L's POV
"Chae…Chaekyung yrr…"
ကျွန်တော့်ရဲ့ အထစ်ထစ်အ ငေါ့ငေါ့စကားသံ
လေးရဲ့ အဆုံးမှာ အပြစ်ပေးခံထားရသလို ဇာတ်ကျိုးမတတ် ခေါင်းကိုငုပ်ထားရ တဲ့
သူမခမျာ အခုမှပဲမျှော်လင့်ခြင်းတစ်စုံတစ် ရာ
နဲ့ ကျွနိတော့် ရဲ့မျက် နှာကို ဖြည်းညင်းစွာ ပဲထူထူထောင် ထောင် မော့ကြည့်လာနိုင်
တော့တယ်။
သူမ မော့ကြည့်နေတဲ့ အခိုက်အတန့်မှာတော့
သူမနဲ့ကျွန်တော်နဲ့မျက်လုံးအကြည့်ချင်းတွေ
ဆုံနေတာပေါ့။သို့ပေမယ်…သူမ ရဲ့ အဲဒီ မျှော်လင့်ခြင်းတွေ ပြည့်လျှံ နေတဲ့ မျက်ဝန်းကို တွေ့လိုက် ရ မှ ကျွန်တော် သူမနာမည်ကို ခေါ်မိတာဟာ လောလောဆယ်မှာ တကယ်မှားနေမှန်း
ကို သေ သေချာချာ သိလိုက် ရပြန်တာပဲ။
ဘာလို့လဲဆိုတော့ ရုတ်တရက်အတွင်းမှာပဲ
ကွန် ရက်တစ်ခုမှာရစ်ပတ်ထားတဲ့ အစ ဖော်
လို့ မရတဲ့ ကြိုးစ တွေလို လုံးထွေးရစ်ပတ်နေ သည့် အ တွေးပေါင်း သောင်းခြောက်ထောက်
်က ကျွန်တော် ရဲ့ ဦးနှောက် ထဲကို ပြွတ်သိပ်ပြီး
ထပ်မံ ဝင် ရောက် လာပြန် ပြီလေ။
အဲဒီတော့ အ ကြည့်ချင်းဆုံနေတဲ့ ဒီအခိုက် အတန့် လေးကို ခုတုံးလုပ်ပြီး ကျွန်တော့်
ပြောမယ့် အ ဖြေကိုစောင့် နေတဲ့ သူမအ ပေါ်
မှာ အားအားနာနာ နဲ့ပဲ နောက်တစ်ကြိမ်
ခဏ တော့ ဆိုင်းငံ့ ထား ပါရ စေဦး။ပထမ ဦးဆုံးက သူမ အချစ်ကို
ငြင်းလိုက် ရင် ရော? ဟူသည့်မေးခွန်းငြင်းလိုက်မယ်ဆိုရင် ကျွန်တော့် အတွက်
နစ်နာဆုံးရှုံးမှုဆိုတာ မရှိလာနိုင် ဘူးလို့
ကျွန်တော်အခု အချိန်မှာ တပ်အပ်
ပြောရဲ ပေမယ့် အကယ်၍ တစ်နေ့နေ့
တစ်ချိန် ချိန်မှာ များကျွန်တော် သူမ
အ ပေါ်မှာ စိတ်ခံစားချက် တွေ ယိမ်းယိုင်
လာခဲ့လို့ ထိန်းချုပ်ထားလို့ မရ တော့အထိ
အောင် ကျွန်တော့်အ ခြေ အ နေက ဆိုးရွား
လာမယ့် နေ့ ဆိုတာများ မ မျှော်လင့် ထား
ဘဲနဲ့ရှိ လာတဲ့ အခါ ကံဆိုးစွာနဲ့ပဲ ကျွန်တော်က
ဖြောင့်ဖြောင့်တန်းတန်း ဝင် ရောက်လာတဲ့
အခွင့် အ ရေးကောင်းတစ်ခုကိုမိုက် ရှုးရဲစွာ
ကန် ချ ထားနှင့် ပြီးသားအချိန် တစ်ချိန် မှာ
ရှိ နေ တယ် ဆိုရင် သူမကို ချဉ်းကပ် ကြိုးစား
ဖို့ ဆိုတဲ့ အခွင့် အ ရေးကိုကံကြမ္မာက
ကျွန်တော့်အတွက် ဆိုပြီးနောက်တစ်ကြိမ် ကြည်ကြည်ဖြူဖြူ သ ဘောထားကြီးစွာနဲ့ ထပ်ပေးပါ့မလား?
![](https://img.wattpad.com/cover/51675853-288-k582261.jpg)
YOU ARE READING
"မပွင့်သောပန်း"
Fanfiction*INFINITE(MyungSoo+OC)fic. *Heart Stopping Plot Twists *Well-Developed Characters