Episode(5)
Kaiတို့မောင်နှမလည်း သူတို့Ommaကို နှုတ်ဆက်ပြီး လှည့်အထွက် sooအကျီက အုတ်ဂူစောင်းနဲ့ညှိနေခဲ့တယ်
' sooကလည်း နမော်နမဲ့နဲ့ အခုအကျီပြဲသွားပြီး ဘယ်လိုလုပ်မလဲ'
' သူဘာသာဖြစ်သွားတာကို sooက ဘယ်လိုလုပ်သိမလဲ oppaကဆူဖို့ပဲသိတယ်' ဆိုပြီး မောင်နှမနှစ်ယောက် စကားနိုင်လုရင်းနဲ့ ကားဆီကိုထွက်သွားတယ် အမှန်တော့ sooအကျီက ညှိနေတာမဟုတ်ပါ မသွားရအောင် ဆွဲထားမိတာပါ
အုတ်ဂူမှာရှိတဲ့ kaiတို့ommaရဲ့ဓာတ်ပုံကနေ မျက်ရည်တစ်စက် စီးကျသွားတာကိုတော့ဘယ်သူမှာမမြင်
မတွေ့လိုက်ပါ
sooတို့ကားရှိရာဆီရောက်တော့ appaက ကားပေါ်မှာစောင့်နေတယ် kaiနဲ့sooလည်း ကားပေါ်တက်မယ်ဆိုပြီး ကားတံခါးကိုဖွင့်လိုက်တော့ ရှေ့ခန်းတံခါးကို နှစ်ယောက်အတူတူ ဆွဲဖွင့်မိတယ်
kai::: ' ငါappaနဲ့အတူတူ အရှေ့မှာထိုင်မှာ'
soo::: ' oppaကလည်း sooလည်းappaနဲ့ထိုင်ချင်လို့ပါ ဒီကိုအလာတုန်းက oppa appaနဲ့အတူတူထိုင်ပြီးပြီလေ အပြန်တော့ sooထိုင်ချင်တယ်နော်' ဆိုပြီး sooသူရဲ့အသည်းပုံနှုတ်ခမ်းလေးကို ဆူပြီး kaiကိုချွဲတော့တယ်
'ဟားးး ထိုင်ပါဗျာ အဲနှုတ်ခမ်းကို ဆူဆူပြီးမဟြေနဲ့ ဘဲနှုတ်သီးနဲ့တူနေပြီ' ဆိုပြီး kai sooကို စလိုက်တော့ sooလိုက်ရိုက်ပါလေရော kaiကလည်း ကားကိုပတ်ပြေးရင်း ' မှီအောင်လိုက်နိုင်
ရင်လိုက်လေ ခြေတံတိုတိုလေးနဲ့' လျှာထုတ်ပြကာ ထပ်စနေတယ် Mr.Kimကတော့ သူ့သားသမီးနှစ်ယောက်ကို ရီနေမိတယ်
' ကဲကဲ စနေတာတွေရပ်လိုက်တော့kai မိုးဖွဲကျနေတာ တော်ကြာ အအေးမိနေအုန်းမယ် ကားပေါ်တက်ကြတော့' ဆိုပြီး Mr.kimဟြေတော့မှ နှစ်ယောက်သားကားပေါ်တက်ခဲ့တယ် sooက သူ့appaနဲ့အတူတူ ရှေ့ခန်းမှာထိုင်တယ် kaiကတော့ ကားနောက်ခုံမှာ ထိုင်တယ်
သားအဖသုံးယောက် စကားတွေဟြေရင်း ကားမောင်းနေပေမဲ့ မိုးဖွဲဖွဲလေးရွာနေတာဆိုတော့
car slip ဖြစ်မှာစိုးတာကြောင့် Mr.kim ကားကို သတိနဲ့မောင်းနေရတယ် အဲအချိန်မှာ မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ကားတစ်စီးဆီကနေ ဟွန်းတီးသံ အကျယ်ကြီးထွက်လာတယ် Mr.kimလည်း အဲကားကိုကြည့်လိုက်တော့ ဘရိတ်ပေါက်တာကြောင့် ကားက သူတို့ဆီကို တည့်တည့်ဝင်လာတာကို တွေ့လိုက်တဲ့အပြင် အဲကားပေါ်လူကလည်း သူတို့ကို ရှောင်ဖို့လက်ပြနေခဲ့တယ်
Mr.kimလည်း ကားကို အမြန်ရှောင်လိုက်ပေမဲ့ ကားက slipဖြစ်ကာ ကားလမ်းဘေးမှာရှိတဲ့ ဓာတ်တိုင်ကိုဝင်တိုက်မိတယ်
