Chapter*11

627 49 9
                                    

Jaekyung's POV

တစ်ချက်တစ်ချက်ကြက်သီးထ လောက်
်အောင် မိုးတွေနဲ့အတူတိုက်ခတ်လာတဲ့
လေနုအေးတွေ... ထိတွေ့ကိုင် မိ တဲ့
ခံစားချက် ကို မသိ လောက်
တော့တဲ့ အထိ အေးစက်နေတဲ့အသား
တွေဟာထုံကျင်နေပြီဆို ပေ မယ့်...

ရစရာမရှိအောင် ရွှဲရွှဲဆိုတဲ့အထိ မိုးရေစက်
တွေ ဟာ လည်းခန္ဓာကိုယ်တစ်ခုလုံးကို
ဖျန်းပက် ခံ နေရ ပြီဆိုပေမယ့်...

နှုတ်ခမ်းတစ်စုံကလည်းဟဖို့ အားမရှိလောက်
အောင် တုန် ရီပြာနှမ်းနေပြီဆိုပေမယ့်...

ဒီလို ခံစားနေရတဲ့ ဝေဒနာအားလုံးကို
အခုအချိန် မျက်ကွယ်ပြုရုံကလွဲရင် ဘာမှမတတ်နိုင် တဲ့အ ခြေ အ နေ ကြောင့် ခြေလှမ်း တွေကို တရွဲ့တိုက်သလိုမသယ်
်ချင် ပါဘဲနဲ့သယ်လာခဲ့ရာမှ နောက်ဆုံး
တော့အိမ် ရဲ့ခြံရှေ့ကို ရောက် ခဲ့ပြီ

မိုးရေ ထဲမှာ ကြွက်စုတ်ဖြစ်လာတဲ့ လူသား
တစ်ယောက်အတွက် အလိုအချင် ဆုံး
လူ့လောက နိဗ္ဗာန် ဟာအခုအချိန် ဘာဖြစ်
မလဲ လို့ မေး ရင် သူတို့ ဖြေ မယ့် အ ဖြေက
နှုတ်ခမ်းနဲ့တေ့လိုက်တဲ့ အချိန်နှာခေါင်းကို
တ ထောင်းထောင်း နဲ့ အ ငွေ့ရိုက်တဲ့ အထိ
အောင် ပူနွေးနေတဲ့ကော်ဖီ ခါးခါးတစ်ခွက်
လို့ ပြောတဲ့သူလည်းရှိရင် ရှိမယ်.
ဒါမှမဟုတ် ဖြူနုနု မွေ့ယာထက်မှာဇိမ်ပြေ ပြေနဲ့ ကျောခင်းပြီး ခန္ဓာကိုယ်တစ်ခုလုံးကို
မ ဖော်ချင် လောက်တဲ့အထိဂွမ်းစောင် ထူထူ
ူကြီးတစ်ထည်ကို ပုံးတုံးလုံးပမာလုံးထွေး
ရစ်ပတ် ရင်းအ နွေးဓာတ်ကို ခံစားချင် မိတဲ့
အခိုက်အတန့် လို့ပြောတဲ့သူလည်း
ရှိရင် ရှိမယ်

မဟုတ်ဘူး...ကျွန်မ အတွက်က တော့
မဟုတ်ဘူး။ အဲဒါထက် ပိုပေးနိုင် တဲ့ ကျွန်မ
လိုချင် တဲ့ နွေးထွေးမှု..အခုအချိန်မှာ ကော်ဖီပူပူလေး
သောက် ပြီး အိပ်ယာထက် မှာစောင်ခြုံကွေး
ချင် မိတဲ့ ဆန္ဒထက် တစ်စုံတစ်ယောက် က
သူ့ရဲ့ရင် ခွင် ကျယ်ကျယ် ထဲမှာအေးစက်နေတဲ့ကျွန်မ ခန္ဓာကိုယ်ကို
စိုးရိမ် ပူပန်မိတဲ့ စိတ်နဲ့ တင်းတင်းကျပ်ကျပ်
ထွေးပိုက်ပေးမယ့် အခိုက်အတန့်က ကျွန်မအတွက်ပိုပြီးတော့တောင် နွေးထွေးမှု
ပေးနိုင်လိမ့်မယ် လို့ ထင် မိ တယ်။
သူများတွေထက် ရူးကြောင်ကြောင် နိုင် တဲ့ ဆန္ဒလို့ပဲပြောရ မလား??

"မပွင့်သောပန်း"Where stories live. Discover now