Hana ကန်တင်းတွင် ထမင်းစားနေ
သော်လည်း ခေါင်းဟိုလှည့်ဒီလှည့်နှင့်
ဂဏာမငြိမ်ဖြစ်နေသည်။
သူ Baozi နှင့်စမ်းတွဲနေသည်မှာ
ဒီနေ့နဲ့ဆို နှစ် ရက် ရှိပြီ။
စမ်းတွဲကြမည်ဟု သူ ဖုန်းဆက်တုန်းက
Baozi အရမ်းပျော်သွားခဲ့သည်။'တကယ်ပြောတာနော်' ဆိုတဲ့ စကား
ကို အ ခေါက်ပေါင်းများစွာ ပြောခဲ့
သည်။ လေလှိုင်းထဲမှတစ်ဆင့်
ပျော်ရွှင် မြူးထူးနေ သော
Baozi့အသံလေးကြောင့် သူပါကြည်နူးရသည်။ သူ့ဆုံးဖြတ်ချက်
မမှားဘူးဟု သူ ယုံကြည်လိုက် ရ
သည်။
သို့သော် တွဲကြပြီဆိုကာမှ
Baoziနှင့် အခုထိ မ တွေ့ရ သေး။သူ့ဘက်က မြန်မြန်အ ဖြေ ပေးလိုက်
လို့ Baozi အ လေးမထားတာလား
လို့တောင် ကြံကြံဖန်ဖန် တွေးလိုက်
မိသေးသည်။ မ နေ့က တော့
Baoziတို့တတိယနှစ်က ကျောင်းသားတွေအားလုံး ကျောင်းပြင် ပကို
လေ့လာထွက် ကြရ၍ Baozi
တစ်နေ့လုံး ကျောင်းမှာမရှိ။
ညဘက်ကျတော့လည်း ပင် ပန်း
တယ်ဟုဆိုကာ ဖုန်းခဏ လေးပဲပြော
ဖြစ်သည်။ ဒီနေ့လည်း နေ့လည်စာ
စားချိန်အထိ အရိပ်တောင် မမြင်
ရ သေး။
Hanaနှုတ်ခမ်းစူလိုက်သည်။
Baozi သူ့ကို သက်သက် ချိုးတာလား?
Hana သူ့ဘာသာ တွေးချင် ရာတွေးပြီး မ ကျေမနပ်တွေဖြစ်နေသည်။
"Baozi ကိုရှာနေတာလား?"
ဟိုကြည့်ဒီကြည့်လုပ်နေ သော
Hana ကိုမျက်စိနောက်လာ၍
Luhan စားနေရာမှ ရပ်ကာမေးလိုက်သည်။ Luhan တူလေးကိုက်ကာ
ပြူးကြောင်ကြောင်လေးနှင့်မေးသည်။
YOU ARE READING
A Future Without You
FanfictionCast-Hana,Baozi,Luhan,Sehun Main Cast-Hana, Baozi Pairings-BaoHan, HunHan Genre-romance,studentlife,angst This is my first creation of Hana and Baozi.BaoHan is main character in this fic but I can't leave my main otp HunHan so I added them as co-cha...