နှင်းတောင်ကြားကချစ်ပုံပြင် Ep-11

888 87 6
                                    

"နှင်းတောင်ကြားက
                    ချစ်ပုံပြင်"
Episode(11)

baek ပန်းပင်လေးတွေကို photo
လိုက်ရိုက်ရင်း sehunတို့ရှိတဲ့ရေကန်နဲ့ တော်တော်ဝေးဝေးကိုရောက်လာခဲ့တယ် အဲဒါကြောင့် luဒဏ်ရာရတာရော sehunနဲ့luတောင်အောက်ပြန်ဆင်းသွားတာ
ရော baekမသိလိုက်ဘူး baekသတိထားမိချိန်မှာတော့ ' ဟင် ရေကန်နဲ့
အဝေးကြီးကို ရောက်နေပြီ ငယ်လေးနဲ့luတော့
စိတ်ပူနေတော့မှာပဲ' ဆိုပြီး ရေကန်ရှိရာကို ပြန်လှည့်လာခဲ့တယ် ဒါပေမဲ့ baekအကြာကြီး
လမ်းလျှောက်နေပေမဲ့ ရေကန်ဘက်ကိုမရောက်
တော့ဘဲ လမ်းပျောက်နေတယ် ' လမ်းလျှောက်
ရလွန်းလို့ ခြေထောက်တောင်ညောင်းလာပြီ အခုထိရေကန်လည်းရှာမတွေ့သေးဘူး ငယ်လေး lu ငယ်လေး sehun lulu နင်တို့
ဘယ်မှာလဲ' ဆိုပြီး ငိုမဲ့မဲ့အသံနဲ့ baek အော်ခေါ်နေတယ်
###############
sehunတစ်ယောက် luကိုပွေ့ချီပြီး
တောင်အောက်ကိုအမြန်ဆင်းကာ ဆေးရုံဆီခေါ်
သွားတယ် လမ်းတစ်ဝက်ရောက်တော့ လမ်းလျှောက်နေတဲ့yeol'momနဲ့တိုးတယ်
yeol'mom::: ' sehun ဘာဖြစ်လာတာလဲ ဟယ် lulu ခြေထောက်မှာသွေးတွေနဲ့ပါလား'
sehun::: ' အန်တီ luခြေထောက်ကထောင်
ချောက်နဲ့ထိမိလို့ပါ ကျွန်တော်တို့ဆေးရုံသွားနှင့်
ပြီ '
yeol'mom::: ' အေးး သွားနှင့် အန်တီအိမ်ကနေ လိုအပ်တာလေးတွေယူပြီးလိုက်ခဲ့မယ်'
sehunလည်းဆေးရုံကို သုတ်ခြေတင်
ပြီးပြေးသွားတယ် ဆေးရုံရောက်တော့luက
သွေးထွက်လွန်ပြီး သတိလစ်သွားတယ်
#############
chanyeol ခြံထဲမှာဂစ်တာတီးနေတုန်း
သူ့omma အလောတကြီးနဲ့ အိမ်ထဲဝင်လာတာ
ကိုတွေ့လိုက်တယ်
yeol::: ' omma ဘာဖြစ်လာတာလဲ'
yeol'mom::: ' ဆေးရုံ ဆေးရုံ အခုသွားရမယ်
argyima argyima ကျွန်မအခုဆေးရုံသွားလိုက်
အုန်းမယ် လိုအပ်တာတွေကိုလှမ်းမှာမယ် '
argyima::: ' ကောင်းပါပြီ'
yeol::: ' omma ဖြေအုန်းလေ ဆေးရုံကိုဘာလို့
သွားမှာလဲ'
yeol'mom::: luလေ lulu ဒဏ်ရာရလာလို့'
chanyeol ချက်ချင်းတွေးမိလိုက်တာ
က baekhyunကို ' baekရော အန္တရာယ်ကင်း
ရဲ့လား' ဆိုပြီးတွေးမိလိုက်တယ် ' omma ကျွန်တော် ဆေးရုံကိုလိုက်ပို့ပေးမယ်' ဆိုပြီးဟြေလိုက်တယ်
chanyeolတို့ဆေးရုံရောက်သွားတော့
