Chapter (1)

285 11 4
                                    

Junghee's POV~

မှောင်မိုက်နေတဲ့ အဝေးပြေးလမ်းမကြီးတစ်ခု....

အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေဆဲပဲ....

ကားပေါ်က လူတွေအားလုံးလည်းနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည်။

အိပ်မပျော်ဘဲ ကားပြတင်းပေါင်ပေါ် ကနေ အပြင်ဘက်ကို လှမ်းကြည့်နေသူက Junghee....

ကားမှန်တွေက ရေငွေ့ရိုက်ထားတော့ အပြင်ကို ဝိုးတိုးဝါးတားသာမြင်ရသည်။

"ဪ အပြင်မှာ နှင်းတွေ တော်တော်ကျနေမှာပဲ..."

Junghee တစ်ယောက် ရေရွတ်လိုက်မိသည်။

ရုတ်တရက်....

ဝိုးတိုးဝါးတား ဖြစ်နေတဲ့ ကားမှန်ကနေ အလင်းရောင် စူးစူးလေးကို လှမ်းမြင်လိုက်ရသည်။

ဪ.... လူတွေပြောပြောနေတဲ့ Seoul မြို့ဆိုတာ ဒါကြီးပါလား....

နောက်ဆုံးတော့ ငါလည်း Seoul ကို ရောက်ဖူးပြီပေါ့....

"နောက် ၁၀ မိနစ် လောက်နေရင် အဝေးပြေးကားဂိတ်ကိုရောက်ပါတော့မယ်။ ခရီးသည်များ အဆင်သင့်ပြင်ထားကြပါ။ မိမိမှာ ပါလာတဲ့ ပစ္စည်းများကို သေသေချာချာစစ်ပြီးမှ ဆင်းကြပါ။"

Junghee လည်း သူ့အတွေးတွေကို လက်စသတ်လိုက်ရင်း နားက နားကြပ်ကို ဖြုတ်ပြီး သူ့အိတ်ထဲ ထည့်လိုက်သည်။

သူ့မှာလည်း အဝတ်အစားက သိပ်ထည့်စရာမရှိတော့ ခရီးဆောင်အိတ်တစ်လုံးပဲ ယူလာခဲ့သည်။

ဒီအိတ်တစ်လုံးထဲပဲ အဝတ်အစားတွေရော ဖုန်းရော မိတ်ကပ်ပစ္စည်းတွေရော စုပြုံပြီးထည့်ရတော့ သိပ်တော့ အဆင်မပြေ...

နောက်တော့ ခရီးသည်တွေ အကုန်လုံးလည်းနိုးပြီးလှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။

သူ့ဘေးက အဒေါ်ကြီးကလည်း ဆင်းဖို့ပြင်နေပြီ။

"သမီး Arjuma ကို ဟိုအပေါ်က အိတ်လေးယူပေးပါလား"

"Ahh.... Nae... Arjuma...."

Ahh.... ဟုတ်တာပေါ့...
အိတ်တွေထားတဲ့ စင်ကို သူဘယ်မီပါ့မလဲ...
သူ့ဘေးနားက Arjuma က အရပ် ပုပုလေးရယ်...
ရုတ်တရက် SHINee ထဲက Jonghyun ကိုတောင် ဘာမဆိုင် ညာမဆိုင် သတိရမိသေးသည်။

Only OneWhere stories live. Discover now