Chapter 1

501 34 0
                                    

Nika ဒီနေ့လည်း basket ball ခန်းမ ထဲက ပွဲကြည့် စင် နောက်ဆုံးခုံ မှာ ထိုင်နေပြန်တယ်။
အမှန်တော့ basket ball ပွဲ ကြည့် ချင် လို့ ထိုင်နေတာ မဟုတ်ပါဘူး။
basket ball ကစားမယ့် သူကို ကြည့် ချင် လို့ ထိုင်စောင့်နေတာပါ။

Nika သူကို့ စောင့်ကြည့် နေတာ အခုမှမဟုတ်ဘူး။ အထက်တန်း ကျောင်းမှာ ကတည်း က လေ။ ကျောင်းပေါင်းစုံ basket ball ပြိုင် ပွဲ မှာ စ တွေ့ ခဲ့ ကတည်းက သူ့ကို ဘယ်လိုမှမေ့ လို့မရ ခဲ့ဘူး။
ကျောင်းချင်း မတူပေမယ့် သူတက်နေတဲ့ ကျောင်းရှေ့ ကို မ ယောင် မလည်နဲ့ အမြဲ ရောက်ဖြစ်တယ်။
အခု ဆို သူ့ ကို တိတ်တိတ်လေး ကြွေလာ ခဲ့တာ ၃ နှစ်လောက်တောင် ရှိတော့မယ်။
basket ball အသင်းသား တွေ ခန်းမထဲ ဝင် လာ ကြပါပြီ။
ဒါပေမယ့် Nika စောင့် နေတဲ့ Hoya ပါမလာပါဘူး။
ဘာဖြစ်လို့ ပါလိမ့် Nika စိတ်ပူသွားတယ်။ နေများမ ကောင်းလို့လား။
basket ball ခန်းမထဲ က နေ Nika ထွက်လာခဲ့ တယ်။ Hoya မပါတော့ ကြည့်ရမှာ လုံးဝစိတ်မပါဘူးလေ။
ဒါပေမယ့် ခန်းမရဲ့ အပြင် ဘက် လှေကား ထောင့် နားလေး မှာ စိတ်ပျက်နေတဲ့ ပုံစံ နဲ့ ထိုင်နေတဲ့ Hoya ကို တွေ့ လိုက် ရတယ်။
Hoyaရဲ့ ပုံက တစ်ခုခုကို အရမ်းစိတ်ညစ်နေ သလိုပဲ။
ဘာဖြစ်နေတာလဲ လို့ Nika သွားမေးကြည့် ချင် တာပေါ့။
ဒါပေမယ့် မ မေးရဲဘူး။
Nika မှာ မွေးရာပါ အားနည်းချက် တစ်ခု ရှိတယ်။အဲ့ဒါ က တော့ လူတွေကို Nika ဘက်က စပြီး စကားမ ပြောရဲတာပဲ။ ဒါကြောင့် Nika က မိတ်ဆွေ အ ပေါင်းအသင်းရော လူသိရော နည်းတယ်။်
Hoya က တော့ Nika နဲ့ တခြားဆီပါ။ Hoya က basket ball ကစားတဲ့ နေရာ မှာ အရမ်းတော်လို့ ကျောင်းမှာ နာမည်ကြီး တယ်။
နာမည်ကြီး basket ball club တစ်ခု မှာတောင် သိပ်မကြာသေးခင် ကမှ အ ရွေးခံထားရတာ။
ရုပ်ချောပေမယ့် မာနမကြီးဘဲ ပျော်ပျော် နေတက်တယ်။
Hoya ရဲ့ ဘေးနားမှာ ကောင် မ လေး ချောချော တွေဝိုင်းနေတာပဲ။
Nika လို ကောင် မ လေး ကို Hoya ဘယ်တောာ့ မှ သတိထားမိမှာ မဟုတ်ပါဘူး။
'ငါ တစ်သက်လုံး တစ်ဖက်သတ် ပဲ ချစ်နေ ရ တော့မှာလား' အဲ့ဒီ့ အ တွေး ကြောင့် Nika ဝမ်းနည်းသွားတယ်။
မှန်ထဲ မှာ ကိုယ့် ရုပ် ကိုယ် Nika ပြန်ကြည့် လိုက်တယ်။ အရပ်က ၅ ပေ ၂ လောက်. အသားအ ရေက ဖြူလျော့လျော့ နဲ့ .' ဒါပေ မယ့် ငါ့ ရုပ်လေး က နည်းနည်းတော့ cutie ဖြစ်ပါတယ်လေ'လို့
ကိုယ့် ကို ကိုယ် အားပေးလိုက်ပြီး ဂုတ်ဝဲ ရုံ လောက်တာ ရှည်တဲ့ အညိုရောင် ဆံပင်တွေကို စည်း နှောင် လိုက်တယ်။
ပြီးတော့ laptop ဖွင့် လိုက်ကာ Nika အသင်းဝင် ထားတဲ့ International Magic Club မှာ ဘာတွေများ ထူးခြား လဲလို့ ကြည့်လိုက်သည်။
Nika အ ကောင့်ထဲကို ထူးခြားတဲ့ Message တစ်စောင် ရောက်နေ၏။
'Try it, really work ဆိုပါလား' ဖွင့်ကြည့် လိုက်တော့ 'Love Spell' တစ်ခုဖြစ်နေတယ်။

