i hate u but i love...

2.3K 153 4
                                    

Lu*
မင်း ငါ့ဘဝ ထဲ ဝင်လာခဲ့တယ်...ငါ မဖိတ်ခေါ်ခဲ့ပဲနဲ့
မင်း ငါ့ အချစ် ကို ရယူခဲ့တယ်...ငါ
သတိမပြုမိလိုက်ခင်မှာပဲ
မင်း ငါ့နှလုံးသားကိုသိမ်းပိုက်ခဲ့တယ်...ငါ
တွေဝေ နေခဲ့ချိန်မှာပဲ
မင်း ငါ့စိတ်ကို စိုးမိုးထားခဲ့တယ်...
အလွမ်းတွေ...စိတ်ရှုပ်ထွေးမှု...စိတ်ပျော်ရွှင်မှု...မျက်ရည်...အပြုံး...အမုန်း...လိုချင်တောင့်တမှု...ခံစားချက်အားလုံးနီးပါး ရဲ့ အရှင်သခင်က မင်း နဲ့ မင်းရဲ့အပြုအမူတွေပဲ ဖြစ်ခဲ့တယ်•••

ဒီလိုနဲ့ နောက်ဆုံးကျတော့လည်း~~~

မင်း ငါ့ဘဝထဲက ထွက်သွားခဲ့တယ်......ငါ
ထွက်မသွားဖို့ တောင်းဆိုခဲ့ပေမယ့်လည်း

~°~°~°~°~°~°~°~°~°~°~

Luhan's Diary

•••Page 1•••

ကျောင်းမှာ အမှတ်တမှတ် တွေ့လိုက်တဲ့ ကောင်လေးတစ်ယောက်...ကျွန်တော့် နှလုံးသားကို လှုပ်ရှားစေခဲ့တယ်...ချောလွန်းတဲ့ သူ့ရုပ်ရည် ကြောင့်လား?မဟုတ်ခဲ့ပါဘူး...စူးရှတဲ့ သူ့အကြည့်ကြောင့်...ဒါက ခဏတာ စိတ်လှုပ်ရှားတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် လို့ ကျွန်တော် တွေးခဲ့တယ်...
ကျွန်တော်တို့ လူငယ်တွေသဘာဝ ကသစ်ရွက်လေး လှုပ်တာတောင် တစ်မျိုးတစ်ဖုံတွေးပြီး ရယ်တတ်တာကိုးးး

ဒါကလည်း ဒီတိုင်း ပြီးဆုံးသွားမယ့် ခံစားချက်တစ်ခု ပဲ ဖြစ်ခဲ့ပါလိမ့်မယ်•••

*******************

•••Page 2•••

သူ က ကျွန်တော်တို့ အတန်းထဲကို ပြောင်းလာတဲ့ ကျောင်းသားသစ်...သူ့ နာမည် ကOh Sehun တဲ့...ကျွန်တော် ရင်ခုန်နေပြန်ပြီ...ဒိုင်ယာရီ စာအုပ်ထဲ သူ့နာမည်လေး ချရေးတာတောင် လက်တွေတုန်နေပြန်တယ်...ဒါပေမယ့်လည်းဒါက
ခဏတာ စိတ်လှုပ်ရှားမှုပဲဖြစ်ပါလိမ့်မယ်...ဒီနေ့ သူ့အသံကိုကြားခဲ့ရတယ်...သူ့အသံ ရှတတနဲ့တစ်မျိုးလေး ဆွဲဆောင်မှုရှိပြန်တယ်...
သူ ထိုင်တဲ့နေရာက အတန်းထဲက အချောဆုံးကောင်မလေးရဲ့ဘေးမှာ...ကျွန်နော့်စိတ်ထဲ တစ်မျိုးကြီးပဲ...သူတို့ နှစ်ယောက်လိုက်ဖက်နေသလို...

အင်း ကျွန်တော်သူ့ကို ယောကျာ်းလေးချင်း မနာလိုတာပဲ ဖြစ်ပါလိမ့်မယ်...ခုချိန်မှာ
ဒီခံစားချက် အတွက် အသင့်တော်ဆုံးခေါင်းစဉ်က..."မနာလိုခြင်း"...
ဒါပေမယ့် သေချာတယ် ဟို ကောင်မလေးကိုတော့ လုံးဝ စိတ်မဝင်စားဘူး...

********************

•••Page 3•••

ကျွန်တော် မယုံကြည် နိုင်ဘူး...အဲ့ကောင်လေး ကျွန်တော်နဲ့ရင်းနှီးစပြုလာတဲ့ အချိန် တစ်ခဏ အတွင်း သူ ကျွန်တော့်အပေါ်စိုးမိုးစပြုလာပြီ...
သူ့ အကြည့်တွေ ကျွန်တော့်ရင်ခုန်နှုန်းကို စိုးမိုးနေတယ်...ဒါပေမယ့် ကျွန်တော် ထိန်းချုပ်ဖို့ကြိုးစားနေတယ်...ကျွန်တော်တို့လို လူငယ်တွေအတွက် ရင်ခုန်တာမဆန်းပေမယ့်...ကျွန်တော်ကတော့
ဒီလို ရင်ခုန်မှုမျိုး ရပ်တန့်ပြီး ရင့်ကျက်ဖို့ကိုသာ စောင့်စားနေခဲ့ပြီ...ဘာကြောင့်လဲ?ကျွန်တော်မသိဘူး...
*********************

•••Page 4•••

...ကျွန်တော့် ရင်ဘတ်ထဲမှာတဒိတ်ဒိတ်နဲ့ ခုန်နေသေးတယ် အခုထက်ထိပဲ...
သူ နေ့လည် က ကျွန်တော့်ကို ကျောင်းခေါင်မိုးထပ်ကို ဆွဲခေါ်သွားခဲ့ပြီး သူပြောခဲ့တဲ့စကားးး...ငါ မင်းကို ချစ်တယ်တဲ့...
ရုတ်တရက် ကျွန်တော် ကြောင်တောင်တောင်ဖြစ်နေခဲ့တယ်...ဟုတ်ပါ့မလား ...သူပြောပြီး ထွက်သွားတယ်...
ကျွန်တော့် အဖြေရှာနေတယ် စဉ်းစားနေတယ်
ကျွန်တော် ယုံသင့်လား?
ကျွန်တော် ဘာပြန်ပြောသင့်လဲ?

********************

ဘယ်လိုနေလဲ မသိဘူး...ဖတ်ပေးကြမယ်မလားဟင်
ဖတ်ပေးမယ်ဆို ဆက်ရေးပါ့မယ်.
Gamsamithar!

I hate  but  i  love......Where stories live. Discover now