Forgive me and Love Me
Ep-8
'လွှတ်စမ်း Wu Yifan ငါပြန်မယ် တံခါးဖွင့်ပေး'
'No မဖြစ်နိုင်ဘူး မင်းကိုခေါ်လာတာ ပြန်လွှတ်ဖို့မှမဟုတ်တာ ငါနဲ့အတူတူနေဖို့ခေါ်လာတာ'
'မဖြစ်နိုင်လုပ်တာ မင်း ငါမဟုတ်ဘူး ငါပျောက်သွားရင် ငါ့ကိုစိတ်ပယနေကြလိမ့်မယ် ငါ့အလုပ်ကိစ္စ. ငါရင်းနီးထားတာတွေ ငါအဆုံးရှုံးမခံနိုင်ဘူး ဖွင့်ပေးစမ်းဆို တံခါးကို'
Taoတံခါးကိုတဒုန်းဒုန်းထုကာအော်နေတော့တာ Yifanကတော့ တခါးအပြင်ဖက်နေလှမ်းအော်ကာလုပ်စရာရှိတာဆက်လုပ်နေတယ်
Yifan Taoကိုအခန်းတစ်ခန်းထဲ ထည့်ကာသော့ခတ်ထားပြီး သူတို့အတူတူနေမယ့်အခန်းအတွက်ပြင်နေရတာ
ရောက်တုန်းကလည်း Taoကို သူခေါ်ထားတဲ့Body Guardတွေခြံရံပြီးအခန်းထဲမနည်းထည့်ရတယ် ခုလည်း အဲ့guardတွေကိုလိုတာတွေယူခိုင်း အိပ်ခန်းကျယ်မှာ ပြင်ဆင်သင့်တာပြင်ဆင်ခိုင်းရတယ် ရုတ်တရက်ခိုးလိုက်ရတာဆိုတော့ ဘယ်လိုမှအဆင်သင့်မရှိ မတက်နိုင်ဖြစ်အောင်တော့လုပ်ရမှာပဲအားလုံးပြီးစီးတော့ ညနေစောင်းနေပြီ Taoလည်းဘာသံမှမထွက်တော့ ညနေစာပါတခါတည်းပြင်ထားလိုက်ကာ တပည့်၂ယောက်သာနေခဲ့ခိုင်းလိုက်ပြီး ကျန်တာကိုပြန်လွှတ်လိုက်ရတယ်
'Tao Tao er ကိုယ်ဝင်လာမယ်နော်'
Yifanကိုယ့်ကိုယ်ကို 'ကိုယ်'လို့သုံးမိတာကြောင့် ပြုံးမိသွားတယ်ခိခိ 😊😊
'Tao er?ဘယ်ရောက်နေပါလိမ့်'
Yifanလှည့်ပတ်ရှာတာမတွေ့ နောက်ဆုံး ပြတင်းပေါက်ကနေ စောင်ကိုဖြဲ တစ်စနဲ့တစ်စထုံးထားတဲ့ကြိုး ပြတင်းပေါက်ကနေချထားတာ ထွက်ပြေးသွားတာပေါ့😱😱😱
'ဟာကွာ ဟေ့ကောင်တွေ လာစမ်း'
ချက်ချင်းရောက်လာတဲ့တပည့်တွေကို
'သွား ခုချက်ချင်းရှာလာခဲ့ ကားလည်းမယူသွားဘူး မြို့နဲ့မပြောနဲ့ ရွာတောင်အတော်ကြီးဝေးအောင်ကားမောင်းရတာ လမ်းလျှောက်ဆိုတော့ညောင်းနေတော့မယ် မြန်မြန်ရှာကြ'