Unicode
နေ့လည်တာဝန်ချိန်ပြီးတော့ အခန်းဆီကိုသာ ထားဦးတည်ခဲ့သော်လည်း စင်္ကြန်လမ်းမှာ မထင်မှတ်ဘဲ နုတို့နဲ့ဆုံသည်မို့အခန်းဆီကိုရောက်ဖို့ နှောင့်နှေးသွားလေသည်။
နုတို့ဒီဆေးရုံကိုလာခြင်းဟာ သျှားဆီကိုလူနာလာမေးခြင်းပင်။
"မမထား နေ့လည်စာကို အပြင်မှာစားကြရအောင်လေ"
"နေပါနုရယ် အလုပ်ရှုပ်နေဦးမယ်"
"မရှုပ်ပါဘူးအန်တီထားရဲ့။တစ်ခါတည်းသွားစားကြမယ်လေ။ထမင်းလက်ဆုံမစားဖြစ်တာ နှစ်တောင်အတော်ကြာပြီ"
"အန္တီထားက နာနာနဲ့နုကိုအားနာလို့ပါ။မိသားစုလိုက်ပဲသွားစားကြပါကွယ်"
"မဟုတ္တာ မမထားရယ်။နုတို့အကုန်လုံးက မိသားစုတွေပဲလေ"
မိသားစုတွေတဲ့...။ဒီစကားကြားရတော့ ထားအတွက်နွေးထွေးသလိုခံစားလိုက်ရသည်။ဒီစကားစုရဲ့အနောက်မှာ နွေးထွေးမှုတွေ၊ကြင်နာမှုတွေ၊စည်းလုံးမှုတွေ ရောယှက်ပါဝင်နေသည်မဟုတ်လား။
"အန္တီထား လိုက်ခဲ့လေ မီးမီးလည်းပါတယ်လေ"
"အန်တီထားအသဲလေးလည်းပါမှတော့ လိုက်ရတော့မှာပဲ"
ဘယ်လိုမှငြင်းမရသည့်အဆုံးတော့ ထားလိုက်ခဲ့တော့သည်။စင်္ကြန်လမ်းမှာ ဧကရီနဲ့တွေ့သည်မို့စကားဝိုင်းက အစချီရပေဦးမည်။
"တီတီထား အယ် အန်တီနုတို့ရောပဲ"
"သမီးအပြင်သွားမလို့လား"
"ဟုတ်တယ်တီတီထား။မမနဲ့နေ့လည်စာစားဖို့ချိန်းထားလို့။နာနာနဲ့အန်တီနုကရော ဘယ္ကိုလာတာလဲ"
"သျှားဆေးရုံတက်ရလို့ သတင်းလာမေးတာလေ"
"သူက တီတီထားတာဝန်ယူထားတဲ့လူနာမဟုတ်လား။အခြေအနေရော ဘယ္လိုလဲတီတီထား"
"အဆင်ပြေပါတယ်"
"ဧကရီ ငါတို့လည်းနေ့လည်စာသွားစားမှာပဲ။တူတူသွားကြရအောင်"
"ဟင် အင်းကောင်းသားပဲ။မမချိန်းထားတဲ့ဆိုင်ကိုပဲသွားကြမယ်လေ။အဆင်ပြေတယ်မလား"
YOU ARE READING
အချစ်တစ်ခုမွေးဖွားခြင်း(One Shot)
Romanceဒေါက်တာကနှင်းဆီဖြူလေးလို နူးညံ့သိမ်မွေ့ပြီးလှပလွန်းတယ်
