Chapter 9

239 27 0
                                    

အ ကြောင်းစုံ ကို သိသွားသည့် Sunggyu ဒေါသ တွေ အရမ်းထွက်ပြီး ဆိုင် ကယ်ကို တရကြမ်း မောင်းကာ Hoya ဆီလာနေသည်။

'မာနကြီးပြီး ငါတို့ ကို မ ပြော ပြဘူးပေါ့ ငါတို့
က မင်းရဲ့ သူငယ်ချင်းတွေ ပါ Hoya ရာ ဘာလို့ ငါတို့ နားက အကူအညီ မယူရတာလဲ'

Sunggyu ဆိုင် ကယ်ကို အရှိန် ပို မြှင့် လိုက်သည်။
ဒါပေမယ့် ရုတ်တရတ် သစ်ပင် တစ်ပင် အောက်မှာ
အရိုးစု ခေါင်း နှစ်လုံး လေ ပေါ် လွင့် နေတာကို တွေ့ လိုက် ရသည်။

Sunggyu: ဟင် ဘာတွေလဲဟ

သစ်ပင် ဘက် ကို ငေးမိ နေတာကြောင့် လမ်းကွေ့ ရမှာကို မ ကွေ့ မိဘဲ ချောက်ထဲ ထိုးကျ သွားသည်။

Sunggyu: OMMO NA!!!!!!!!!!!!!!

တကယ်တော့ sunggyu မြင် လိုက်တာ အရိုး ခေါင်းတွေ မဟုတ်ဘဲ ပေါင်းတင်Mask တွေကပ် ထားသည့် Sungyeol နဲ့ L ဖြစ်သည်။

L: ဟာ ဟို တစ်ယောက် ငါတို့ကို ငေးမိလို့ ချောက်ထဲကျသွားပြီ

Sungyeol: ဘာလဲ ငါတို့ က ကိုယ်ရောင် ဖျောက် ထားတာပဲ

L: Mask က မ ပျောက်သွားဘူး လေ

Sungyeol: အမှု မပတ်ခင် မြန်မြန် ပြန် ရ အောင်

Sungyeol နဲ့ L ပြန်သွား ကြသည်။

Nika က အဲ့ဒီ့ နေ ရာမှာပဲ ရှိနေ သေးတာကြောင့် Sunggyu ချောက်ထဲ ကျသွား တာကို အစ အဆုံး မြင် လိုက်သည်။

Nika: ဟာ ချောက်ထဲ ကျသွားပြီ သေပြီလား မသိဘူး

Nika ချောက်ထဲ ဆင်းသွား ကာကြည့် လိုက်သည်။

Nika: ဟာ Sunggyu ပဲ မဖြစ်ဘူး Hoya ကို အမြန် သွား ပြောမှ

Nika လာပြော ပြတာကြောင့် Sunggyu ကို အချိန်မီ ဆေးရုံသို့ Hoya ပို့ နိုင် ခဲ့သည်။

Sunggyu ပြန်သတိရ လာတော့ မနက်မိုးလင်း
နေုပြီ။

Hoya က တစ်ညလုံး sunggyu ကို ဆေးရုံ စောင့်ပေးနေ၏။

Dongwoo နဲ့ Woohyun တို့ လည်း ရောက်လာကြ သည်။

Sunggyu: မင်း ဘာလို့ ငါတို့ အကူအညီ ကို မယူချင် ရတာလဲ

Sunggyu က သတိရလာတာနဲ့ Hoya ကို ရန်တွေ့ တော့သည်။

Hoya: awwww မင်းသိသွား ပြီပဲ

Dongwoo: sunggyu ညက မင်းဆီလာရင်း ဖြစ်သွားတာပဲ ဒါနဲ့ အဲ့ဒီ့နား မှာပဲ ငါတို့ ကျောင်းက ကျောင်းသူ တစ်ယောက် ကာတိုက်ခံ လိုက် ရတယ်လေ အခုတောင် ဒီ ဆေးရုံ မှာပဲ ရှိသေးတယ် သတိမရ သေးဘူးတဲ့

Sunggyu: ငါတောင် ကံကောင်းလို့ အဲ့လမ်းက သရဲ ခြောက်တာပဲ ငါ အရိုးခေါင်း နှစ်လုံး မြင် လိုက် တယ်

Woohyun: မင်းအမြင် မှားတာ မဟုတ်ဘူးလား

Sunggyu: တကယ်ပါဆို

Woohyun: ထားပါတော့ ငါမနက်စာ သွားဝယ်ပေး မယ် Hoya လည်း အိမ်ပြန်ုပြီး အိပ်လိုက်ဦး တစ်ညလုံး အိပ်ရေး ပျက်ထား တာ

Hoya နဲ့ Woohyun အခန်း အပြင် ကို ထွက်လာတော့ လူနာ တစ်ယောက်ကို ရွေ့ လာတာနဲ့ တိုးသည်။

Hoya: ဟင် Nika!!

ရွေ့လာသည့် လူနာက Nika ဖြစ်နေသည်။

Woohyun: မင်းသူ့ ကို သိလို့လား သနားပါတယ်ကွာ Coma ဖြစ်နေ တာက နေ ပြန်သတိမရ လာရင် သူ့ မိဘ တွေက လက်လျော့ ပြီး သူ့ နှလုံးကို လိုတဲ့ လူဆီလှု လိုက်တော့မယ်တဲ့

Hoya: ဘာ

Woohyun ရဲ့ စကားကို ကြားတာနဲ့ Hoya ဆေးရုံ ထဲက နေအရူး တစ်ယောက်လို ထွက်ပြေး သွားတော့သည်။

My Spell On You (အချစ် ကျိန်စာ)Where stories live. Discover now