ကားကအရှိန်နဲ့ဝင်တိုက်မိတာကြောင့် kaiရှိနေတဲ့နောက်တံခါး ပွင့်ထွက်သွားပြီး kai ကားပေါ်ကနေ လွှင့်ထွက်သွားတယ် တစ်ဖက်က ဘရိတ်ပေါက်နေတဲ့ကားကလည်း အနီးရှိသစ်ပင်နဲ့တိုက်မိသွားတယ် လွှင့်ကျသွားတဲ့နေရာကနေ kai အားယူပြီး ဓာတ်တိုင်အောက်မှာ ရှိနေတဲ့ သူတို့ကားရှိရာကို သွားဖို့ ထလိုက်တယ် ခေါင်းကလည်း သွေးတွေအရမ်းထွက်နေပြီး ခြေထောက်ကလည်း အရိုးကျိုးမတတ်နာကျင်နေတာကြောင့် ပြန်လဲကျသွားခဲ့တယ်
သူနဲ့မလှမ်းမကမ်းကို ကြည့်လိုက်တော့
ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက် လဲကျနေတာကိုတွေ့လိုက်တယ် kai ခေါင်းကနေ သွေးတွေစီးကျလာပြီး ခေါင်းတွေအရမ်းမူးလာကာ မြင်ကွင်းတွေဝေဝါးလာခဲ့တယ် နောက်ဆုံး သူလောကနဲ့အဆက်အသွယ်မပြတ်ခင် မြင်လိုက်ရတာကတော့ appaနဲ့sooတို့ရှိနေတဲ့ ကားပေါ်ကို ဓာတ်တိုင်က ဓာတ်ကြိုးပြုတ်ကျသွားပြီး ပေါက်ကွဲသွားတာကိုပါ ' appaaaaa soo!!!!! ' ဆိုပြီးအော်လိုက်ပေမဲ့ အသံကလည်ချောင်းကနေ ထွက်မလာပါ နောက်တော့ သူလည်း တဖြည်းဖြည်း မျက်လုံးတွေမှိတ်သွားခဲ့တယ်
#စောနက sooတို့omma မသွားစေချင်လို့ ဆွဲထားရတဲ့အကြောင်းကတော့ အခုလို ကံကြမ္မာဆိုးနဲ့ကြုံရမှာစိုးလို့ တားတာပါ #
kai အမှောင်ထုတစ်ခုထဲ လွှင့်မျောနေရာမှ အလင်းတန်းတွေထွက်နေတဲ့အခန်းတစ်ခုရှေ့ကို ရောက်တော့ ဘာအခန်းလဲဆိုတာ သိချင်တာကြောင့် တံခါးကိုဖွင့်လိုက်ချိန်မှာ စူးရှလှတဲ့အလင်းရောင်တွေကြောင့် kai မျက်စိတွေ ကျိန်းသွားလို့ အလျင်အမြန်မျက်စိတွေကို ပိတ်လိုက်ရတယ် ခဏကြာတော့ ပြန်အားယူပြီး တဖြည်းဖြည်းမျက်စိပြန်ဖွင့်ကြည့်လိုက်တော့ အလင်းရောင်တွေက မစူးရှတော့ဘဲ မျက်နှာကျက်ဖြူဖြူကိုသာ မြင်လိုက်ရတယ် ပြီးတော့ ဘေးကနေ 'yeol, yeol ဆရာဝန် အမြန်သွားခေါ်ချေ kaiသတိလည်လာပြီ' ဆိုတဲ့စကားသံတွေ လှုပ်လှုပ်ရှားရှားဖြစ်နေကြတဲ့အသံတွေကိုပါ ကြားလိုက်ရတယ်
' kai. kai မင်းငါကို မှတ်မိလား ငါsehunလေ မှတ်မိလား' ဆိုပြီး စိုးရိမ်တကြီးမေးနေတဲ့အသံကို ကြားလိုက်တော့မှ ဦးနှောက်ထဲမှာ ပုံရိပ်တွေ တရိပ်ရိပ်ပြန်ပေါ်လာတယ်
