Episode(8)
********Ten years later********
"seoulလေဆိပ်ကို မကြာခင်ဆင်းသက်တော့မည်ဖြစ်ပါတော့ကြောင့် ထိုင်ခုံခါးပတ်များအား ပတ်ထားပေးကြပါရန် အသိပေးအပ်ပါတယ်" ဆိုတဲ့ လေယာဉ်မယ်လေးတစ်ဦးရဲ့ကြေငြာသံကြောင့် အလုပ်လုပ်နေတဲ့ laptopကို ပိတ်လိုက်ပြီး kaiတစ်ယောက် ခါးပတ် ပတ်ထားလိုက်တယ်
မကြာခင်အချိန်အတွင်းမှာ လေယာဉ်ဆင်းသက်သွားတယ် လေယာဉ်ပေါ်က ဆင်းပြီးတော့ ခရီးဆောင်အိတ်ကို ယူလိုက်တယ် smartကျကျ Designကို ဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ထည့် ကျန်လက်တစ်ဖက်က ခရီးဆောင်အိတ်ကိုဆွဲကာ လေဆိပ်အပြင်ကို ထွက်လာခဲ့တယ် သူရဲ့စူးရှတဲ့မျက်လုံးတွေကို နေကာမျက်မှန်နဲ့ ကွယ်ထားတာတောင် အလွန်ကြည့်ကောင်းနေတဲ့ body structureကြောင့် လူတိုင်းရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့တယ်
လေဆိပ်အပြင်ကိုရောက်တော့မှ မျက်မှန်ချွတ်လိုက်ပြီး လေကိုအဝရှုလိုက်ပြီး 'အင်းး မွေးရပ်မြေအနံလေး စိတ်ကိုလန်းဆန်းသွားတာပဲ' ဆိုပြီး ရေရွတ်လိုက်တယ် သူကိုလာကြိုမဲ့သူတွေမရှိတာ မဆန်းပါ အမှန်ဆို USကနေ koreaကို နောက်သုံးရက်လောက်မှ လာရမှာပါ ဒါပေမဲ့ သူက အလုပ်ကိစ္စတွေကို မလုပ်သေးခင် အနားယူချင်သေးတာကြောင့် စောစောထွက်လာခဲ့တာပါ အဲဒါကြောင့် သူလို ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ကိုယ်ပိုင်လေယာဉ်နဲ့မဟုတ်ဘဲ ရိုးရိုးလေယာဉ်ပဲ စီးလာတာပါ
သူ့အဖိုးက လွန်ခဲ့နှစ်နှစ်လောက်က ဆုံးသွားခဲ့တာကြောင့် သူပဲစီးပွားရေးလုပ်ငန်းတွေကို ဦးစီးလာခဲ့တာပါ အခုဆိုရင် သူ့အဖိုးလက်ထက်က လုပ်ငန်းတွေထက် ပိုမိုအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တယ် ပထမကတော့ ငယ်ရွယ်တဲ့သူက ဦးစီးတာကို မကျေနပ်တဲ့ရှယ်ယာဝင်တွေရဲ့ ပါးစပ်ပိတ်သွားလောက်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့တယ် အခုတော့ အလုပ်ကိစ္စတွေကို ခဏဘေးဖယ်ပြီး အနားယူချင်လို့ တစ်ယောက်တည်း ထွက်လာခဲ့တာပါ
သူပထမဦးဆုံး Taxiဌားပြီး နီးစပ်ရာ carစင်တာတစ်ခုကိုသွားပြီး ကားတစ်စီးဝယ်လိုက်တယ် အဲကားနဲ့ပထမဆုံး အရင်က သူတို့နေခဲ့တဲ့နေရာကို ထွက်လာခဲ့တယ် အိမ်ရောက်တော့ အပြင်ကနေပဲ ကားရပ်ပြီးကြည့်လိုက်တယ် အိမ်ကတော့ လူနေ နေတဲ့ပုံပဲ သပ်သပ်ရပ်ရပ်နဲ့ ခြံထဲမှာလည်း နေကြာပန်းခင်းလေး သေးသေးလေးတစ်ခုကိုလည်း တွေ့လိုက်တယ် 'အဖိုး ဒီအိမ်ကိုရောင်းခဲ့တာများလား ဘာပဲဖြစ်ဖြစ် ငါပြန်ဝယ်ရမယ် အခုနေ နေတဲ့သူက ဆက်နေချင်တယ်ဆိုရင်တော့ ဌားလိုက်မယ် ငါ့အပိုင်ဖြစ်အောင်တော့ ပြန်လုပ်ရမယ်' ဆိုပြီး kaiတွေးလိုက်တယ်
