Chapter-5

377 49 0
                                    

Jaekyung's POV

"Unnie~Chae ကွန်ပျူတာ ခဏ
သုံးလို့ရမလား?"

"ရတယ် Chae သုံးလေ။Unnie Oma
ကို သွားကူလိုက် ဦးမယ်"

"Nae :-D"

Oma ကို ကူဖို့မီးဖိုချောင် ကိုကျွန်မ
သွားလိုက်တယ်။

"Oma~ပေးပေး သမီးလုပ် လိုက်မယ်"

"ရတယ် Jae~Oma ပဲ လုပ်မယ်။သမီး
လုပ်စရာတွေ အများကြီးပဲမဟုတ်လား?"

"Ahni~မရှိတော့ဘူး Oma"

"ဟုတ်လား~အာ့ဆို သမီးဆေးပီးသား
ပန်းကန် တွေကို ခြောက် အောင် သုတ်
လိုက်"

"Nae Oma~"

သားအမိနှစ်ယောက် ကိုယ့်အလုပ်နဲ့ကိုယ်
ဆိုတော့ စကားမ ပြောဖြစ်ကြဘဲ
မီးဖိုချောင် ကြီးကတိတ်ဆိတ်နေတယ်။
ထိုတိတ်ဆိတ်မှုကြောင့်ပဲလားတော့မသိ
အ တွေးတွေက ကျောင်းမှာဖြစ်ခဲ့တဲ့
ကိစ္စ နဲ့အတူ တစ်ဆက်တည်းမှာပဲ
Kim MyungSoo ဆိုတဲ့ တစ်ယောက်
ကပါ မြင် ကွင်းထဲပေါ်လာတယ်။

သူ့ကိုပြောတာပါ။ကန့်သတ်ထားတဲ့
အသင်းကိုဗြုန်းစားကြီးဝင် ရောက်
လာပီး တစ်ချိန် တည်းမှာပဲ Tr.Jung
ရဲ့ အိမ်မွေးကြောင် လေးတစ်ကောင်
လိုဖြစ်သွားတယ်။Newsletter Editor
အတွက် လက် ရှိဘယ်သူ့ကိုမှ မခန့်ထား
တော့ စိုးရိမ်မိတယ်။သူများကျွန်မ ရဲ့
ပြိုင် ဘက် တစ်ယောက်ဖြစ်သွားနိုင်
လား…Tr.Jung ရဲ့ မျက် နှာသာပေးမှု
တွေကြောင့်။အဲလို ဖြစ်သွားလို့တော့
မဖြစ်ဘူးလေ။

နောက်တစ်ခု သူနဲ့အတူထိုင် တဲ့
Kikwang။Kikwang က တော့လူကောင်း
တစ်ယောက်။စကားပြောရတာလည်း
အဆင် ပြေ တယ်။တခါတ လေ အပျင်း
ကြီးပီးအလုပ်မှာ သေချာအားမထုတ်
တာကလွဲလို့။ဒါပေမယ့်လည်း ကျွန်မ
အတန်းထဲက ယောကျာ်းလေးတစ်ချို့
ထက်စာရင် တော့ လူကောင်းလို့ပြော
ရမယ်။သူ့မှာ မ ကောင်းတဲ့အချက် က
ယောကျာ်းဖြစ်ပီး ပါးစပ် မငြိမ် သူများ
အ ကြောင်းဆို ရေပက် မဝင် ပြောတတ်
တာ။ကျွန်မ ထင် ပါတယ်။အဲ့နေ့က
Kim MyungSoo ကိုကျွန်မ နဲ့ပတ်သက်
ပီးပြောနေမယ် ဆိုတာ။ဘာတွေများ
ပြောလိုက် လဲတော့မသိ အဲ့နေ့က
တစ်ချက် တစ်ချက် ကျွန်မ ကို
မျက်မှောက်ကြုတ် ပီးကြည့်နေတာ
သတိထားမိတယ်။ဘာကိုအတည်ပြု
ချင် လို့ကြည့်နေတာလဲ?
ဒါပေမယ့် ချမ်းသာတဲ့မိသားစုက
လာတဲ့တစ်ယောက် ကဒီလိုမျိုးပဲ
သူများဆီကအ တင်းပြောတဲ့စကား
ကို လွယ်လွယ် ပဲလက်ခံလိုက်တာလား?
ပီးတော့ရုပ် ရည် ချောမောတဲ့
ယောကျာ်းတစ်ယောက်က?

"မပွင့်သောပန်း"Where stories live. Discover now