Hana မ နေ့က ကျောင်းက
ပြန်ရောက်လို့ ညစာစားပြီးတည်းက
အိပ်လိုက်တာ မနက်ကျောင်း
သွားခါနီးမှနိုးတော့သည်။
အိပ်ရေးဝ နေလို့ ဒီနေ့တော့
လန်းဆန်းနေသည်။
နောက်နေ့ည တွေလည်း
အင် တာနက် အကြာကြီး သုံးမ နေ
ဘဲ စောစောအိပ် ရမည်။
ှ ဒါမှ မနက်ကျ
လန်းဆန်း………
အဲ သူ ညက အင် တာနက်တောင်
ဖွင့်မကြည့်ဘဲ တန်းအိပ်ပျော်
သွားတာပဲ။ အဲဒါဆို Baoziနဲ့
မ chatဖြစ်လိုက်ဘူးပေါ့။
Hana ကိုယ့်ခေါင်းကိုယ်ထုပစ်
လိုက်သည်။ Baozi သူ့ကို
ကတိမတည်ဘူးလို့ထင် သွား
မှာပဲ။ ညကျ လာ chatကို chat
မယ်လို့ ကတိပေးထားတာတော့
မဟုတ်ပေမဲ့လည်း အဲဒီလို
သ ဘောမျိုးပဲ မဟုတ်လား?
"ဟယ် ဟိုမှာ Baozi "
ကန်တင်းထဲအဝင် စားပွဲဝိုင်း
တစ်ခုမှာ Baoziထိုင်နေတာ
တွေ့လိုက် ရသည်။
Hana အမြန် တံခါးအကွယ်မှာဝင် ပုန်းနေလိုက်သည်။
အသာချောင်းကြည့်လိုက်တော့
Baozi ဘေးမှာထိုင်နေတဲ့
Sehunနှင့် စကားလက်ဆုံကျနေသည်။
* တော်သေးတယ် မမြင် လို့
အဲ သူ့ကိုတွေ့တာနဲ့ ငါက
ဘာလို့ဝင် ပုန်းနေရတာတုန်း?*
Hanaအခုမှစဉ်းစားမိသည်။
သူ ဘာကိစ္စ Baoziကို မ တွေ့ရဲ
ဖြစ်နေတာလဲ? ညက ကိစ္စကြောင့်
လား? အဲဒါကြောင့် ဆို သူပုန်းနေ
စရာမှမလိုဘဲ။ ဒါပေမဲ့ အခု
ESTÁS LEYENDO
A Future Without You
FanficCast-Hana,Baozi,Luhan,Sehun Main Cast-Hana, Baozi Pairings-BaoHan, HunHan Genre-romance,studentlife,angst This is my first creation of Hana and Baozi.BaoHan is main character in this fic but I can't leave my main otp HunHan so I added them as co-cha...