True Love Company အလွန်နာမည်ကြီးတဲ့အလှကုန်ပစ္စည်းတွေထုတ်လုပ်တဲ့companyပေါ့ မိန်းကလေးတိုင်းသဘောကျတဲ့အလှကုန်ပစ္စည်းတွေကို ထူးခြားတဲ့အမြင်တွေနဲ့ပြုလုပ်တာကြောင့် နာမည်ကြီးတယ် လူတိုင်းစိတ်ဝင်စားတယ်
ပြီးတော့နောက်ထပ်လူတိုင်းစိတ်ဝင်စားတာကတော့ အဲ့ဒီcompanyကိုအုပ်ချုပ်နေတဲ့CEOကြောင့်ပဲ Edison Haung အသက်22နဲ့company တစ်ခုလုံးကိုလည်ပတ်အောင်အဆင်ပြေအောင်အုပ်ချုပ်နိုင်တယ်လေ ဖခင်ကွယ်လွန်ပြီးတော့ဒီရာထူးကိုဆက်ခံခဲ့တယ် ဒီရာထူးမှာသူအလုပ်လုပ်တာ 1နှစ်ကျော်ကျော်ပဲရှိသေးတယ် အစကတော့share memberတွေကတော့ငယ်တယ်ဆိုပြီးအထင်မကြီးကြပေ ဒါပေမဲ့သူလက်ထပ်မှာcompanyအကျိုးစီပွားကတိုးလာတာကြောင့် သူဟာ အရေးပါအရာရောက်သူဖြစ်လာတာပေါ့
~~~~~~~~~~~
'CEO'
Edi-အင်း ပြော sehun
hun-အခုအသစ်ထုတ်တဲ့ cosmatic အတွက်modelတွေပါ CEO အဆင်ပြေမယ့်သူကိုရွေးပေးနိုင်မလား
Edison ဓာတ်ပုံတွေကိုတစ်ပုံချင်းစီကြည့်ပြီး
Edi-membersတွေက ဘယ်သူ့ကိုသဘောကျကြလဲ
hun-အင်း မဲအများဆုံးပေးကြတာကတော့ ဒီလူပါ နာမည်က Wu Yi Fanပါ အသက်က 25ပါ ရုပ်ချောပြီး လက်ရှိမှာ showတစ်ချို့မှာလျှောက်ဖူးပါတယ် CEOကအသစ်တွေကိုလိုချင်တယ်ဆိုတော့
Edi-အင်းမဆိုးပါဘူး memberတွေလည်းသဘောကျတယ်ဆိုတော့ ခေါ်လိုက်ပေါ့ ဒါနဲ့တခြားcompanyနဲ့ စာချုပ်ချုပ်ထားမထား စုံစမ်းပါ ငါသူ့ကိုပင်တိုင်modelအဖြစ်သုံးချင်တယ်
hun-ဟုတ်ကဲ့ ကျွန်တော်စုံစမ်းလိုက်ပါ့မယ် တကယ်လို့ရှိရင်စာချုပ်ချုပ်လိုက်ရမလား
Edi-အင်း ချုပ်လိုက် ငါတို့နဲ့အလုပ်လုပ်နေစဉ်မှာတခြားဟာတွေနဲ့မရှုပ်စေနဲ့ကြားလား
hun-ဟုတ်ကဲ့ ဒါဆိုသွားခွင့်ပြုပါဦး
sehunထွက်သွားတော့မှ Edison တင်းမာထားသမျှက်ုလျော့ချလိုက်တော့သည်
Edi- ဟူးးးးးးး CEOဖြစ်ရာမလွယ်ပါလား ပင်ပန်းလိုက်တာ
Edison တစ်ယောက် သူထိုင်နေတဲ့အလုပ်စားပွဲကနေထကာ တစ်မြို့လုံးကိုမြင်နေရတဲ့ပြတင်းပေါက်ဆီကိုလျှောက်သွားပြီး အပြင်ကိုငေးကြည့်နေတယ် ပြတင်းပေါက်ကမှန်တွေအပြည့်ကာထားတာမို့ တိုက်ပေါ်ကကြည့်ရင် အောက်မှာလူတွေကားတွေသွားတာကို သေးသေးလေးသာမြင်နေရတယ်လေ
သူဒီလိုခံစားချက်ကိုကြိုက်တယ် လူတိုင်းရဲ့အပေါ်မှာရပ်နေရသလိုပေါ့ ဒီလိုနေနိုင်အောင်လည်းသူကြိုးစားလာခဲ့တာ သူမာနတော့မကြီးပါဘူး ဒါပေမဲ့သူ့ကိုပေါ့ပျက်ပျက်လို့ထင်မှာစိုးလို့သာတည်တည်တင်းတင်းနေနေတာ တခြားလူငယ်တွေ လူငယ်ဘဝကိုပျော်ပျော်ကြီးကုန်ဆုံးနေချိန် သူကစာရင်းစာရွက်တွေ ဂဏန်းပေါင်းစက်တွေကြားမှာပျော်မွေ့နေတာလေ တချို့ကသူ့လိုငယ်ရွယ်တဲ့သူကို အထင်ကြီးသလို့ တချို့ကမလိုမုန်းထားတယ် ဟွန့် အရေးလား ကိုယ်လုပ်စရာရှိတာလုပ်တာပဲ Edison Haung တစ်ယောက်ပြတင်းပေါက်ကနေကြည့်ရင်ပေါ်နေတဲ့သူအရိပ်ကို ခပ်မဲ့မဲ့ပြုံးပြီးကြည့်နေတော့သည်