Chapter 2

325 31 1
                                    

Magic Heaven ရဲ့ တစ်နေ ရာ မှာ ရှိ တဲ့ Love Spell Station ကို Angel နှစ်ယောက် ဖြစ်ကြ တဲ့ sungyeol နဲ့ L အသစ်ပြောင်းလာကြတယ်။
ရောက်လာလာ ခြင်းပဲ ဖုန်တက်နေတဲ့ ရုံးခန်းကို မြင် လိုက် ရတာ ကြောင့် နှစ်ယောက်လုံး တော်တော်လေး စိတ်ပျက်သွားကြတယ်။

L: တော်တော် ကောင်းတဲ့ နေရာ ကို ပို့လိုက်တာပဲ။

Sungyeol: ဘယ်တက်နိုင် မလဲ ကိုယ့် အပြစ်နဲ့
ကိုယ် ပဲ။ ဖုန်တွေသာ သေချာလိုက်
သုတ်စမ်းပါ။

Sungyeol နဲ့ L က အရင် station မှာ Cupids များ ဖြစ်ကြ သော် လည်း မှားပြီး အောင် သွယ်ပေးမိ သောကြောင်း Love Spell Station ကို ရာထူး ချခံ လိုက် ရတာဖြစ်သည်။

L: ဒါက ဘာ အလုံးကြီးလဲ။

Lက ဖုန်တက်နေ သည့် ဖန်လုံးကြီး တစ်လုံး ကို ကိုင် ရင်းပြောတယ်။

Sungyeol: အော် အဲ့ဒါ ကြီးက spell ရွတ်တဲ့
လူရှိရင် အဲ့ဒီ့ ဖန်လုံး ထဲမှာ ပေါ်လာ
တာလေ။
မသုံးရတာတောင် အ တော်ကြာ
ပြီ ထင် တယ်။
L: အေး လေ ဒီ station ကိုတောင် ပိတ်ထား
တာ ကြာပြီပဲ ငါတို့ ကို တမင် ညစ်ပတ်ပြီး ဒီကို
ပို့.....

L ရဲ့ စကား တောင် မဆုံး သေးဘူး လက်ထဲမှာ ကိုင် ထား တဲ့ ဖန်လုံးကြီး က အလင်း ရောင် တွေထွက်လာပြီး ကောင် မ လေး တစ်ယောက် ရဲ့ ပုံ ပေါ်လာတယ်။

Nika အရဲ စွန့်ပြီး ညဘက်ကြီး အိမ် က နေ ထွက်လာခဲ့တယ်။ Love Spell က လကွယ်ည သစ်ပင်ကြီး တစ်ပင် အောက်မှာ လုပ် ရမှာတဲ့။
ဒါကြောင့် သစ်ပင်ကြီး ကြီး တစ်ပင် ကိုရှာပြီး သူမ ရေးလာတဲ့ စာရွက် က လေးကို သစ်ပင်အောက် မှာ မီး ရှို့ လိုက်တယ်။
ဒီစာရွက်ထဲမှာ Nika ဖြစ်ချင် တဲ့ ဆန္ဒတွေ ကို ချရေးထားရတာဖြစ်တယ်။
ပြီး တာနဲ့ spell ကိုစပြီး ရွတ်လိုက်တယ်။

'Spell of Angels come to me. Complete the wishes that I write.
Please make ''Hoya'' to fall in love with me' လို့ 3 ခါရွတ် လိုက်တယ်။

Nika spell ရွတ်နေ တာကို sungyeol နဲ့ L ဖန်လုံး ထဲက နေ တဆင့် မြင်နေရတယ်။

Sungyeol: ကဲ ငါတို့တော့ စ ရောက်တဲ့ နေ့ မှာ
ပဲ ဈေးဦးပေါက်ပြီ။
L: ခေါ်နေပြီ ဆိုတော့လဲ သွားကြတာပေါ့ Aww
ငါတို့ ဒါကြီး တွေကို စွတ်သွား ကြရ အောင်

Lကနံရံ ပေါ်မှာ ချိတ်ထားတဲ့ သံမျက်နှာဖုံး
တွေကို ညွှန်ုပြတယ်။

Sungyeol: ဟာ ဘာလို့ ဆောင်းမှာလဲ

L: ဆောင်းရမှာ ပေါ့ ငါတို့ တွေကအရမ်းချောလွန်း
နေတယ်လေ တော်ကြာ ငါတို့ ကို သူကြိုက်
သွားရင် ဘယ်လိုလုပ်မလဲ

Sungyeol : မင်းသ ဘောပဲ

Nika ရဲ့ ဆန္ဒ ကိုဖြည့် ဆည်းပေးဖို့ အတွက် sungyeol နဲ့ L လူ့ပြည်ကို ဆင်းလာကြတယ်။

Nika က တော့ spell လည်းရွတ် ပြီးပြီ ဆိုတော့ အိမ်ပြန်ဖို့ အတွက် သစ်ပင်အောက် က နေထွက် လိုက်တယ်။
အဲ့ဒီ့ အချိန်မှာ ပဲ Nika ရဲ့ ရှေ့ မှာ 'ဝုန်းခနဲ' မီးခိုးလုံးကြီး ထွက်လာတယ်။
မီးခိုးတွေ ထဲက နေ ပုံရိပ် နှစ်ခု Nika ဆီ ဦးတည်ပြီး လာနေကြတယ်။

'ဟင် ဘာတွေလဲ' Nika သေချာ ကြည့်တော့ ကြောက်စရာ မျက်နှာကြီး 2 ခု။

' OMMa ရေ သရဲ တွေ'

Nika အ ကြောက်လွန်ပြီး ကားလမ်းကို အမြန် ဖြတ်ကူးလိုက်သည်။
ကားလမ်း အ ရှေ့ဘက် က နေ လာနေတဲ့ ကားတစ်စီးက ရှောင် ချိန်မရဘဲ Nika ကို ဝင် တိုက်မိသွားတယ်။

' ' ဝုန်း''''''''''''''

Nika မြေပြင် က နေ အ ပေါ်ကို မြောက်တက်သွား ပြီး ပြန်ကျလာသည်။

L: သေပြီ ငါတို့ တော့ ဒီတစ်ခါ တကယ် အလုပ်
ပြုတ်ပြီ
Sungyeol : အဲ့ဒါ မင်းကမြင်းလို့ဖြစ်တာလေ
အခု ဘာဆက်လုပ်ကြ မလဲ
L: ဘာလုပ် ရမှာလဲ သူ့ ဆန္ဒ ကို ဖြည့်ပေး လိုက်ပြီး
အထက်ကိုလည်း ငါတို့ အလုပ်1ခု ပြီးသွားပြီလို့
တင်ပြလိုက် ရုံပေါ့
Sungyeol: ဟင် မင်းကဘယ်လို လုပ်မှာလဲ
L: ကြည့် နေပါ ငါ့မှာ နည်းလမ်းရှိပါတယ်

Spell Angels တွေ က တော့ Nika ရဲ့
ဆန္ဒ ကို ဖြည့်ပေးဖို့ ဆုံးဖြတ် လိုက်ကြတယ်။

Nika ရဲ့ ဝိညာဉ် က တော့ လေထဲမှာ မျောလွင့် နေ လေရဲ့............................................

My Spell On You (အချစ် ကျိန်စာ)Where stories live. Discover now