နောက်တော့သူတို့တက်ခဲ့တဲ့ ကျောင်းရှေ့ကိုရောက်လာခဲ့တယ် ကျောင်းရှေ့မှာရပ်ကြည့်နေရင်း sooလေးနဲ့အတူ ကျောင်းတက်ခဲ့တဲ့ပုံရိပ်တွေ မြင်လာပြီး မျက်ရည်ဝဲလာခဲ့တာကြောင့် အမြန်ပြန်ထွက်လာခဲ့တယ် ကားကို မြို့ပြင်ဘက်ကို ဦးတည်လိုက်တယ် သူသွားနေတဲ့နေရာကတော့ သူ့မိသားစုအုတ်ဂူတွေကို နှုတ်ဆက်ဖို့ပါ အဲနေရာရောက်တော့ အုတ်ဂူတွေက တစ်စုံတစ်ယောက်အမြဲတမ်းသန့်ရှင်းရေးလုပ်ထားသလို သပ်ရပ်နေတယ် အုတ်ဂူရဲ့အနီးအနားမှလည်းညိုးနေတဲ့ နေကြာပန်းလေးတွေကို တွေ့လိုက်ရတယ် 'ဘယ်သူများလာထားသွားတာလဲ' လို့ kaiတွေးလိုက်တယ် နေကြာပန်းကိုတွေ့တော့ လွန်ခဲ့တဲ့ဆယ်နှစ်က Dyo Dyoဆိုတဲ့ကောင်လေးကို kaiသတိရလိုက်ပြီး 'ဒီကောင်လေးအခုဆိုရင် ဘယ်လိုပုံစံဖြစ်နေမလဲ ဘာတွေလုပ်နေမလဲ အင်း သူappaရော comaဖြစ်နေရာက ပြန်သတိရလာပြီလား သူအဆင်ပြေမှာပါ သူမိဘတွေရဲ့လုပ်ငန်းတွေ ရှိနေသေးတာပဲ 'ဆိုပြီး kaiရေရွတ်လိုက်တယ်
kai:: ' appa. omma. soo ကျွန်တော်ပြန်ရောက်လာပြှီအခုချိန်ကစပြီး ကျွန်တော်ပိုင်ဆိုင်တဲ့အရာတွေကို နောက်ထပ်မဆုံးရှုံးအောင် ကာကွယ်နိုင်မဲ့အရည်အချင်းတွေ ကျွန်တော်မှာ ရှိနေပြီ နောက်ထပ်ကျွန်တော်မြတ်နိုးတဲ့အရာတွေ ထပ်မဆုံးရှုံးစေရဘူးလို့ ကျွန်တော်ဆုံးဖြတ်ထားတယ် ဒီမှာပဲ ကျွန်တော်လုပ်ငန်းတွေကို အခြေစိုက်တော့မှာဆိုတော့ ဒီကို မကြာခဏလာခဲ့ပါမယ် ' ဆိုပြီး ဟြေနေတုန်း မိုးရွာလာခဲ့တယ် kaiမိုးရေထဲမှာ အကြာကြီးထိုင်နေခဲ့ပြီးမှ ကားဆီကိုပြန်လာခဲ့တယ် ကားပေါ်တက်ဖို့ တံခါးဖွင့်လိုက်တုန်း accidentတုန်းက ဖြစ်ရပ်တွေပြန်ပေါ်လာပြီး စိတ်တွေအရမ်း လှုပ်ရှားလာပြီး ခေါင်းတွေလည်းမူးလာတယ် kaiမြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး accidentဖြစ်တုန်းက အသံတွေကြားနေရတာကြောင့် နားတွေပိတ်ထားမိတယ် အဲအချိန်မှာ ခပ်လှမ်းလှမ်းကနေ ကောင်လေးတစ်ယောက် ထီးလေးဆောင်းပြီး လျှောက်လာတာကို တွေ့လိုက်တယ်
ဒီနေ့ kai hyungရဲ့မိသားစုအုတ်ဂူကို သန့်ရှင်းရေးလုပ်ဖို့ လာခဲ့တယ် ဒါကhyung USထွက်သွားတဲ့နောက်ပိုင်းကစပြီး ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တာပါ နေကြာပန်းလေးတွေကိုလည်း ယူလာခဲ့တယ် မြို့ပြင်ကို ဘတ်စ်ကားစီးလာပြီး ကားပေါ်ကဆင်းတော့ မိုးရွာလာတာကြောင့် အသင့်ယူလာတဲ့ထီးလေးကို ဖွင့်ဆောင်းလိုက်တယ်
