Episode Seven

1.4K 92 2
                                        

Unicode

တိတ်ဆိတ်နေပြီဖြစ်တဲ့ရပ်ဝန်းတစ်ခုဆီကို ကားတစ်စီးတိုးဝင်လာပုံက သိသာထင်ရှားလွန်းနေသည်။စာအုပ်တစ်အုပ်ဖတ်နေရင်းမှ ကားအသံသည် ခြံရှေ့၌ ရပ်တန့်သွားသည်မို့ ပြတင်းပေါက်မှတဆင့် ကြည့်မိလေသည်။ခြံတံခါးဆီကို ကားခေါင်းထိုးကာရပ်တန့်ထားပုံက အိမ်ထဲကိုဝင်မည့်ပုံမို့ ထားထိတ်လန့်မိသည်။ဒီအိမ်၌ ကိုယ်အပါအဝင်မှ လူနှစ်သာရှိသည်မို့ တစ်ခုခုဆိုရင် ထားစိတ်ပူရသည်။

အပြာရောင်လိုက်ကာစအကွယ်ကနေကြည့်မိတော့ ကားတံခါးဖွင့်ကာ လူတစ်ယောက်ဆင်းလာသည်ကိုမြင်လိုက်ရသည်။ဆင်းလာသည့်သူကိုထားကြည့်လိုက်မိတော့ လက်ထဲတွင်ကိုင်ထားတဲ့စာအုပ်ကလေးပင်
ပြုတ်ကျသွားလေသည်။ကားပေါ်မှဆင်းလာသူသည် ထားအတွက်ထူးဆန်းသည့်သူမဟုတ်ဘဲ ရင်ခုန်သံတွေမြန်အောင်စွမ်းဆောင်နိုင်တဲ့သူတစ်ဦးပင်။
ခြံပြင်ကလူမြင်သွားမည်စိုး၍ မသိအောင်ကြည့်နေတဲ့ ထားရင်ထဲ၌ ဝုန်းဒိုင်းကြဲနေလေသည်။ကားပေါ်ကိုထိုင်ကာ ဂစ်တာလေးနဲ့သျှားကိုမြင်ရသည်ကတစ်မျိုးပင်။
သီချင်းလာဆိုပြခြင်းမျိုးလား။

မညာပါနဲ့စိတ်ထဲမှာ မင်းလည်းငါ့လိုခံစားမှန်းငါသိတယ်

အမူအရာနဲ့လူသိလောက်ပြီ

ရှက်ရမဲ့သူစိမ်းမဟုတ်ဘဲမပွင့်တပွင့်မျက်နှာလေးနဲ့
အချိန်ဆွဲခဲ့တာ

အပျိုဟိုင်းကြီးဖြစ်တော့မယ်

အပျိုကြီးးးး တကယ်လုပ်မှာလား

ပြောစမ်းကွယ် ရည်ရွယ်တယ်မင်းအကြောင်းတွေ

တကယ်လို့ မင်းနဲ့မပေါင်းဖြစ်ရင်တော့ အားက်မခံ

လူပျိုကြီးပဲလုပ်တော့မယ်

           ဒီသီချင်းဟာ ထားတို့ ဆေးကျောင်းသူဘဝထဲက လူပျိုက အပျိုကိုပိုးပမ်းတဲ့သီချင်းမို့ ထားသိသည်။ဟိုးအရင်ကဒီသီချင်းနဲ့ ပိုးပမ်းခံရခဲ့သော်လည်း ရင်မခုန်ခဲ့ပေ။အခုတော့ အသက်ငယ်ကယ်ကောင်မလေး ပိုးပမ်းတော့မှ ရင်ခုန်နေမိသည်။လိုက်ကာအကွယ်မှ သျှားကိုကြည့်နေတဲ့ ထားမျက်နှာ၌ အပြုံးလေးတွေဖြစ်တည်နေလေသည်။ထိုအပြုံးတွေဖြစ်တည်လာခြင်းကလည်း သျှားဟေဇယ်မှူးကြောင့်သာ ဖြစ်ပေသည်။

အချစ်တစ်ခုမွေးဖွားခြင်း(One Shot)Where stories live. Discover now