sehunက luအတွက်သွေးလှူနေတယ် luကတော့သတိမရသေးဘူး
yeol'mom::: ' ဒေါက်တာ အခြေအနေကဘယ်
လိုနေသေးလဲ'
ဒေါက်တာ::: ' ကောင်းပါတယ် ဒဏ်ရာကိုကုသပြီးပါပြီသွေးထွက်လွန်
သွားလို့ သတိလစ်သွားတာပါ
ခဏနေသတိရလာမှာပါ' ဟြေပြီး ဒေါက်တာထွက်သွားတယ် sehunလည်းသွေးလှူပြီးတော့ ကုတင်ပေါ်မှာ
လဲနေတယ်
yeol'mom::: ' sehunက luနဲ့သွေးအုပ်စုတူ
တာလား'
sehun::: ' ဟုတ် ဆေးရုံရောက်တော့ luကသွေးထွက်လွန်နေတယ် အဲဒါနဲ့ဒေါက်တာကသွေးသွင်းဖို့ လိုတယ်လို့ဟြေ
တယ် luကOသွေးဆိုတာနဲ့ ကျွန်တော်လှူလိုက်တာပါ'
chanyeolကတော့ သူ့ommaနဲ့sehunတို့ဟြေနေတာကို နားမထောင်နိုင်ဘဲ baekကိုသာလိုက်ရှာနေတယ် ဆေးရုံတစ်ခုလုံးလည်းနှံနေအောင်ရှာလို့မတွေ့တော့မှ
yeol::: ' sehun baekရော ဘယ်မှာလဲမတွေ့ပါလား' ဆိုပြီးမေးလိုက်မှ
' ဟုတ်သားပဲ baekဘယ်ရောက်နေတာလဲ' ဆိုပြီးyeol'momအခုမှသတိထားမိသွားတယ်
sehun::: ' ဟာ သွားပြီ noona noonaတောင်ပေါ်မှာကျန်ခဲ့တယ် ဘယ်လိုလုပ်မလဲ ခဏနေပဲမှောင်တော့မယ်
သွားခေါ်ရမယ်' ဆိုပြီး sehun ကုတင်ပေါ်ကနေ ဆင်းလိုက်တော့ စောနကသွေးလှူထားတာဆို
တော့ အားနည်းနေတာကြောင့် ခေါင်းမူးပြီး ကုတင်ပေါ်ပြန်ထိုင်ကျသွားတယ်
yeol::: ' sehun မင်းအားနည်းနေသေးတယ်
နားနေလိုက်အုန်း ငါသွားရှာလိုက်မယ် အားပြည့်မှနောက်ကလိုက်ခဲ့တော့ မြေပုံပေးလိုက်အုန်း'
sehun::: 'ဒီမှာ မြေပုံ hyung ဓာတ်မီးယူသွား
အုန်း ခဏနေမှောင်တော့မှာ ' ဆိုပြီး yeolကိုဟြေလိုက်တယ် ပြီးတော့ ' hyung .
noonaကို ပြန်ခေါ်လာပေးပါနော်' ဆိုပြီးyeolကို
တောင်းဆိုလိုက်တယ် ' စိတ်ချပါ ပြန်ခေါ်လာခဲ့
ပါမယ် အရမ်းလည်းစိတ်ပူမနေနဲ့အုန်း ommaကျွန်တော်သွားပြီ' ဆိုပြီး ommaနဲ့sehunကို နှုတ်ဆက်ပြီး baekကိုရှာဖို့
တောင်ပေါ်ကိုထွက်လာခဲ့တယ်
chanyeol တောင်ပေါ်မှာလိုက်ရှာရင်း
ရေကန်ဘေးနားကိုရောက်လာတော့ မှောင်နေပြီ
ဓာတ်မီးရဲ့အလင်းရောင်ကိုအားပြုပြီး ရေကန်ဘေးနားပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ပန်းတွေပွင့်နေတဲ့ ဘက်ကို
တွေ့လိုက်တယ် baekအဲဘက်မှာရှိနိုင်လောက်
တယ်ဆိုပြီး အဲဘက်ကိုသွားရှာတယ်
##################
baekခြေဦးတည့်ရာလျှောက်သွားရင်း