ကျွန်တော်လမ်းလျှောက်လာရင်း လူတစ်ယောက်မိုးရေထဲမှာ ထိုင်နေတာကို တွေ့လိုက်တယ် သူပုံစံက တစ်စုံတစ်ခုကိုကြောက်နေတဲ့ပုံဖြစ်နေတာကြောင့် အကူအညီပေးဖို့အတွက်သူဆီပြေးသွားလိုက်တယ်
ကျွန်တော်အနားရောက်သွားတော့ သူကမော့ကြည့်လိုက်တယ် သူ့မျက်နှာကို မြင်လိုက်ရတော့ ကျွန်တော်နှုတ်ကနေ 'hyung'ဆိုပြီး အလိုလိုခေါ်လိုက်မိတယ် *ဆယ်နှစ်တောင်ရှိပြီ မတွေ့ရတာ ဒါပေမဲ့hyungကတော့ ဘာမှမဟြေင်းလဲဘဲ ပိုတောင် smartကျပြီး ကြည့်ကောင်းလာတယ်*ဆိုပြီး dyo dyoတွေးလိုက်တယ်
Dyo Dyoတွေးနေတုန်း kaiထိုင်နေရာက ထလာပြီး'sooလေး' ဆိုပြီး dyo dyoကို ဖက်လိုက်တာကြောင့် dyo dyoကြောင်သွားပြီး လက်ထဲက ထီးရော နေကြာပန်းတွေပါ ပြုတ်ကျသွားတယ်
kaiထိုင်နေရာကနေ လူတစ်ယောက်အနားရောက်လာတာကြောင့် မော့ကြည့်လိုက်တော့ sooလေးနဲ့တူတဲ့လူတစ်ယောက်ကို တွေ့လိုက်တာကြောင့် အရမ်းဝမ်းသာသွားပြီး ဖက်ထားလိုက်မိတယ် အချိန်တွေ ဘယ်လောက်ကြာသွားလဲမသိဘူး ကျွန်တော်သတိဝင်လာချိန်မှာ sooနဲ့တူတဲ့လူက ကျွန်တော်ရင်ခွင်ထဲမှာ နှစ်မြုပ်နေပြီ သူနဲ့မျက်နှာချင်းဆိုင်ကြည့်လိုက်တော့ sooနဲ့တော်တော်တူတယ် ဒါပေမဲ့သူက ယောက်ျားလေး ဖြစ်နေတယ် သူကိုမျက်လုံးပြူးပြူးလေးနဲ့ကြည့်နေတာလေးက sooထက် ပိုချစ်ဖို့ကောင်းတယ်လို့ kaiတွေးနေမိတယ် သူကိုသေချာကြည့်လိုက်တော့ ကျွန်တော်ကြောင့် ထီးလည်းပြုတ်ကျသွားပြီး မိုးရေတွေရွှဲနေတာကိုတွေ့လိုက်တယ် ဘေးနားမှာလည်း နေကြာပန်းတွေပြန့်ကြဲနေတာကိုပါ တွေ့လိုက်ရတယ်
kai:: ' sorryနော် ကျွန်တော်သိတဲ့လူတစ်ယောက်နဲ့ တူနေလို့ပါ'
dyo:: ' ရ ရပါတယ် ကိစ္စမရှိပါဘူး'
kai:: ' ငါကြောင့် မင်းမိုးရေတွေရွှဲသွားပြီ ဘယ်ပြန်မှာလဲ ငါလိုက်ပို့ပေးမယ် ဒါနဲ့ မင်းနာမည်က ဘယ်လိုခေါ်လဲ'
dyo:: ' Dyo Dyoလို့ခေါ်ပါတယ်'
kai:: ' ဘာ dyo dyoဟုတ်လား'
ဟုတ်ပါတယ်ဆိုတဲ့သဘောနဲ့ dyo dyo ခေါင်းညိတ်ပြတယ် အဲတော့မှ kaiလည်း အရင်က chanyeolဟြေဟြေနေတဲ့ တစ်စုံတစ်ယောက်နဲ့ တူတယ်လို့ဟြေနေတာကို ပြန်ကြားယောင်မိတယ်
kai:: ' appaတို့အုတ်ဂူတွေဆီ လာနေတာ မင်းလား'
dyo:: ' ဟုတ် ဟုတ်ပါတယ်hyung'
*Hyungလို့ခေါ်လိုက်တာလား အေးလေ သူနဲ့ငါက ဆယ်နှစ်လောက်ကွာနေတာကို ဦးလေးကြီးလို့ မခေါ်တာကံကောင်းတယ် သူhyungလို့ ခေါ်လိုက်တာက နားထောင်လို့ကောင်းသား* ဆိုပြီး kaiတွေးနေမိတယ်
