Unicode
အောက်တိုဘာရဲ့မနက်ခင်းနေဟာ ပူကျစ်စွာထွက်ပေါ်နေသည်မို့ အပြင်ထွက်ရမှာပင် ထားတွန့်ဆုတ်နေမိသည်။သို့သော်လည်း မဖြစ်မနေသွားရမည့်
နေရာရှိနေလို့သာ ပြင်ဆင်နေရသည်။မဟုတ်ရင်တေယ့ ခြံထံမှာ ပန်းကလေးပျိုးလိုက်၊စာအုပ်ဖတ်လိုက်နဲ့ အချိန်ဖြုန်းနေမိမှာပင်။
စိမ်းနုရောင်ကချင်ဆင်ပုံစံမြန်မာဝမ်းဆက်သည်အသားဖြူသည့် ထားနဲ့ပနံသင့်လွန်းနေသည်။မိတ်ကပ်ပါးပါးခြယ်မှုန်းထားလိုက်တော့ ဆင်မြန်းထားသည့် မြန်မာဝတ်စုံနဲ့ လိုက်ဖက်ညီသွားပြန်သည်။ဆံနွယ်တွေကိုစည်းရုံသာ စည်းတော့ လူငယ်ဆန်သည့်ပုံစံမျိုးဖြစ်သွားသည်။အသက်လေးဆယ်ကျော်မိန်းမတစ်ယောက်...။ဒါပေမဲ့ ပစ်မျိုးမှဲ့မထင်အောင် ရက်စက်စွာလှနေလွန်းသည်။
"အစောရေ ဒီနေ့တော့ တို့အပြင်သွားရဦးမယ်ကွယ်"
"သွားပါမမထားရဲ့။အိမ်ကိုရော အစောကိုရောစိတ်ချ"
"အင်းပါ ခြံတံခါးပိတ်နေနော်။တစ်ခုခုဆို တို့ကိုဖုန်းဆက်နော်"
"ဟုတ်ကဲ့ပါမမထား"
မဖြစ်မနေသွားရမည့်နေရာမို့သာ ထားထွက်လာခဲ့ရသည်။သျှားနဲ့ရင်ဆိုင်ရမည်ကိုတော့ ထားကြောက်ရွံ့နေမိသည်။ဖုန်းထဲမှ လိပ်စာကိုတစ်ချက်ကြည့်မိတော့ ထင်သလောက်တော့မဝေးပေ။အလွန်းဆုံးမောင်းရရင် နာရီဝက်လောက်သာရှိလိမ့်မည်။ခပ်ရှုပ်ရှုပ်လမ်းတွေထဲမှာ မောင်းနှင်ရတာမျိုးကို ထားမကြိုက်ပေ။ဒီလိုရှုပ်ထွေးတဲ့လမ်းကြောင့်ပဲ နာရီဝက်နဲ့ရောက်ရမည့်ခရီးဟာ တစ်ဆယ့်ငါးမိနစ်ပင်ပိုကြာသွားသည်။ခြံရှေ့ရောက်သည်နဲ့ ကားဟွန်းတီးလိုက်တော့ အလိုက်တသိလာဖွင့်ပေးသည့်သူကြောင့် အချိန်ကြာကြာမစောင့်လိုက်ရပေ။ခြံထဲကို ကားထိုးလိုက်ကတည်းက အိမ်ထဲမှအပြေးထွက်လာတဲ့ သျှားကိုမြင်ရသည်။ဒီကလေးမလေးနဲ့ ရင်ဆိုင်ရမှာဒေါက်တာအပျိုကြီးအတွက်ခက်ခဲနေလေသည်။
"ဒေါက်တာတကယ်လာတာပဲ"
"မလာလို့မှမရဘဲကို"
"ဘယ်လိုပဲဖြစ်ဖြစ်လေ။ဒေါက်တာလာတာနဲ့တင်ကျေနပ်ပြီ။
မေမေရေ ဒေါက်တာလာပြီ"
YOU ARE READING
အချစ်တစ်ခုမွေးဖွားခြင်း(One Shot)
Любовные романыဒေါက်တာကနှင်းဆီဖြူလေးလို နူးညံ့သိမ်မွေ့ပြီးလှပလွန်းတယ်
