Unicode
မနက်ခင်းစောစောမှာချစ်ရသူကိုမြင်လိုက်ရသည့် ခံစားချက်သည် ဘယ်အရာနဲ့မတူဘဲ
ကြည်နူးစရာကောင်းလွန်းသည်။တောင်းဆိုစရာမလိုဘဲ အလိုက်တသိပေးတတ်တဲ့ ဂရုစိုက်မှုတွေကြားမှာ ထားအတော်လေးကျေနပ်ကာပျော်ရွှင်ရသည်။ဘာကြောင့်များ ဒီကလေးမလေးနဲ့အစောကြီးမတွေ့ခဲ့ရလေသလဲ။ဘာကြောင့်များ အစောကြီးမချစ်ခဲ့ရလေသလဲလို့ တွေးမိတော့ အတ္တများကြီးသွားလေမလား။မျက်စိရှေ့မှာမြင်နေရသည့် ကေလးမေလးကို ချစ်လွန်းလို့ ထားဘယ်လိုလုပ်ရမလဲတောင်မသိတော့ပေ။အပျိုကြီးတွေချစ်မိတော့လည်း အဆုံးအစွန်ထိပဲ။
"မောင်"
"ရေချိုးထားတာလားဒေါက်တာ"
"ဟွန့်"
"ဘာဖြစ်တာလဲဒေါက်တာရဲ့"
"မောင်ကလည်း တို့တွေချစ်သူတွေဖြစ်နေပြီဆိုတာမေ့နေတာလား"
"ဟင် မမေ့ပါဘူးဒေါက်တာရဲ့"
"ကြည့် အဲ့ဒေါက်တာလို့ပဲခေါ်နေတော့မှာလား။တစ်သက်လုံးဒီအတိုင်းပဲခေါ်နေတော့မှာလား"
နှုတ်ခမ်းကလေးဆူကာပြောနေပုံက အရင်ကဒေါက်တာထားလဲ့ရီမှဟုတ်ပါရဲ့လား။ချွဲ့နွဲ့နေပုံက ဆယ်ကျော်သက်တွေရံှုးမှာအသေအချာပင်။
"ဟင် ဒေါက်တာကဘယ်လိုခေါ်စေချင်တာလဲ။မောင့်ကိုပြောလေ"
"တို့ကပြောရမှာလား။ကိုယ့်ဘာသာစဉ်းစားပေါ့"
"အန္တီ"
အန္တီတဲ့...။နားထဲကိုစိမ့်ဝင်လာသည့် အသံဟာ ချိုမြိန်လွန်းသလို နာမ်စားဟာလည်း
သဘောကျစရာကောင်းလွန်းသည်။
"ဟင်"
"အန်တီလို့ခေါ်မယ်လေ။မောင့်စိတ်ကြိုက်ဆိုရင် အသည်းတို့၊အသက်တို့ခေါ်ချင်တာသိရဲ့လား"
"အဲ့လိုတော့မရပါဘူး"
"တွေ့လား။မောင်ကခေါ်မယ်ဆိုတော့ မရဘူးပြောတယ်။ဒါဆိုအန်တီလို့ပဲခေါ်မယ်နော်။နှစ်ယောက်တည်းရှိတဲ့အချိန်ဆိုရင် မောင့်စိတ်ကြိုက်နာမ်စားခေါ်ခွင့်ပြုမလား"
"မောင့်သဘောပါ"
"ဒီမွာ အန်တီ့အတွက်နန်းကြီးသုပ်ဝယ်လာတာ။
မောင့်အတွက်ရောပဲ။ဟိုအစ်မအတွက်ရောပါတယ်။ကြိုက်တယ်မဟုတ်လား"
YOU ARE READING
အချစ်တစ်ခုမွေးဖွားခြင်း(One Shot)
Любовные романыဒေါက်တာကနှင်းဆီဖြူလေးလို နူးညံ့သိမ်မွေ့ပြီးလှပလွန်းတယ်