kai:: ' မင်းဘယ်မှာနေတာလဲဟြေ ပြန်လိုက်ပို့ပေးမယ် ဒါနဲ့ငါမရှိတဲ့အချိန်တွေမှာ appaတို့ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးပဲ'
*hyung hyungက ငါကိုကျေးဇူးပဲလို့ ဟြေလိုက်တာလား hyungငါကိုတွေ့ရင် စိတ်ဆိုးနေမယ်ထင်ထားတာ အခုတော့ စိတ်မဆိုးဘူးထင်တယ်* ဆိုပြီး dyoတွေးနေတဲ့အတွေးတွေ 'dyo dyo မင်းကားပေါ်မတက်သေးဘူးလား' လို့ kaiအော်သံကြားမှ ပြတ်တောက်သွားတယ်
ကားပေါ်ရောက်မှ ကားမောင်းရင်း
kai:: 'မင်း ဘယ်မှာနေလဲမဟြေသေးဘူးနော်'
dyo:: ' ကျွန်တော် ကျွန်တော်နေတာက'
kai:: ' မြန်မြန်ဟြေစမ်းပါ'
dyo:: ' ဟို ဟို hyungအရင်က နေခဲ့တဲ့အိမ်မှာပါ'
kai:: ' ငါတို့အိမ်မှာ ဟုတ်လား မင်းဝယ်လိုက်တာလား'
dyo:: ' ဝယ်တာမဟုတ်ပါဘူး hyungရဲ့အဖိုးက dyoနေစရာမရှိတာကြောင့် ပေးနေထားတာပါ'
kai:: ' ဒါဆို နေကြာပန်းခင်းက မင်းစိုက်ထားတာလား'
dyo:: ' ဟုတ်ပါတယ်hyung . hyungမကြိုက်ဘူးဆိုရင် မစိုက်တော့ပါဘူး'
kai:: ' မကြိုက်ဘူးလို့ဟြေလို့လား ဒါနဲ့မင်းမိဘတွေရဲ့ စီးပွားရေးတွေနဲ့ အိမ်က ဘယ်ရောက်သွားလို့လဲ'
dyo:: ' appaရဲ့comaရောဂါကို ကုဖို့အတွက် ဦးလေးကို ပေးလိုက်ရတယ် အခုဦးလေးက appaဆေးရုံစရိတ်ကို ကူညီထားပါတယ် '
*ဘာလဲဟ ဆေးရုံစရိတ်စိုက်ပေးတယ်ဆိုပြီး အကုန်အပိုင်ယူထားတာလား ကိုယ့်တူတစ်ယောက်ကိုတောင် နေစရာမပေးဘူး* ဆိုပြီး kaiတွေးနေမိတယ် အိမ်ရှေ့ရောက်တော့
dyo dyoကားပေါ်က ဆင်းသွားပြီး
Dyo:: ' hyung လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် ဟိုလေ coffeeသောက်သွားအုန်းမလား'
kai::; ' နေပါစေ မသောက်တော့ဘူး သွားအုန်းမယ်'
kaiအိမ်ရှေ့ကနေကားမောင်းထွက်လာပြီး နောက်ကြည့်မှန်ကိုကြည့်လိုက်တော့ အခုချိန်ထိ အိမ်ထဲမဝင်သေးဘဲ သူ့ကားကိုကြည့်နေတာ တွေ့လိုက်ရတယ် 'ဒီလောက်မိုးစိုနေတာ အိမ်ထဲမဝင်ဘဲ ရပ်နေတယ်' ဆိုပြီး kaiဟြေလိုက်တယ် kaiလည်း သူ့တည်းခိုနေတဲ့ hotelရောက်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး coffeeသောက်နေတုန်း dyo dyo ဦးလေးအကြောင်းကို သိချင်လာတာကြောင့် ကားသော့ယူပြီး လူတစ်ယောက်ဆီကို ထွက်လာခဲ့တယ်
###############################
အနော်ရဲ့ဒီficကို အနော်ကြိုက်တဲ့ authorတွေထဲက တစ်ယောက်ဖြစ်တဲ့ exodochenlover က reading listထဲပေးတော့ အရမ်းဝမ်းသာမိတယ် အဲဒါကြောင့် အမြန်ထပ်updateလိုက်တာ
*^_^* *^_^*