i hate u but i love......

960 106 2
                                    

Hun ; Hannie ကိုယ့်ကို စောင့်ဦးလေ~~~Hanie Hanie!!!

Lu 's pov; ငါတော့ ရှက်လို့ သေတော့မှာပဲ......အားးသူကနောက်ကလိုက်လာတယ် အမြန်ပြေးမှ......Omma ရေ ကယ်ပါဦး !!!

တော်သေးတာပေါ့......စာသင်ခန်းထဲ ထိ သူလိုက်မနှောင့်ယှက်လို့ ဟီးစ် အာ့တောင်တစ်ချက်ချက် မျက်လုံးကစားကြည့်ရင် သူ့ရဲ့ စူးရှရှ အကြည့်တွေနဲ့ တည့်တည့်တိုးပါလေရော~~~အဲ့လိုအချိန်ဆိုရင်တော့ ကျွန်တော့်ကိုယ်ထဲ လျှပ်စစ်အပူလှိုင်း တစ်ခု ဖြတ်စီးသွားသလို~~~ခန္ဓာကိုထဲမှာ ရှိန်းခနဲ ရှိန်းခနဲပဲ......
ဒါပေမယ့်လေ သာယာနေမိတာတော့ အမှန်ပါပဲ.........

ဒီလိုနဲ့ ညနေကျောင်းဆင်းချိန်ကို ရောက်တော့•••••

ကျွန်တော်အခန်းထဲကနေ နောက်ကျမှ ထွက်လာခဲ့တယ်~~~
အိမ်မှာ Appa တို့နဲ့ အဆင်မပြေတော့ အိမ်ပြန်ချင်စိတ် ကလည်းမရှိ......မပြန်လို့လည်းမဖြစ်ပြန်ဘူး...ပြန်ဖို့ ကလည်း ဝန်လေးမိတယ်......ဘာပဲဖြစ်ဖြစ် အိမ်ကိုနောက်ကျမှပဲ ပြန်တော့မယ်...... တစ်နေရာရာသွားပြီး စိတ်ဖြေဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်...

သြော် အခုလိုကျောင်းဆင်းချိန်ကျတော့လည်း ကျွန်တော်တို့ ကျောင်းကြီးခမျာ တိတ်ဆိတ်ငြိမ်သက်လို့ အထီးကျန်နေရှာပြီလေ~~~

သူလည်း မရှိတော့ပါဘူး......အင်းပေါ့ သူလည်းကျွန်တော့် အနားမှာ အမြဲဘယ်ရှိပါ့မလဲ...ဒါပေမယ့် သူ သူ့ဘေးမှာ ထိုင်နေတဲ့ ကောင်မလေးနဲ့ အတူထွက်သွားတာကျွန်တော် မြင်လိုက်တော့......ကျွန်တော့် စိတ်ထဲဘဝင်မကျဘူးရယ်......ဒါပေမယ့်လေ သေချာတွေးကြည့်တော့ ကျွန်တော်နဲ့သူ ကဘာမှ မှ မဟုတ်တာ...သူ ကလည်း ကျွန်တော့်ကို ချစ်တယ်လို့ တခါပဲပြောခဲ့တယ်...ပြီးတော့ ကျွန်တော့် သဘောထား...သူ့ အပေါ်ထားတဲ့ ကျွန်တော့် စိတ်ကို လည်းသူမမေးခဲ့ဘူး...သူ ကျွန်တော့် ခံစားချက်ကို အလေးမထားတာလား?
တကယ်တော့ ခုချိန်မှာသာသူ ကျွန်တော့်ကို မေးခဲ့မယ်ဆို ကျွန်တော့် အဖြေက••••သူပျော်ရွှင်အောင် ဖန်တီးပေးနိုင်မလားပဲ••••

×-×-×-×-×-×-×-×-×-×


I hate  but  i  love......Where stories live. Discover now