** 1 **

2.7K 233 21
                                    

"ဟူးး ဘယ်တော့မှပြီးမှာလဲကွာ"

ကျွန်တော် လက်ပတ်နာရီကို ကြည့်

ရင်း ညည်းမိလိုက်တယ် အခုမှ

ည ကိုးနာရီကျော်ပဲရှိသေးတယ်

Party က ဆယ့်တစ်နာရီမှ

ပြီးမှာ။ မီးရောင် စုံတွေ

တဖျတ်ဖျတ်၊ အုံးဂွမ်း အုံးဂွမ်းနဲ့

ဘာတီးလို့ တီးနေမှန်းမသိတဲ့

Dj သံရယ်၊ မျောက်အတိုင်း

ကွေးနေ အောင် ကတဲ့သူ

တွေရယ် အော်ကြီးဟစ်ကျယ်

ရယ်မော နေကြတဲ့သူတွေ

ကြားမှာ ကျွန်တော် ခေါင်း

တော်တော်နောက်လာပြီ။

ဒါတောင် ကျွန်တော် လူတွေနဲ့

ခပ်လှမ်းလှမ်းက ထောင့်လေး

တစ်ထောင့်မှရပ်နေတာ။

အနားသွားနေလို့က တော့

စိတ်ညစ်လွန်းလို့ မေ့လဲသွား

နိုင် တယ်။

ဒီနေ့က ကျွန်တော်တို့

တက္ကသိုလ် ရဲ့ ပထမနှစ်

ကျောင်းသားများကြိုဆိုပွဲ

ပါတီလေ။ စီနီယာကျောင်းသား

တွေရဲ့ လက်ဆောင်ပေါ့။

တကယ်တော့ ကျောင်းသား

သစ်တွေ ကြိုဆိုချင် တာက

နည်းနည်း သူတို့ပျော်ချင် တာ

က များများရယ်။ ကျွန်တော့်

အလိုတိုင်းဆို ဒီနေ့ပွဲ လာ

ချင် တာမဟုတ်ဘူး။ ပထမနှစ်

ကျောင်းသားသစ်တိုင်း မလာမဖြစ်

လာရမယ်ဆိုတာကြောင့်ရယ့်

mama ကသွားဖူးတဲ့ရှိအောင်

သွားဆိုတာကြောင့်ရယ်
Luhan က သူပါလာမယ်ဆို

တာကြောင့်ရယ် ကျွန်တော်

လာဖြစ်တာ။ နို့မို့ဆို ဒီအချိန်

ကျွန်တော့်အခန်းထဲမှာ

A Future Without YouDove le storie prendono vita. Scoprilo ora