ညဘက်ရောက်လာပြီး အမှောင်ထုကဖုံးလွှမ်း
လာတာကြောင့် baekပတ်ဝန်းကျင်ကိုသဲကွဲစွာ
မမြင်ရတော့ဘူး baekလမ်းလျှောက်ရင်း
ခြေခေါက်သွားတယ် ခြေထောက်မထောက်နိုင်
တော့တာကြောင့် အနီးရှိသစ်ပင်ကြီးတစ်ပင်ရဲ့
အောက်မှာ baekထိုင်နေလိုက်တယ် အေးတဲ့ဒေသဆိုတော့ ညဘက်ရောက်လာတာ
နဲ့ တဖြည်းဖြည်းအေးစိမ့်လာတယ် ညကလည်းတဖြည်းဖြည်းနဲ့နက်လာလေ ပတ်ဝန်းကျင်ကလည်းမှောင်ပြီးအေးလာတာ
ကြောင့် ' ငယ်လေး lulu နင်တို့ဘယ်ရောက်
နေကြတာလဲ ငါ့ကိုတစ်ယောက်တည်းထားခဲ့
ကြတာလား အင့်ဟီးးဟီးးး' baekကြောက်ပြီး
ငိုတော့တယ် အေးလည်းအေးနေတာကြောင့်
အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်း ရိုက်နေပြီး ခန္ဓာကိုယ်လည်းတုန်နေတယ်
chanyeol ဓာတ်မီးတစ်လက်နဲ့
ညအမှောင်နဲ့အအေးဒဏ်ကိုအံတုပြီး baekကိုလိုက်ရှာနေတယ် တစ်နေရာအရောက်
' အင့် ဟင့် ဟီးး' ရှိုက်ပြီးငိုနေတဲ့အသံတစ်သံကို
ကြားလိုက်တယ် ' ဟင် ငိုသံ ငိုသံပါလား baekအသံထင်တယ် ဒါဆိုဒီအနီးအနားမှာပဲရှိ
ရမယ်' ဆိုပြီးchanyeolအားတက်သွားတယ်
အသံကြားတဲ့ဘက်ကိုမှန်းဆပြီး chanyeolရှာ
လိုက်တော့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်ပြီး
ငိုနေတဲ့baekကိုတွေ့လိုက်တယ် အေးနေတာကြောင့်လား ငိုနေတာကြောင့်လားမသိ baekခန္ဓာကိုယ်လေး
တုန်နေတာကိုတွေ့လိုက်ရတော့ chanyeolရင်ထဲမှာအမျိုးအမည်မသိတဲ့ခံစားမှု
တစ်ခုခံစားလာရပြီး နှလုံးသားကနေစူးပြီးအောင့်
တက်လာတယ် chanyeol baekဆီကိုပြေး
ပြီးသွားလိုက်တယ် ' baek ' လို့သူ့နာမည်ကို
ခေါ်လိုက်တဲ့အသံကြောင့် baekမော့ကြည့်လိုက်
တော့ အံ့သြသွားတယ် ' yeol တကယ်yeolလားဟင်' မေးလိုက်တဲ့baekအသံ
ကအေးနေတာကြောင့်တုန်နေတယ် 'ဟုတ်ပါတယ်baek yeolပါ' ဆိုပြီးပြန်ဖြေသံလည်းကြားရော baek တစ်ယောက်တည်းဖြစ်နေတာကြောင့်ခိုကိုးရာမဲ့
သလိုခံစားနေရတဲ့စိတ်တွေပျောက်သွားတယ်
ဝမ်းသာအားရနဲ့baekမတ်တပ်ရပ်လိုက်တာ ခြေထောက်ကခေါက်ထားတာကြောင့် နောက်ပြန်လဲကျမလို့ဖြစ်သွားတယ် ဒါပေမဲ့chanyeolကလှမ်းဆွဲထားလိုက်တာ ကြောင့် baekတစ်ယောက် chanyeolရင်ခွင်ထဲ
ရောက်သွားတယ်
yeolရင်ခွင်ထဲလည်းရောက်ရော baekတစ်ယောက်တည်းကြောက်နေခဲ့ရတာ
ရော အားငယ်နေခဲ့ရတာတွေပေါင်းပြီး
