** 8 **

1.1K 143 28
                                    

Baozi ဖုန်းကိုကြည့်ရင်း တွေဝေ

နေသည်မှာ နာရီဝက် ခန့်ရှိပြီ။
Hana နံပါတ်ကို နှိပ်ထားပြီး ခေါ်ကြည့်

ရင်ကောင်းမလား မ ခေါ်ရင် ကောင်းမလား

စဉ်းစားရခက်နေသည်။ ခေါ်ကြည့်လို့
Hana အော်လွှတ်လိုက်မှာလည်း

ကြောက်သည်။ သူ့အဖြစ်က စစ်မ ရောက်

ခင် မြှားကုန်နေပြီ။

Baozi အိပ် ရာပေါ် လှဲချလိုက် ရင်း

လက်တစ်ဖက်က ဖုန်းကိုကိုင် ထားပြီး

ကျန်တစ်ဖက်ကို နဖူးပေါ်လက်တင်

လိုက်သည်။ Hana ကျောင်းမတက်

တာနှစ် ရက် ရှိပြီဖြစ်သလို အဆက်

အသွယ်ပြတ်နေသည်မှာလည်း နှစ်

ရက် ရှိပြီ။ ဒီနှစ် ရက်အတွင်း ခေါင်းထဲမှာ
Hana သာလျှင် စိုးမိုးထားသည်။

သူ Hanaကို တကယ်ချစ်မိသွားပြီလား

ဟု သံသယ တွေဝင်နေမိပြီ။

* ဘယ်လိုလုပ် ရမလဲကွာ?*

Baozi သက်ပြင်း ရှည်ကြီးချကာ

ငုတ်တုတ်ထထိုင် သည်။ ဖုန်းကို

ယူကြည့်ရင်း Hanaဆီ ဖုန်းဆက်

ရန် ဆုံးဖြတ်လိုက်သည်။ ပြဿနာကို

ရှောင်ပြေးနေမဲ့အစား ထိပ်တိုက် ရင်

ဆိုင် လိုက်တာ ပိုကောင်းလိမ့်မည်။

Baozi လက်သည်းထိပ်ကို တတိတိ

ကိုက်ကာ နားမှာကပ်ထားသည့်ဖုန်းထဲမှ

တစ်ဆင့် ထွက်ပေါ်လာမည့် Hana

အသံချိုချိုလေးကို စိတ်လှုပ် ရှားစွာနှင့်

စောင့်မျှော်နေသည်။

"လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ

စက်ပိတ်ထားပါသည်"

*သေစမ်းကွာ*

Baozi ဖုန်းကို လွှင့်ပစ်ချင်ပေါက်သွား

သည်။ ဆက်မယ် မဆက်ဘူး တွေဝေနေရာ

က တကယ်လည်း ဆက်ဖြစ်ရော

A Future Without YouHikayelerin yaşadığı yer. Şimdi keşfedin