i hate u but i love...

1.2K 108 5
                                    

•••page 5•••

ကျွန်တော် နားမလည်နိုင်ဘူး ဘာကြောင့်သူ ကျွန်တော့်ကို ချစ်တယ်လို့ပြောခဲ့သေးလဲ?
ကျွန်တော် သူ့ကို ပြန်ပြောခဲ့တယ်...အချိန်ကာလတစ်ခုထိ စောင့်နိုင်ရင် သူ့အချစ်ကို လက်ခံပေးမယ်လို့...
သူ ကတိ ပေးခဲ့တယ်...သူ ကျွန်တော့်ကိုပဲ စောင့်နေပါ့မယ်တဲ့...သူ့ကို မတောင်းဆိုခဲ့ဘူး စောင့်နေပါလို့...တောင်းဆိုဖို့လည်း ကျွန်တော့်မာနကခွင့်မပြုခဲ့ဘူး...
ဒါပေမယ့် ပျော်ရွှင်မိပါတယ် သူ ကျွန်တော့်ကို စောင့်ပေးမယ်တဲ့လေ...
ကျွန်တော်လည်း ထင်ပါတယ် ကျွန်တော်သူ့ကို...

*******************

•••page 6•••

ခုချိန်မှာ ကျွန်တော်ကလောကမှာ အပျော်ရွှင်ဆုံးးလူသား တစ်ယောက်ဖြစ်နေမလားမသိဘူး...ကျွန်တော် ပျော်ရွှင်နေတာ ကိုယ့်ကိုကိုယ် သတိထားမိပါတယ်...သူ လေ ကျွန်တော့် ကို သေချာ ဂရုစိုက်ပေးတယ်...ကျွန်တော့် ကို အရိပ်တကြည့်ကြည့်နဲ့...အမြဲလို သူ ကျွန်တော့်အနားမှာ ရှိပေးခဲ့တယ်...ကျွန်တော် လိုအပ်ချိန်တိုင်း သူရောက်လာခဲ့တယ်... ဒါပေမယ့် သူနဲ့ကျွန်တော် ဆက်ဆံရေး အတွက် ခေါင်းစဉ်ကတော့..."သူငယ်ချင်း"ဆိုတာ ပါပဲ...ကျွန်တော် ခွင့်မပြုခဲ့ဘူး...သူ့ကို ရည်စားအဖြစ်တွဲဖို့...တကယ်တော့ ကျွန်တော်မဟုတ်ဘူး ကျွန်တော့်ရဲ ဦးနှောက်ကပါ...အင်း ကျွန်တော့်ရဲ့ မာနကြောင့်လည်း ဖြစ်ကောင်းဖြစ်မယ်...အဓိက က ကျွန်တော့်မိသားစုနဲ့ ပတ်ဝန်းကျင်ဆိုတဲ့ အတားအဆီးတွေ...

******************

•••page 7•••

ကျွန်တော့်ဘဝ မှာ အားလုံးပြည့်စုံတယ်...မိသားစု ငွေကြေး ပညာရေး...ဒါပေမယ့် ကျွန်တော် အထီးကျန်နေတယ်...ကျွန်တော့် သူငယ်ချင်းတွေလည်း အားလုံးမှာအတွဲတွေနဲ့...ကျွန်တော် ဘာရယ်မဟုတ် သူတို့ပျော်ရွှင်နေတာမြင်တော့ စိတ်ယိုင်ချင်လာတယ်...အမှန်အတိုင်းပြောရ ရင်Hun ကို လည်းကျွန်တော် သဘောကျနေပြီ ထင်တယ် ဒါပေမယ့် ...မယုံရဲသေးဘူး...ကျွန်တော် က အရင်က အရမ်းကို ယုံကြည်လွယ်တဲ့သူတစ်ယောက် ဖြစ်လိမ့်မယ်...ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော် မယုံကြည်ချင်ဘူး...ကျွန်တော်လေ လူတစ်ယောက် ကို အရမ်းယုံကြည်ခဲ့ပြီးကာမှ နောက်ဆုံး ခံစားပြီးကျန်ခဲ့ရမှာကို ကျွန်တော် ကြောက်တယ်...
ပြီးတော့ သူနဲ့ကျွန်တော့် အဖြစ်က လူအများလက်မခံနိုင်တဲ့ အချစ်ကို စွတ်တိုးရမယ့် ကိစ္စမျိုး......
တစ်ခါတစ်လေ တော့လည်းလေ သူနဲ့ကျွန်တော် နှစ်ယောက်တည်း ရှိမယ့် လောကသစ်တစ်ခု ကို တည်ဆောက်ချင်မိသား.........

******************

•••page 8•••

ဒီနေ့ က သူနဲ့ကျွန်တော် တွေ့ဆုံခဲ့တာ ရက်၁၀၀ပြည့်တဲ့နေ့လေးပါ......သူကတော့ သိမယ်မထင်ဘူး...ကျွန်တော် ကတော့ မှတ်ထားမိတယ်လေ......
ဒိုင်ယာရီ လေးရေ ငါမင်းကိုတော့ မညာတော့ဘူး ငါ အမှန်အတိုင်းပြောပြမယ်နော်...
မျိုသိပ်ရတာတွေ...ဟန်ဆောင်ရတာတွေ...ချုပ်တည်းရတာတွေ ငါတကယ်ပဲ မုန်းလှပြီလေ......

တကယ်တော့ သူကျောင်းကို စရောက်လာခဲ့တဲ့နေ့က သူ့ကိုငါ ရင်ခုန်သွားခဲ့တယ်...ပထမဆုံး အကြိမ်မဟုတ်ခဲ့တော့ ငါလည်း လျစ်လျူရှုထားလိုက်တယ်...ဒုတိယအကြိမ် သူငါ့ကို ရုတ်တရက်ကြီး ချစ်တယ်လို့ပြောတော့ ငါ လေ...ပျော်လိုက်တာ ရူးမတတ်ပဲ...အဲ့နေ့ည ငါအိပ်မပျော်ခဲ့ဘူး...နောက်နေ့ သူ့ကိုငါ ပြောခဲ့တယ် ငါ့ကို အချိန်ကာလတစ်ခုထိ စောင့်နေပေးရင် သူ့အချစ်ကို လက်ခံပေးမယ်လို့...ပြီးတော့ ငါပြောခဲ့သေးတယ်မစောင့်နိုင်လို့နောက်တစ်ယောက်တွဲလည်း ရတယ်လို့......
သူ ဘာပြန်ပြောလဲ သိလား~~~
ငါ့ ကိုပဲစောင့်ပါမယ်တဲ့...ငါလေ သူ့ရှေ့မှာ ဟန်ဆောင်ပြီး ခပ်တည်တည်နေခဲ့ပေမယ့်...ရင်ထဲမှာ တော့ အပျော်တွေနဲ့ကြည်နှုးခဲ့တယ်...ငါကိုယ်တိုင်မသိလိုက်ခင်မှာပဲ သူ့ကို တပ်မက်စွဲလန်းသွားခဲ့တယ်...

I hate  but  i  love......Where stories live. Discover now