i hate u but i love......

1.1K 121 8
                                    

ငါလေ သူနဲ့ပတ်သက်ပြီး အရာရာကို အလေးအနက် ထားခဲ့ပါတယ် ဒါပေမယ့် သူတော့မသိခဲ့ဘူး……ငါ လည်းထုတ်ဖော်မပြခဲ့ဘူး…
ဒါပေမယ့် ဝန်ခံပါတယ်လေ သူက ငါ့ဘဝရဲ့ ပျော်ရွှင်ခြင်းတွေ ကို ယူဆောင်လာခဲ့တဲ့ တစ်ယောက်သောသူ ဆိုတာ ………

************************

•••••Page 9•••••

မြူနှင်းတွေ ကျခဲ့တဲ့ အဲ့ဒီ ဆောင်းနေ့လေး…ကျွန်တော် မှတ်မိပါသေးတယ်…ကျွန်တော် သူ့ကို ချစ်တယ်လို့ မပြောရုံတမယ်…ချစ်သူတွေ လိုပြုမူ ဆက်ဆံ ခဲ့တဲ့ အဲ့နေ့လေး…………

……flash back starts………

Lu* Ashii ချမ်းရတဲ့ထဲ မနက်စောစောစီးစီး
bus ကားစောင့် စီး ရမယ် …ဟင်း ထားပါလေ…Appa တို့နဲ့မတည့်တော့လည်း ကိုယ့်အပြစ်နဲ့ကိုယ်ပဲပေါ့
aww ပြောရင်း bus ကားတောင်လာနေပြီပဲ…

ကျွန်တော် bus'ကားပေါ် ပြေးတက်ပြီး လက်ကိုင်တန်းကို လှမ်းကိုင်လိုက်ပေမယ့်…လက်ကချော်ပြီး ကျွန်တော် လဲကျတော့မလို ဖြစ်သွားတဲ့ အချိန်…
Lu; Ahh Oma !!!

ကျွန်တော် အော်လိုက်မိတယ်…ပြုတ်ကျမှာစိုးလို့ လန့်သွားတာရယ်……ရုတ်တရက် ပွေ့ဖက်ခံလိုက်ရတဲ့ ခါးတစ်ဝိုက်ဆီက လက်တစ်စုံကြောင့်ရယ်……ပါးပြင်ပေါ်ကျလာတဲ့ ခပ်နွေးနွေး အထိအတွေ့တစ်ခုရယ်ကြောင့်……

အားးးးးကျွန်တော်ရှက်လိုက်တာ……ကျွန်တော့် ခါးပေါ်ရောက်နေတဲ့ လက်တစ်စုံ ကOhsehun ရဲ့ လက်တွေ……ကျွန်တော့် ပါးပြင်ပေါ်မှာ အနမ်း လို့ခေါ်တဲ့ အထိအတွေ့ ကို ဆောင်ယူလာတာ Ohsehun ဆိုတဲ့ သူ့ရဲ့ နှုတ်ခမ်းတွေ……

မျက်တောင်တောင်မခတ်တော့ဘူး……အသက်လည်းမရူမိဘူး……အဆမတန် မြည်နေတဲ့ နှလုံးခုန်သံတွေကလွဲရင် ဘာအသံမှလည်း မကြားရတော့ဘူး……အနီးကပ်မြင်နေရတဲ့ သူ့မျက်နှာလေး ကိုသာ စိုက်ကြည့်မိတယ်……

သူ့ရဲ့ ရုပ်ရည်လား?…ပြည့်စုံတယ် ဆိုတာထက်ကို ပိုပါတယ်……ပထမဆုံး ရင်ခုန်အောင်ပြုစားပြီးကြည့်တတ်တဲ့ သူ့မျက်ဝန်း…
သွယ်တန်းနက်မှောင်နေတဲ့ မျက်ခုံးနှစ်သွယ်ကြားက ပြေပြေလေး ဆင်းလာတဲ့ နှာတံလေး……စွဲမက်စေတဲ့ အနမ်းတွေကို ပြုလုပ်ပေးမယ့် နှုးညံ့နီထွေးနေတဲ့ နှုတ်ခမ်းသားနှစ်လွှာ……ဖြူဖွေးကြည်လင်နေတဲ့ သူ့မျက်နှာကို ယောက်ျား ပီပီသသ ဆွဲဆောင်မှု ရှိအောင်ဖန်တီးပေးထားတာက Vshape jaw line လေး……

I hate  but  i  love......Where stories live. Discover now