' sehun, ငါ့appaနဲ့sooလေးရော သူတို့ဘယ်မှာလဲ' ဆိုပြီး kai မေးလိုက်ရင်း အခန်းထဲကိုကြည့်လိုက်တော့ sooရဲ့သူငယ်ချင်းတွေဖြစ်တဲ့ luနဲ့baekကိုသာ တွေ့လိုက်တယ် sooတို့ကိုမတွေ့တာကြောင့် kaiထူပူသွားပြီး ' သူတို့ဘယ်မှာလဲ ငါကိုဟြေပြပါအုန်း sehunရာ ငါရင်တွေပူလို့သေတော့မယ် ငါနောက်ဆုံးမြင်လိုက်ရတာက ကား ဟုတ်တယ် ကားပေါက်ကွဲသွားတာကို အဲကားထဲမှာ appaနဲ့sooတို့ ကျန်ခဲ့တာ' ဆိုပြီး kaiဟြေရင်း ငိုတော့တယ် အခန်းထဲမှာရှိနေတဲ့လူတွေကလည်း စကားတစ်ခွန်းမှပြန်မဟြေဘဲ သူကိုသနားတဲ့မျက်လုံး ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတာကို သူလက်မခံနိုင်တာကြောင့် appaနဲ့sooကို ကိုယ်တိုင်သွားရှာမယ်ဆိုပြီး ကုတင်ပေါ်ကထဖို့လုပ်တော့ sehunက မထဖို့တားတယ် နှစ်ယောက်သားရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အချိန်မှာ အခန်းထဲကို chanyeol,ဆရာဝန်နဲ့ သူနာပြုတွေရောက်လာပြီး သူကိုစိတ်ငြိမ်ဆေးထိုး လိုက်ပြီး တဖန်အိပ်စက်ခြင်းကို ရောက်ရှိစေခဲ့တယ်doctor::: 'သူနောက်ထပ်နိုးလာရင်တော့ စိတ်တွေတည်ငြိမ်နေလောက်ပါပြီ အဲတော့သူ့မိသားစုအကြောင်းကို ရှင်းပြလိုက်ပါတော့' yeol::: ' သူလက်ခံနိုင်ပါမလားဆရာ သူအရမ်းစိတ်ထိခိုက်ပြီး ပြန်သတိမေ့သွားရင် ဘယ်လိုလုပ်မလဲ'
sehun:: ' အခုတောင် accidentဖြစ်ပြီး နှစ်လကြာမှ သတိပြန်လည်လာတာ'
doctor:: ' သူလက်ခံလာအောင် ကြိုးစားရမှာက ကျွန်တော်တို့ ခင်ဗျားတို့ရဲ့တာဝန်ပါ သူလက်မခံနိုင်ဘဲ ဒီအတိုင်းနေနေမယ်ဆိုရင် စိတ်ကျန်းမာရေး ထိခိုက်လာနိုင်တယ်' ဆိုပြီးဟြေကာ အခန်းထဲက ထွက်သွားတယ်
doctor အခန်းထဲကနေထွက်သွားတော့မှ
' kai oppaသနားပါတယ် sooနဲ့appaကိုဆို အမြဲပထမနေရာထားနေကျလူ အခုတော့ သူ့မြတ်နိုးရတဲ့မရှိတော့ဘူးဆိုတဲ့အကြောင်းကို baekတို့ဘယ်လိုဟြေပြရမှာလဲ' ဆိုပြီး baekငိုနေတာကြောင့် yeol baekကိုရင်ခွင်ထဲမှာ ထည့်ပြီး 'အကုန်အဆင်ပြေသွားမှာပါ ' ဆိုပြီးနှစ်သိမ့်ပေးနေရတယ် 'ငါတို့လည်း ရှိနေတယ်ပြီးတော့သူ့မိသားစုဝင်တစ်ယောက်က လည်း သူကိုပြန်ရှာတွေ့ပြီလေ သူ့အဆင်ပြေမှာပါ' ဆိုပြီး luဝင်ဟြေလိုက်တယ် 'ဟုတ်တယ် luဟြေတာမှန်တယ် သူကိုငါတို့ ဘေးကနေ ဝိုင်းဖေးမပေးရင် သူအမြန်ဆုံး ကောင်းလာမှာပါ' ဆိုပြီး sehunဟြေလိုက်တယ်
သူတို့လေးယောက်လုံး ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းပြီးအိပ်စက်နေတဲ့kai ကိုကြည့်ပြီး သက်ပြင်းချလိုက်မိကြတယ်
############################
kaiရဲ့မိသားစုဝင်ဆိုတာကရော ဘယ်သူလဲ
ဘရိတ်ပေါက်နေတဲ့ကားပေါ်က မိသားစုကရော ဘာတွေဖြစ်သွားလဲဆိုတာ Next epမှာ သိရမှာပါ ဖတ်ပေးကြတဲ့ Chinguတို့ gomarsamithar. :) :)