နောက်ဆုံးတော့ နှုတ်ဆက်စကားပြောရမယ့်အချိန် တကယ်ရောက်လာခဲ့ပြီ။ အခုဒီဇာတ်လမ်းလေးပြီးဆုံးသွားတော့ အမှတ်တရတွေကို ပြန်တွေးပြီးလွမ်းမောမိတယ်။
လူတစ်ယောက်ကိုမမုန်းနိုင် မမေ့နိုင်ဖြစ်ရတဲ့ခံစားချက်ကိုသိလာတော့ Anemoneက Sad endingမဖြစ်ဖို့ ပိုသေချာသွားခဲ့တယ်။ မျက်နှာချင်းမဆိုင်နိုင်မယ့်ဇာတ်သိမ်းနေရာမှာ မခွဲမခွာအမြဲရှိသွားမယ့်ဇာတ်သိမ်းကို ပြောင်းလဲနိုင်တဲ့အတွက် ကိုယ့်ကိုကိုယ်ကျေနပ်မိပါတယ်။ စာဖတ်သူတို့လည်း ဒီဇာတ်သိမ်းကိုသဘောကျမယ်လို့ ဂျေမျှော်လင့်ပါတယ်။
ကိုယ်ပိုင်ဇာတ်လမ်းမှာ မျက်နှာချင်းမဆိုင်နိုင်တော့ပေမဲ့ ဂျေမွေးထုတ်ထားတဲ့ဇာတ်ကောင်ကိုတော့ ပျော်ရွှင်မှုပေးနိုင်ခဲ့ပြီ။ ဟန်နွေနွံမှာအပြစ်မရှိသလို လင်္ကာသုံလည်းမမှားခဲ့တာမို့ နှစ်ယောက်ကိုခွဲပစ်ဖို့မလုပ်နိုင်ခဲ့ဘူး။ အပြင်မှာမရှိတဲ့ဇာတ်ကောင်ဆိုပေမဲ့ သူတို့လည်းပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ်။ Anemoneဟာ ဇာတ်လမ်းအေးအေးလေးဖြစ်ပြီး အချစ်ကိုထုတ်မပြတတ်တဲ့လင်္ကာသုံနဲ့ အမြဲတစေအနိုင်ယူတတ်တဲ့ဟန်နွေနွံတို့ရဲ့ သူတို့အချစ်ကိုဖြည်းဖြည်းချင်းပုံဖော်လာတဲ့ဇာတ်လမ်းလေးပါ။ နောက်လာမယ့်ဇာတ်လမ်းမှာလည်း ဘယ်သူကဘယ်လိုအကျင့်စရိုက်တွေရှိမလဲ ဘယ်လိုအချစ်ကိုဖော်ပြမလဲဆိုတာ စာဖတ်သူတို့စောင့်ကြည့်ပေးပါဦး။
ဇာတ်လမ်းကိုနားမလည်မယ့် စာဖတ်သူအချို့အတွက် ဇာတ်လမ်းကိုပြန်ရှင်းပြပေးပါမယ်။ ( လင်္ကာသုံနဲ့ ဆူးခက်ဟန်တို့တွေ့ပေးရတဲ့အကြောင်းအရင်းကို ဆူးခက်ဟန်နဲ့ဝေသာကီမင်္ဂလာပွဲကစပြီး ဆက်စပ်တွေးမိကြမယ်ထင်ပါတယ်။ Sweet but Psychoမှာ ဘယ်သူကလုပ်ကြံခဲ့သလဲဆိုတာ ဂျေဇာတ်အိမ်မြှုပ်ထားခဲ့တယ်မဟုတ်လား။ ဂျေရေးတဲ့ဇာတ်လမ်းထဲကလောကမှာ ကလဲ့စားချေတာတွေဟာပြင်းထန်ပါတယ်။ ရက်စက်တဲ့ကမ္ဘာတစ်ခုကို သီးသန့်ဖန်တီးထားတာမို့ jungle lawပုံစံဖြစ်နေတာ သတိထားမိကြမှာပါ။ ဒါဆို ဆူးခက်ဟန်က သေသွားတယ်လို့ဖုံးကွယ်ရုံနဲ့ ဝေသာကီဘာလို့လုံခြုံစွာနေရသလဲဆိုတာ ဒီAnemoneမှာ ပြန်ဖြည်ထားပါတယ်။ လုပ်ကြံတဲ့ရန်သူက ဟန်နွေနွံလို ကလေးတစ်ယောက်သာသာဖြစ်နေလို့ ဝေသာကီဆက်မထိခိုက်တာပါ ဟုတ်ပါတယ်။

DU LIEST GERADE
စွန့်ပစ်ခံအချစ် ( Anemone ) Z + U ©
Romantikလှပသိမ်မွေ့သောအမျိုးသမီးလုပ်ငန်းရှင် လင်္ကာသုံနှင့် အသက်ဆယ်နှစ်ကွာဟတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်လိုတဲ့ ဟန်နွေနွံ။ မရိုးရှင်းသောအမျိုးသမီးဖြစ်လင့်ကစား ရဲတင်းစွာပတ်သက်ဖို့ကြိုးစားသည့် နုနယ်ပျိုမျစ်တဲ့ဟန်နွေနွံနှလုံးသားထဲမှာ အချစ်ဆိုတာမရှိဘူး။ မထင်မှတ်...