"ဟုတ်တယ် ကိုယ် ခံစားဖူးတယ်
ကိုယ် ယောင်္ကျားတစ်ယောက်ကို
ချစ်ဖူးတယ် ပြီးတော့်
ကိုယ် မင်းကို ချစ်မိနေတယ်"Hana ပါးစပ် အ ဟောင်းသားနှင့်
အံ့အားသင့်သွားသည်။
" Baozi ဒါ
နောက်စရာမဟုတ်ဘူး
ဒီလိုမ နောက်ပါနဲ့ ကျွန်တော်
မကြိုက်ဘူး"
Hana ထူပူသွားသဖြင့် လေသံ
မာမာနှင့်ပြောလိုက်သည်။
ယောင်္ကျားလေးတစ်ယောက်ဆီက
ဒီလိုစ နောက်မှုခံရတာ
သူ တော်တော်စိတ်ပျက်မိသည်။
"Hana ကိုယ်………"
"ဒီနေ့အတွက် ကျေးဇူးတင် ပါတယ်
ဒါပေမဲ့ နောက် ကျွန်တော့်ကို
မဆက်သွယ်ပါနဲ့တော့"
Baozi ဖြေရှင်းချက် မ ပေးရ
သေးခင် Hana ဆိုင် ထဲမှ
ပြေးထွက်သွားသည်။
Baozi စိတ် ရှုပ်စွာနှင့်ဆံပင်တွေကို ထိုးဖွလိုက်သည်။
သူ Hana ကို ဒီလောက်အထိ
ပြောလိုက်ဖို့ စိတ်ကူးမရှိ။
ရုတ်တရက် နှုတ်မှလွှတ်ခနဲ
ထွက်သွားခြင်းဖြစ်သည်။
အခုတော့ နှုတ်ကျွံသွားပြီ။
Hana သူ့ကို အခွင့်အ ရေးသမားလို့ ထင် သွားလောက်ပြီ။
သူ Hanaအ ပေါ်မှာ
ထူးခြားတဲ့ ခံစားချက်တွေရှိနေ
ပေမဲ့ ဒါကို အချစ်ပါလို့
သေချာခေါင်းစဉ်တပ်လို့မရ
သေးဘူး။ ကိုယ်တိုင်တောင်
မ သေချာသေးတဲ့ ခံစားချက်
တွေကို ဖွင့်ပြောလိုက်မိပြီ။
* Baozi မင်း တော်တော်
အသုံးမကျတဲ့ကောင် ပဲ*
*******်
ဒီနေ့ Hanaကျောင်းမတက်ဖြစ်ပါ။
YOU ARE READING
A Future Without You
FanfictionCast-Hana,Baozi,Luhan,Sehun Main Cast-Hana, Baozi Pairings-BaoHan, HunHan Genre-romance,studentlife,angst This is my first creation of Hana and Baozi.BaoHan is main character in this fic but I can't leave my main otp HunHan so I added them as co-cha...