Forgive Me & Love Me
Ep-9
ပခုံးတစ်ဖက်ကလေးလံမှုနဲ့ မျက်နှာပေါ်ဖျာကျနေတာနေရောင်ကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ လက်မောင်းပေါ်မှာ အိပ်မောကျနေတဲ့ Taoလေး
ညက လမ်းလျှောက်ရတာများသွားလိုထင်တယ် ပင်ပန်းပြီးမနိုးသေးဘူး ပါးစပ်လေးဟပြီး အသက်ရှုသံတိုးတိုးလေးထွက်နေသေးတယ် companyမှာတွေ့နေကျလို ဆံပင်ကိုjelနဲ့လှန်ထားတာမဟုတ်ပါပဲ နဖူးလေးပေါ်ဖွာကျနေတာ
Yifan ဆံပင်လေးကိုမတင်လိုက်ကာ နဖူးပြောင်ပြောင်လေးကို ငုံ့နမ်းမိတယ် မနိုးဘူး ဟနေတဲ့နှုတ်ခမ်းလေးကို နမ်းလိုက်တယ် မနိုးဘူး'Keke😄😄'
Taoနိုးနေချိန်ဆို ဒီဘိုအခွင့်အရေးရမယ်မထင် ကိစ္စမရှိဘူး အနုနည်းမရ အကြမ်းနည်းပေါ့ (နမ်းမှာကနမ်းမှာပဲကို😒😒😒'
ဒီလိုအခြေအနေဖန်တီးပေးတဲ့Sehunနဲ့Luhanကိုသာ ကျိတ်ကျေးဇူးတင်နေမိတယ်
~~~~~~~~~~~~~
'မင်း ဘာပြောတယ် Taoကိုစိတ်ထိခိုက်အောင်ဘုပ်တာ မင်းပေါ့ တောက်😡😡😡'
Sehun သူ့ရှေ့ထိုင်နေတဲ့Yifanကိုဆွဲထိုးဖို့ ကော်လံစကိုစောင့်ဆွဲတော့ Luhanက ပျာပျာသလဲတားတယ် လူတွေနဲ့လေ
'Hun Hunna တော်ပါတော့ လူတွေနဲ့ Yifanက celebrity နော် တော်ပါတော့ စိန်လျော့ပါHunရယ်'
Luhanအတင်းဝင်ဆွဲတော့မှ Sehun ဒေါသတွေကိုတော်တော်လေးထိန်းချုပ်ကာ ထိုင်ချလိုက်တယ်
'ငါတကယ်ကိုတောင်းပန်ပါတယ် ငါမှားခဲ့တာတွေလည်းသိပါတယ် ငါTaoကိုတောင်းပန်မှာပါ သူ့ခွင့်လွှတ်မှုကိုရအောင်ငါကြိုးစားမှာပါ အဲ့ဒါကြောင့်ငါ့ကို မင်းတို့ကူညီပေးကြပါလို့ ငါဒီလိုပြောလို့ ငါတကယ်အရှက်မဲ့မှန်းသိပါတယ် ဒါပေမဲ့ ငါTaoကိုတကယ်ချစ်တယ်ဆိုတာကိုမင်းတို့သိပေးပါ'
Sehunကလည်း ဘာမှမပြောတော့ Luhanကလည်းတိတ်ဆိတ်စွာနဲ့ငြိမ်နေတယ်