Hana လည်ပင်းက မာဖာလာ
အပြာနုနုလေးကို လက်နှင့်
ပွတ်သပ် ရင်း စိတ်လှုပ် ရှားစွာ
ပြုံးလိုက်မိသည်။
Baozi တကယ်ပဲ အမြန်ပြန်လာခဲ့သည်။ ပြေးလာခဲ့၍
ဒီလောက်အေးနေသည့်ကြားက
ချွေးပင် စို့နေသည်။
"Hana ဘာတွေပြုံးနေတာလဲ?"
"ဟင့်အင်း ဘာမှမဟုတ်ပါဘူး"
"ရောက်ပြီ ဒီဆိုင် ပဲ"
Hana ဆိုင် ကိုမော့ကြည့်လိုက်
တော့ အပြင် ပန်းက တော့
ရိုးရိုးရှင်း ရှင်းတိုက် ပုံပါပဲ။
"DreamLand" ဆိုင် နံမည်ကို
ဖတ် ရင်း Hana ရင် ထဲ
ခံစားမှုတချို့ ဖြတ်သန်းသွား
သည်။
"ဝင် ရ အောင်လေ"
"အင်း"
Baozi ရှေ့ မှ အရင် သွားကာ
တံခါးကြိုဖွင့်ပေးသည်။
"ကျေးဇူး"
ဘာမဟုတ်သည့်အပြုအမူ
လေးဆိုပေမဲ့ Hana ကြည်
နူးသွားရသည်။ Baozi သည်
အလိုက်သိတတ်ပြီး အ သေး
စိတ်က ဂရုစိုက်တတ်သူဟု
Hana တိတ်တခိုး ချီးကျူးမိသည်။
ဆိုင် ထဲသို့ Hana ပါးစပ်လေး
ဟကာ ငေးကြည့်နေသည်။
ဆိုင် ထဲမှာ ခမ်းခမ်းနားနား
ကြီးမဟုတ်သော်လည်း
အ တော်လေး ချစ်စရာကောင်း
ပြီး တိတ်ဆိတ်သည်။
Baozi ပြောသလိုပဲ စာဖတ်လို့ကောင်းမဲ့နေရာပဲ။
Hana အံ့သြ နေသည့်
မျက်နှာလေးကို Baozi
သ ဘောကျစွာ ငေးကြည့်နေ
မိသည်။
*ဒီကောင်လေး ဘာလို့
ဒီလောက်ချစ်ဖို့ကောင်းရတာလဲ?*
DU LIEST GERADE
A Future Without You
FanfictionCast-Hana,Baozi,Luhan,Sehun Main Cast-Hana, Baozi Pairings-BaoHan, HunHan Genre-romance,studentlife,angst This is my first creation of Hana and Baozi.BaoHan is main character in this fic but I can't leave my main otp HunHan so I added them as co-cha...