Forgive me & Love me
Ep-12
Tao'pov
Wu Yifanဆိုတဲ့လူကြီးဘာတွေကျိတ်လုပ်နေတာလဲ လက်ထပ်ချင်တော့လည်းသူ့အပြင်မရှိ တကယ်တမ်း လက်ထပ်ဖို့စီစဉ်ပြီး လက်စွပ်ရွေးကြမယ်ဆိုတော့ ဟိုလှည့်ဒီလှည့်နဲ့ လူကိုတန်ဖိုးမထားတာလား ဘာလဲ ခုထိအ၀တ်အစား အခမ်းအနားဘာအတွက်မှ သူမပြင်ဆင်ရသေးဘူး တစ်ရက်ချင်းကုန်ဆုံးလာလေ စိတ်ကတိုလာလေ
ခုလည်းကြည့် မိုးမလင်းခင်ထွက်သွားပြန်ပြီ ဘယ်ထွက်သွားလည်းဆိုတာတစ်ယောက်မှမသိလိုက် လိုက်ချောင်းရင်ကောင်းမလား မဖြစ်သေးပါဘူး ငါကကောဘာဖြစ်နေတာလဲ စိတ်တွေတိုတယ်နော်
ခုသူ့ကိုအမိဖမ်းဖို့စောင့်နေတာ ညနေတောင်စောင်းနေပြီ ပြန်မလာသေးဘူး သူအရင်လိုခြေပြန်ရှုပ်နေတာလား ကိုယ့်အိပ်ခန်းမှာကိုယ်ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ရင်တွေပူနေပြီ တဖြည်းဖြည်းနဲ့ အချိန်က ၁၁ကျော်လာပြီ
ဟင် ကားသံ ပြန်လာပြီထင်တယ် ပြတင်းပေါက်ကနေခြံထဲကြည့်တော့ ကားတစ်စီး သူအိမ်ကနေစီးသွားတုန်းက ကားမဟုတ်ဘူး ဘယ်သူလဲလိုက်ပို့တာ ရယ်မောနေကြတာ မောင်းတဲ့သူနဲ့ သူနဲ့ ရယ်သံအရ မိန်းမတစ်ယောက်လား မိန်းမတစ်ယောက်နဲ့ပြန်လာတာပေါ့
အမလေး ထွက်သွားတဲ့ကားကိုလက်ပြနေတာ မပြီးတော့ဘူး အဲ့လောက်ဖြစ်နေလိုက်သွားပါလား စိတ်တိုတယ် မျက်နှာက သကာရည်လောက်ထားတဲ့အခွက်နဲ့ ကြည့်လို့ကိုမရဘူး ဟင်းနော်စိတ်ပေါက်ပေါက်နဲ့ ခုတင်ပေါ်တက် စောင်ကိုခေါင်းထိလုံအောင်ခြုံပြီး ငြိမ်နေပေမယ့် အတွေးတွေက ကယောက်ကယက် ငါများမူနေမိလို့တစ်ခြာ်းတစ်ယောက်စီစိတ်လည်သွားတာများလား
'Knock Knock'
'Tao erအိပ်ပြီလား'
ဟွန့်လူဆိုးကြီး ခုမှဘာလာလုပ်မလို့လဲ ချော့တာလား လုံးဝပဲ 😤😤