' ဘာလို့အခုမှရောက်လာရတာလဲ တစ်ယောက်တည်းကြောက်နေတာ' ဆိုပြီးစကား
တွေဟြေကာ ငိုတော့တယ် chanyeolလည်း သူ့ရင်ခွင်ထဲမှာငိုနေတဲ့baekကိုခွာဖို့ပုခုံးကို
ကိုင်လိုက်တော့ ' အေးစက်နေပါလား ခန္ဓာကိုယ်
ကရေခဲတုံးဖြစ်နေပါလား ကြောက်လည်း တော်တော်ကြောက်နေတယ်ထင်တယ် အသားတွေတောင်တုန်နေပါလား' ဆိုပြီးတွေး
မိကာ မခွာတော့ဘဲbaekနွေးလည်းနွေးအောင်
အားငယ်နေတဲ့စိတ်တွေလည်းလျော့သွားအောင်
လို့သူရင်ခွင်ထဲမှာမြုပ်ဝင်နေအောင် baekကိုဖက်ထားလိုက်တယ် baekကလည်း ရှိုက်ပြီးငိုနေတုန်းပဲ
ခဏကြာတော့ baekတစ်ယောက် ငိုလို့ဝသွားတယ် baekအငိုရပ်တော့မှာ yeolလည်း သူ့ရင်ခွင်ထဲကနေထုတ်ပြီး
' ကဲ ငိုလို့ဝပြီလား ' မေးလိုက်တော့ baekခေါင်းညိတ်ပြတယ်
' ဒါဆိုလည်း ပြန်ရအောင် အိမ်ကလူတွေစိတ်ပူ
နေပြီ' ဆိုပြီးyeolဟြေလိုက်တော့ ' ဘယ်လိုပြန်
ရမှာလဲ baekမှာလမ်းမလျှောက်နိုင်တာ' ဆိုပြီးbaekပြန်ဟြေလိုက်တယ် chanyeolက baekကိုစကားပြန်မဟြေသေးဘဲ သူရဲ့ကုတ်အကျီကိုချွတ်ပြီး baekကိုခြုံပေးလိုက်
တယ် baekလည်းအံ့သြပြီး ' yeol yeolကအေးနေမှာပေါ့' ဆိုပြီးဟြေလိုက်တော့
' baekကိုကုန်းပိုးမှာပဲလေ ဒါဆိုရင်ဒီကုတ်အကျီ
ကနှစ်ယောက်စလုံးကို ခြုံပေးသလိုပဲလေ' yeolပြန်ဟြေလိုက်တယ်
' ကုန်းပိုးမယ်ဟုတ်လား ' မျက်တောင်လေး
ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးbaekမေးလိုက်တယ်
' အေးလေ တောင်အောက်ရောက်ဖို့က အဝေးကြီးလိုသေးတယ်လေ baekမှာလမ်းမ
လျှောက်နိုင်တာ ကုန်းပိုးရတော့မှာပေါ့' ဟြေကာ သူကျောပေါ်တက်ခိုင်းလိုက်တယ်
yeol baekကိုကုန်းပိုးပြီး တောင်အောက်ကိုဆင်းဖို့အတွက် မြေပုံကိုင်ကာ
ဟိုကြည့်ဒီကြည့်လုပ်နေတယ် ဓာတ်မီးကိုbaekကကိုင်ပြီးအလင်းပြပေးနေ
တယ်
baek::: ' ဒါနဲ့ မေးရအုန်းမယ် sehunတို့ရော
တွေ့မိသေးလားဟင်'
yeol::: ' အခုဆေးရုံရောက်နေတယ်'
baek::: ' ရှင့်.... sehunတို့ဘာဖြစ်ကြတာလဲ တောကောင်တွေကိုက်လိုက်လို့လား' ဆိုပြီးအော်ဟြေလိုက်မိတယ်
yeol::: ' တိုးတိုးဟြေပါဟ နားကွဲတော့မယ် sehunတို့ကို တောကောင်ကိုက်သွားတာမဟုတ်ဘူး မုဆိုးတွေသားကောင်ဖမ်းဖို့ထောင်ထားတဲ့
ထောင်ချောက်မှာ luခြေထောက်ညှပ်မိပြီး
ဒဏ်ရာရသွားတာပါ '
baek::: ' luဒဏ်ရာ ရသွားတာလား baekကြောင့်ဖြစ်ရတာပါ baekသွားမယ်ဆိုလို့
