို့ ပို၍ ရှက်စိတ်ဝင်မိသည်။
"မောင် တို့တော့ဝင်ရမှာတစ်မျိုးပဲ"
"ဘာဖြစ်လို့လဲအန်တီရဲ့"
"အထဲမွာ တို့တူမရှိတယ်။တို့ရှက်တယ်မောင်ရယ်"
"ဟာ ဒီအပျိုကြီးက ရည်းစားထားပြီးရှက်နေတာပေါ့ဟုတ်လား"
"မောင်နော်"
"လာပါ မောင်ရှိတာပဲကို မောင့်လက်ကိုဆွဲပြီးသတ္တိရှိရှိဝင်ကြရအောင်"
အသင့်ရှေ့တိုးပေးလာတဲ့သျှားလက်ကလေးကို ထားအမိအရပင်ဆုပ်ကိုင်လိုက်မိသည်။အပိုမဆိုပေ။ဒီလက်ကလေးကိုင်လိုက်ရင်ကို ထားအတွက်လုံခြုံသလို ခံစားရပြီးနွေးထွေးစေတာအမှန်။ဒီလိုဆိုရင်တော့ ထားသည် ဒီလက်တစ်စုံကိုသာ မြဲမြံအောင် ဆွဲသွားမည်။
"မမထားတို့တောင်ရောက်လာပြီပဲ"
"အင်း"
"တီတီထား လက္က."
"ဟင်"
ထားသည် ကြောက်လန့်စွာနဲ့ သ်ွားလက္ကို ဖြုတ်ချလိုက်မိသည်။တကယ်တော့ ရှက်နေတဲ့ အဒေါ်ဖြစ်သူကို ဧကရီတမင်တကာစနေခြင်းပင်။
"သမီးက လက်ဆွဲထားတာလားမေးမလို့လေ"
"သမီးကကွယ်"
"သျှားထိုင်လေ။မတ်တပ်ပဲရပ်မနေနဲ့။ကိုက်မစားဘူး"
ထားက ရှက်နေပါတယ်ဆိုမှ မောင်သည် သ်ွားကို မသိမသာစပြန်သည်။ဒီသူငယ်ချင်းနှစ်ယောက်က တမင်တကာပဲဇာတ်တိုက်ထားသလိုညီနေကြသည်။သျှားနဲ့ထားကတော့ ကြောင်အမ်းအမ်းဖြစ်ကာ ငြိမ်နေလေသည်။
YOU ARE READING
အချစ်တစ်ခုမွေးဖွားခြင်း(One Shot)
Romanceဒေါက်တာကနှင်းဆီဖြူလေးလို နူးညံ့သိမ်မွေ့ပြီးလှပလွန်းတယ်
