Kris ခန်းမကိုပြန်လာမလို့လှည့်ထွက်လိုက်ခါမှပြန်ပုန်းလိုက်ရသည် ဘာလို့ဆို ရှေ့နားခပ်လှမ်းလှမ်းကနေအမောတကောပြေးလာတဲ့သူတို့CEOကြောင့်ပါ ဘာလို့ပါလိမ့် သူကြည့်ရတာမူးနေသလိုပဲ ကြောက်လည်းကြောက်နေသလိုပဲ သူEdisonကြည့်နေရာကိုလှမ်းကြည့်လိုက်တော့ ခပ်ဟော့ဟော့မိန်းမတစ်ယောက်နဲ့လူနှစ်ယောက်ပြေးလာတာတွေ့လိုက်သည် သူလည်းစဉ်းစားမနေတော့ဘဲ သူပုန်းနေရာနားကိုရောက်လာတဲ့ကောင်လေးကို လှမ်းဆွဲပြီးဖွက်ထားလိုက်တယ် လန့်သွားတယ်ထင်တယ် အတင်းတွန်းကန်နေတာကြောင့်နားနားတိုးကပ်ကာ သူဘယ်သူဆိုတာပြောတော့မှ ငြိမ်ကျသွားသည်
kris-Edison ကျွန်တော်ပါ kris ဘာဖြစ်လို့လဲ ဘာလို့အသည်းအသန်ပြေးနေတာလဲ ပြောပါဦး
Edi-မမေးပါနဲ့ ဘာမှမမေးပါနဲ့ ခုလောလောဆယ် ဟိုလူတွေလက်ကနေလွတ်အောင်ကူညီပါလား ဟင်
kris-လာ ဒီဘက်ကို ဒီနားနီးစပ်ရာကျွန်တော့အခန်းကို
Edison မောဟိုက်လွန်းလို့ထင်သည် ခေါင်းသာငြိမ့်ပြသည် သူ Edisonကိုတွဲခေါ်ကာအခန်းရှိရာကိုခေါ်လာခဲ့သည် တကယ်ကပ်သီးလေးသာ ခုနကလူတွေသူတို့တွေအခန်းထဲရောက်မှ သူတို့ပုန်းခဲ့တဲ့နေရာနားရောက်လာကြသည်
အထဲရောက်တော့ krisကEdisonနေသာအောင် မွေ့ယာပေါ်တင်ပေးခဲ့ကာ ဘေးကနေစောင့်ကြည့်လိုက်သည် သူသယ်ခဲ့တုန်းက Edisonခန္ဓာကိုယ်ကထူးထူးဆန်းဆန်းအေးစက်နေတာကိုလေ နေမကောင်းဘူးလား
kris-CEOနေလို့ကောင်းရဲ့လား ဘာလုပ်ပေးရမလဲ
Edison နေရထိုင်ရတာ နေမထိထိုင်မသာဖြစ်လာသည် ခုနကကြောက်လန့်တကြားပြေးနေရတုန်းကမသိသာပေမယ့် ခုသွေးအေးနေတဲ့အခါကျတော့ ဆေးကသိသိသာသာကို အစွမ်းပြလာတယ် ဒါမဲ့
Edi-အင်း ခေါင်းကိုက်နေတယ် ဆေးလေးသွားရှာပေးပါလားဟင် ဆေးသောက်လိုက်ရင်ပိုကောင်းလာနိုင်မယ်ထင်တယ် ယူပေးပါနော်
kris-အင်း ဒါဆိုခဏစောင့်နော် ကျွန်တော်ဆေးသွားဝယ်လိုက်ဦးမယ် ခဏစောင့်
Edi-အင်း
Edison ဆီကခွင့်ပြုချက်ရတာနဲ့ လစ်ခနဲပြေးသွားကာ ဆေးပေးခန်းကိုဦးတည်သွားတော့သည်