Chapter 10

236 29 0
                                    

Hoya: Nika အသက် ရှင်နေ သေးတယ် သူ ပြန်သတိ ရလာအောင် ငါ ဘာလုပ် ပေးရမလဲ?

Hoya စိတ်ညစ် စွာ လမ်းလျှောက်နေ၏။

Songjong: Hoya ကျောင်း မသွား ဘူးလား

Hoya: Aw songjong အေး ငါဒီနေ့ မသွားဘူး

Songjong လက် ထဲမှာ ကိုင် ထားသည့် 'Magic Spells' စာအုပ် ကို Hoya မြင် သွားသည်။

( Songjong ငါ့ကို ကူညီနိုင် လောက်တယ် ) ဟု Hoya တွေး လိုက်သည်။

Hoya: ကျောင်း သွားဖို့ စောပါသေး တယ် ငါနဲ့ Coffee လိုက် သောက်ပါလား မင်းကို မေးစရာ လည်းရှိတယ်

Songjong: ကောင်းသားပဲ

Songjong နဲ့ Hoya တို့ Cafe တစ်ခုထဲ ဝင် သွားကြသည်။

Hoya: ဒါနဲ့ လေ မင်းဟို တစ်နေ့ က ပြောတဲ့ 'Spell of Love' ဆိုတာ တကယ်လို့ Spell လုပ်တဲ့ သူက မ သေသေးဘူး ဒါပေမယ့် ဝိညာဉ် ထွက်သွားတယ်ဆိုရင် ပြန်နိုးလာ အောင် ဘာလုပ် ရမလဲ

Songjong: ဒါက လွယ်ပါတယ်

Hoya: ဘယ်လို လုပ် ရမှာလဲ Snow White
ပုံပြင် ထဲကလို လုပ် ရမှာလား

Hoya စကား ကြောင့် Songjong မျက်နှာ ရှုံ့ မဲ့ သွား၏။

Songjong: ကဗျာ ဆန်ချင်နေ သေးတယ်
အဲ့လို မဟုတ်ဘူး ဝိညာဉ် ကပ်ခံ နေရတဲ့ သူက ဝိညာဉ် ကို မောင်း ထုတ် ရမှာ

Hoya: မောင်းထုတ် ရမယ်?

Songjong: ပ ယောဂ ဆရာ ခေါ် ပြီး မောင်းထုတ် ခိုင်းတာ မဟုတ်ဘူးနော
စကား နဲ့ ပဲ မောင်း ထုတ်ခိုင်းတာ
ရော့ စာအုပ် ဖတ်ကြည့် လိုက် ပြီး ရင် ကျောင်းစာကြည့်တိုက် မှာ ပြန်အပ် ပေး

Hoya: အေးပါ အေးပါ gomawo

Hoya စာအုပ်ကို ပိုက်ပြီး အိမ်ပြန်လာ ခဲ့ သည်။

Nika: Sunggyu ဘယ်လိုနေ သေးလဲ နင် အ နှောင့်ယှက်ဖြစ် မှာစိုးလို့ ငါ လိုက်မလာ တာ

အိမ်ရောက် တာနှင့် Nika က စိတ်ပူစွာ မေးသည်။

Hoya: ကောင်းတယ် လိုက်မလာတာ ငါလည်း နင့် မျက်နှာ မမြင် ချင် ဘူး
Sunggyu ဒီလို ဖြစ် ရတာ နင့်ကြောင့်မလား

Nika: ငါနဲ့ ဘာဆိုင် လို့လဲ

Hoya: နင် ကားတိုက်ခံ ရတဲ့နားမှာပဲ Sunggyu ဆိုင်ကယ်မှောက် တာလေ နင် လုပ်တာ နင် က ငါ့ကို ဒုက္ခ ပေးဖို့ ရောက်လာတာပဲ

Nika: နင် မှားနေပြီ ငါနင့်ကို ကူညီ မလို့ ပါ နင့် appa ပ်ုက်ဆံ တွေ လိမ်သွား တဲ့ သူကိုလည်း ငါ

Hoya: တော်ပြီ

'Magic Spells' စာအုပ်ကို Nika ရှေ့ သို့ Hoya ပစ်ချ လိုက်သည်။

Hoya: အားလုံး အလိမ်အညာ တွေ နင် က Angel လည်း မဟုတ်ဘူး နင် ဒီစာအုပ်နဲ့ ငါ့ကို ပြုစားခဲ့ တာမလား
နင် သွားတော့ ငါ့ဘေးနား က နေ ထွက်သွားတော့

Hoya.က ဒေါသ တကြီး နှင့် အော်ဟစ်နေ၏။

Nika ငိုပြီး Hoya အိမ်မှ ထွက်လာခဲ့သည်။

သို့သော် အလင်းတန်းတစ်ခု က Nika ရှေ့ မှာပေါ် လာပြီး Nika ကို ဆွဲ ယူခေါ် ဆောင် သွား သည်။

Nika မျက်လုံးတွေ ဖွင့်လိုက်တော့ ဆေးရုံ ခန်းတစ်ခု ထဲမှာ ရောက်နေသည်။

Nika ရဲ့ Appa နဲ့ Omma တို့ က လည်း 'Nika သတိရလာပြီ' ဆိုပြီး ဝမ်းသာနေကြသည်။

' ငါပြန် သတိရလာပြီပဲ ဘယ်လိုဖြစ်တာလဲ?'

ပြန်သတိရ လာပေမယ့် Nika ဝမ်းမသာနိုင် ပါ
Nika နှလုံးသားက ဟင်းလင်းပြင် တစ်ခုလို ဖြစ်နေ၏။

My Spell On You (အချစ် ကျိန်စာ)Where stories live. Discover now