Part-4

655 56 4
                                    

Taoမျက်နှာပေါ်ကျလာတဲ့နေရောင်စူးစူးကြောင့် လက်လေးနဲ့ကာလိုက်ပြီး နေရောင်လွတ်အောင်တစ်ဖက်သို့စောင်းအိပ်လိုက်တာ ခပ်တိုးတိုးညည်းညူးသံနဲ့အတူ တင်းကျပ်စွာပွေ့ဖက်လာတဲ့အထိအတွေ့ကြောင့် ကြောင်အမ်းအမ်းဖြစ်လာရတယ် (မျက်လုံးမဖွင့်ရသေးဘူးနော်)
ပြီးတော့ပါးပြင်နဲ့နှာခေါင်းကိုဖြတ်တိုက်သွားတဲ့လေနွေးနွေးကြောင့် မျက်လုံးကိုကမန်းကတန်းဖွင့်ကြည့်တော့ အဝတ်တစ်စမကပ်တဲ့ရင်ဖတ်နဲ့လည်တိုင် အပေါ်ထပ်မော့ကြည့်တော့

'ဟင် Wu Kris'

Taoကိုယ့်ခန္ဓာကိုယ့်ငုံ့ကြည့်တော့ ဘာဆိုဘာမှဝတ်မထား
သွားပြီ နေဦး ညကငါဘာဖြစ်တာလဲ
အာ သိပြီ ဆေးခတ်ခံရတာ ဟုတ်တယ် ဘယ်သူလုပ်တာလဲ Tao Krisရဲ့ရင်ခွင်ထဲမှာပဲငြိမ်နေရင်းတွေးနေမိတာ

'နိုးပြီလားTao'

Taoမော့ကြည့်တော့ သူ့မျက်နှာနဲ့ကပ်ဖို့နည်းနည်းပဲလိုတော့တဲ့အကွာအဝေးကြောင့် ခေါင်းကိုနောက်ဖက်နည်းနည်ူဆုတ်လိုက်ပြီး ထထိုင်ဖို့ပြင်တော့ KrisကTaoအကြံကိုသိနေသည့်အလား ပခုံးကိုဆွဲဖက်ပြီးရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ထားလိုက်တော့သည်

'အင့် ဘာလုပ်တာလဲ လွှတ်စမ်းပါ'

'မလွှတ်ဘူး ဘယ်အကြောင်းနဲ့မှမလွှတ်ဘူး'

'Wu Krisငါပြောနေတယ်နော် လွှတ်စမ်း ငါမင်းအလုပ်ရှင် ငါအမိန့်ပေးနေတယ် ခု လွှတ် အာ့'

အတင်းရုန်းကန်နေတာ ခါးစပ်နားကနာကျင်မှုကြောင့်Taoအော်မိတယ်

'Tao နာနေလား အဆင်ပြေရဲ့လား Sorry ညကတော်တော်လေး'

'တိတ်စမ်း ဆက်မပြောနဲ့'

Taoမျက်နှာလေးရဲပြီးအရှက်သည်းစွာအော်တော့ Krisတစ်ယောက်ရယ်လေသည်

'ရှက်တယ်ပေါ့ ညကFan Fanဆိုပြီးခေါ်နေတာဘယ်သူလဲ'

Taoအတောင့်လိုက်လေး Fan Fanလို့ခေါ်တယ် ဘာလို့'

'ပြောလေ ကိုယ့်နာမည်ကိုဘာလို့အော်နေလဲ'

'ဘာဆိုင်လို့ ဒါခင်ဗျားနာမည်မှမဟုတ်တာ'

KrisကTaoကိုဖက်ထားရက်နဲ့ထထိုင်လိုက်ကာ

'မင်းကိုယ့်ကိုမမှတ်မိဘူးလား ကိုယ်Wu Yifanလေ မင်းရဲ့Fan Fanလေ'

'ဘာ ဘာပြောလိုက်တယ်'

လိမ်နေတာ မဖြစ်နိုင်ဘူး သူကဘယ်လိုလုပ်ပြီးKrisဖြစ်နိုင်မှာလဲ

'မဟုတ်ဘူး ခင်ဗျားလိမ်နေတာ သူက'

'မင်းကိုချစ်တယ်လေ ဟုတ်တယ်မလား'

ပြောပြောဆိုဆိုနဲ့Kris Taoကို ဆွဲလှည့်ကာ နှုတ်ခမ်းလေးကိုညင်ညင်သာသာအနမ်းပေးလေတယ်

'ကိုယ်မှားခဲ့တာတွေကိုပြန်ပေးဆပ်ဖို့လည်းပါတယ် ဆိုတာမင်းသိထားပေးပါ ခုကစပြီးမင်းကကိုယ့်အပိုင်ပဲ Tao er

~~~~~~~~~~~~~

Yo! I'm back!

ပြန်လာပြီဖြစ်ကြောင်းလာအသိပေးတာ တိုသွားတယ်နော် ညီမတစ်ယောက်ကဆက်ရေးပေးပါဆိုလို့အားတက်ပြီးရေးပေးတာ  အားပေးကြပါလို့

Forgive me and Love meTempat cerita menjadi hidup. Temukan sekarang