Nika: ဘာပဲ ဖြစ်ဖြစ် ငါ စမ်းကြည့်မလား လို့
Haru: ဒါပေမယ့် ကြောက်ဖို့် ကောင်းတယ်
နင့်ရဲ့ spell က။ ညဘက်ကြီး လုပ်
ရမှာ နင် တကယ် လုပ်မှာလား
Nika: အင်း ငါတကယ်လုပ်မှာ

မ နေ့ က ရခဲ့တဲ့ spell အ ကြောင်းကို အတန်းထဲမှာ ထိုင် ရင်း Nika ရဲ့ အချစ်ဆုံး သူငယ်ချင်း Haru ကို ပြောပြ နေတာဖြစ်သည်။

Nika: နင် လည်း သိတဲ့ အတိုင်း ပဲ ငါ Hoya
ကို ကြိုက်လာတာ တော်တော်ကြာပြီ
အခုဆို first year တောင် တက်နေပြီ
ဒါပေမယ့် Hoya က ငါ့ကို သတိထားမိ
အောင် လုပ်နိုင် တဲ့ အစွမ်းစ မျိုး ငါ့မှာ
မရှိဘူး ငါ့မှာသတ္တိ လည်းမရှိဘူး
ဒါကြောင့် ငါဒီလို လုပ် ရ တော့ မှာပဲ
Haru: ဒါပေမယ့် .... အေးပါ နင် စိတ်ချမ်းသာ
ရင်ပြီးတာပဲ အများကြီးတော့ မျှော်လင့်
မထားနဲ့ magic spell တွေ ဆိုတာ
တကယ် မဖြစ်နိုင် လောက်ဘူး

ဘယ်သူဘာ ပြော ပြော magic spell တွေ ကို ယုံကြည်တဲ့ Nika က တော့ စမ်းသပ် ကြည့်ဖို့ ဆုံးဖြတ်ထားမိသည်။

နေ့လည်စာစားဖို့ canteen ကို သွားတော့
Hoya တစ်ယောက်ထဲ coffee သောက်နေတာကို တွေ့ လိုက် ရတယ်။
'Sunggyu တို့ Woohyun တို့ လည်း မပါပါလား ဘာဖြစ်လို့ တစ်ယောက်ထဲ ဖြစ်နေတာလဲမသိဘူး' Hoya ရဲ့ မျက်နှာ မ ကောင်း တာ ကြောင့် Nika စိုးရိမ်မိတယ်။

'နင် ဝမ်းနည်းနေတာကို ငါတကယ် မမြင် ချင် ပါဘူး Hoya ရယ်'

My Spell On You (အချစ် ကျိန်စာ)Where stories live. Discover now