5

559 49 2
                                    

Taoထိုနေ့ကစပြီး companyရောက်ရင်လည်းရုံးခန်းထဲမှာသာနေပြီးဘယ်ကိုမှမသွား အလုပ်တွေကိုသာဖိလုပ်နေတာ ၁လနီးပါးရှိနေပါပြီ နေ့လယ်စာလည်းအရင်လို canteenတို့ အပြင်တို့မှာစားတာမလုပ်တော့ဘဲ ကိုယ့်အခန်းမှာပဲစားနေလို့ Sehunခဗျာ တအံ့တသြ သူအံ့သြတာမတက်နိုင်လောလောဆယ် Wu Krisနဲ့မတွေ့ဖို့ကအရေးကြီးတယ်

ဟိုးအရင်တစ်ခါကလိုနာကျင်မှုမျိုးထပ်မလိုချင်တာဆိုပိုမှန်မယ်ထင်တယ်

~~~~~~~~~~~~~~

ကျွန်တော်ဟိုးအရင်တုန်းကWu Yifanလို့နာမည်ရတဲ့သူကိုသေလောက်အောင်ချစ်ခဲ့တယ် ဘယ်လောက်ထိချစ်သလဲဆိုရင် သူခိုင်းသမျှအားလုံးကိုလုပ်ပေးတဲ့အထိပါပဲ သူကသူသဘောကျတဲ့ကောင်မလေးတိုင်းကိုရည်းစားစာပေးခိုင်းတယ် ပြီးတော့ဖြတ်မယ်ဆိုရင်လည်းဖြတ်စာပို့ပေးရသူပေါ့
သူဟာ ကျွန်တော်သူ့ကိုသဘောကျတယ်ဆိုတာသိသိကြီးနဲ့ ခိုင်းတယ် ကျွန်တော်ကလည်းသူခိုင်းတာမှန်သမျှကို ကြားထဲကနေ သူ့အစားပါးအရိုက်ခံရတဲ့အထိကို လုပ်ပေးခဲ့တာပါ
ဒါပေမဲ့လူဆိုတာ နှိမ်ပါများရင် ချိုးပါများရင် ပေါက်ကွဲထွက်တတ်တာ စိတ်နာလွယ်တတ်တာကို သူမသိခဲ့ပါဘူး

သူဟာတစ်နေ့ကျွန်တော့ကိုclupတစ်ခုကိုခေါ်သွားတယ် ဘာနာမည်လဲ ဘာလဲမသိချင်ပါ သူခေါ်ရာနောက်တကောက်ကောက်လိုက်ခဲ့တာပါပဲ ဒါဟာကျွန်တော့ရဲ့ပထမဆုံးအမှားပါပဲ

ဟိုရောက်တော့သူက သူဝသီအတိုင်းကောင်မလေးတွေနဲ့အပျော်ကျူးနေခဲ့တာ ကျွန်တော်ကသူနဲ့တစ်ဝိုင်းတည်းထိုင်နေပေမယ့် သူ့ကိုထိုင်ငေးနေရုံသာ ဒါကို သူ့ကောင်မလေးကမြင်တော့

'hey You ဒါyou's puppyလား'

'အင်း ဟုတ်တယ်လေ'

'ဘာလို့ခေါ်လာတာလဲကွာ အာရုံနောက်အောင် တကယ်ပါပဲ'

'ဝေးဝေးသွားခိုင်းလိုက်ရမလား'

'အင်းသွားခိုင်းလိုက်'

Yifanသူ့ကောင်မလေးစကားကိုနာခံစွာပဲ

'Tao ဟိုနားမှာနေပါလား ငါတို့လွတ်လွတ်လပ်လပ်နေချင်လို့'

သူလက်ညှိုးညွှန်ရာကြည့်လိုက်တော့ dancing floor ကိုဖြတ်ပြီးသွားရမယ့်နေရာ လူတွေဒီလောက်သွားလာနေတာကျွန်တော်ကြောက်တယ်

Forgive me and Love meDonde viven las historias. Descúbrelo ahora