Chapter~14

679 61 16
                                    

Jaekyung's POV

အညိုရောင် မျက်ဆံကိုံပိုင်​ဆိုင်​ ထားတဲ့သူ့
မျက်​ဝန်း​တွေ ကျွန်မကို ဘာရည် ရွယ် ချက်
နဲ့ စူးစိုက်ကြည့် နေမှန်းမသိလျက် ခန့်မှန်းရ ခက်ခက် ။ မဟုတ်မှလွဲရော News Letter အချိန်အခါက Tr.Jung ကို လျှောက်တင် ခဲ့
သည့် ကျွန်မစကားတွေ မှာသူ့အ ပေါ်တစ်စုံ
တစ်ခုထိပါးလိုက်တယ်လို့ယူဆပြီးမ ကျေမနပ်
နိုင် တဲ့အငြိုးအ တေးတွေ ကြောင့် တစ်ခုခု
ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ပုံစံနဲ့ကြည့်နေ
သည်လား?ဲဒါကြောင် မို့ပင် ဒီကျောင်းထဲက
နေ မထွက်ခွာနိုင် သေးတဲ့ သူကကျွန်မကို ချုံခို
တိုက်ခိုက်မယ်ဆိုတဲ့ရည် ရွယ်ချက်နဲ့အခုအထိ အိမ်ကိုမပြန်သေးလျက်ဲအပြင် မှာ စောင့်နေခဲ့
သည်ဆိုတဲ့သ ဘောလား?အဲလိုလား?
အို..! တကယ်လို့များ..တကယ်လို့များ..အဲလို
ရည် ရွယ်ချက်ကြောင့်သာဆို ရင် ကျွန်မအခု
ဘာလုပ် ရမှာပါလိမ့်နော် ? သူရှေ့က နေ
ချက်ချင်းလှစ်ခနဲထပြီးတော့ပဲပြေးရမည်လား?
ဒါမှမဟုတ် ထိပ်တိုက်တွေ့လက်စနဲ့ ရှောင်ပြေး လည်းဘာမှထူးမှာမဟုတ်လို့ဒီအတိုင်းသူနဲ့ မျက်နှာချင်းဆိုင် ရင် ဆိုင် မယ်ဆိုသည့်အတိုင်း ရဲဝံ့စွာပြန် လည် တိုက်ခိုက် ဖို့ရာသတ္တိတွေကို ပဲမွေးထားရ တော့မည်လား ။ ဟင့် အင်း ။
မသိတော့ဘူး။ ထိုကဲ့သို့ အလုအယက်
်ဝင် ရောက် လာတဲ့ မေးခွန်းတွေ ကြား မှာ
ဘာမှ တောင်ကြိုတင်ပြင် ဆင် ခွင့် တောင် မရှိလိုက်သည့်ဲ ဦးနှောက်ကိုအ ဖြေ ရရှိရေး
အတွက် အတင်း အကျပ်စဉ်းစားပြီးအလုပ်
လုပ် ခိုင်း နေစဉ် အချိန်အခါမှာကံဆိုးစွာ နဲ့
သင့် တော် တဲ့ အကြံကမရလာခဲ့တဲ့အပြင်
အဲဒီ စဉ်းစားနေသည့် အချိန် အခါက ပဲ ထင် ထားတာထက်ကြာလာ တော့သူ့မျက်ဝန်းရဲ့
ဆွဲငင် အားတွေကြားမှာနေ နေရတဲ့ ကျွန်မ
တောင် နည်းနည်းအ နေရခက်ချင် လာ
သလိုလို ဖြစ်လာ၏။

့ကျွန်မရဲ့ ကြုံတွေ့မှုတွေအရ ကျောင်းသား:ကျောင်းသူ တွေအားလုံး ဒီအချိန် လောက်ဆို
ကိုယ့်အိမ် အသီးသီးကိုပြန်နေ ကြလို့ကျောင်း ကြီးတစ်ခုလုံးရဲ့ပတ်ဝန်းကျင် မှာ လူတွေ မရှိ
သ လောက်ကိုကျဲစပြုလာလောက်ပြီထင်။
လူစည်ကားတဲ့ ကျောင်းပတ် ဝန်းကျင် နဲ့
ဝေးသည့် ကျွန်မတို့ News Letter
အ ဆောင် ကြီး၏ အပြင် ဘက် တွေတောင်
အခု ဆို အသံဗလံတွေံ မကြားရ တော့ဘဲ့
ဲတိတ်ဆိတ် လို့ ခြောက်ကပ်နေပြီ။ ထိုကဲ့သို့
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင် အနားမှာ တစ်ယောက်တည်း ကျန် နေ သေးတဲ့ ကျွန်မ
အတွက်သရဲလည်း မဟုတ် တ စ္ဆေ္ဆလည်း
မဟုတ်သည့် Jjang တစ်ယောက်က
လောလောဆယ် မှာ ကျွန်မကိုအန္တရာယ်ပေး
နိုင် တဲ့ကြောက်စရာလူဖြစ် ရင် ဖြစ်သွားနိုင်
မလားလို့တောင် စိုးရိမ် နေရသလိုပဲ။

"မပွင့်သောပန်း"Where stories live. Discover now