သူတို့ကလိုက်ပေးရတာ အင့်' ဟြေရင်းနဲ့
baekမျက်ရည်တွေဝဲလာတယ်
yeol::: ' baekအပြစ်မဟုတ်ပါဘူး luဒဏ်ရာက
သေးသေးလေးပါ ဘာမှမဖြစ်ပါဘူး sehunက
luကိုစောင့်ပေးနေပါတယ် မစိုးရိမ်ပါနဲ့ '
yeolတစ်ယောက် baekကိုယ့်ကိုအပြစ်
တင်နေမှာစိုးတာကြောင့် စိတ်သက်သာရာရစေ
မဲ့စကားတွေဟြေပေးနေတယ် yeol baekကို ကျောပိုးပြီးလျှောက်နေတုန်း နှင်းတွေကျလာတယ် ဒီအတိုင်းတောင်အေးစိမ့်
နေတာ နှင်းပါကျလာတော့ အအေးဓာတ်ကပိုပြီး
တိုးလာတယ် yeolနဲ့baekခေါင်းတွေပေါ်ကိုလည်း နှင်းတွေကျလာတယ် အဲတော့baekကသူခြုံထားတဲ့ ကုတ်အကျီကို သူခေါင်းနဲ့yeolခေါင်းပေါ် နှင်းမကျအောင်ခေါင်းပေါ်က မိုးလိုက်တယ်
( ဘယ်လိုပုံဖြစ်နေလဲဆိုတာတော့ ကိုယ့်ဘာသာ
ပုံဖော်ကြည့်ပါ အနော်လည်းပုံပေါ်အောင် မရေးတတ်တော့လို့)
yeolနဲ့baekနှစ်ယောက်လုံး ကုတ်အကျီအောက်ရောက်သွားတာပေါ့ baekလည်းyeolကျောပေါ်ကနေလိုက်လာရင်း yeolပုခုံးပေါ်မေးတင်ပြီး အိပ်ပျော်သွားတယ်
yeolလည်း သူပုခုံးပေါ်ကိုbaekမှီလိုက်တာကြောင့်
လှည့်ကြည့်လိုက်တော့ အိပ်ပျော်နေတာကိုတွေ့လိုက်တယ်ပြီးတော့ ငိုထားတာကြောင့် baek မျက်လုံးတွေကလည်းမို့ပြီးဖောင်းနေတယ်လေ
' အခုမှစိတ်အေးသွားပြီထင်တယ် အိပ်ပျော်နေတာလည်း ကလေးလေးကြနေတာ
ပဲ ' ဆိုပြီးyeolတွေးလိုက်တယ်
yeol sehunပေးလိုက်တဲ့မြေပုံကို
ကြည့်နေရင်း ဓာတ်မီးအလင်းရောင်ကမှိတ်တုတ်မှိတ်တုတ် ဖြစ်လာတယ် ' ဟာသွားပြီ အားကုန်ခါနီးပြီ' ဆိုပြီး yeolစိတ်ပျက်သွားတယ် ( yeolဓာတ်မီး
ကဓာတ်ခဲနဲ့ဟုတ်ဖူးနော် ဘတ္ထရီနဲ့) အဲအချိန်မှာ ခပ်လှမ်းလှမ်းကနေမြေခွေးအူသံတွေကိုကြား
လိုက်တယ် yeolနာရီကိုကြည့်လိုက်တော့
သန်းခေါင်ရောက်တော့မယ်လေ မြေခွေးအူသံ
တွေကြောင့် baekနိုးလာခဲ့တယ်
baek::: ' ဟင် ဘာအသံတွေလဲyeol '
yeol::: ' မြေခွေးတွေ သူတို့အပေါင်းအသင်းတွေ
ကိုခေါ်နေကြတာ'
baek::: ' ဘာလို့ခေါ်နေကြတာလဲ'
yeol::: ' အမဲလိုက်ဖို့လေ ဒီအချိန်ကသူတို့တွေ
အုပ်စုလိုက်အမဲလိုက်ကြတာ'
yeolဟြေလိုက်တဲ့စကားကြောင့် အိပ်ချင်နေတဲ့baekမျက်လုံးတွေပြူးသွားတယ်
baek::: ' သူတို့တွေအုပ်စုလိုက်အမဲလိုက်ရင် ခြင်္သေ့ကိုတောင်သတ်နိုင်တယ်လို့ကြားဖူးတယ်
baeတို့ဘယ်လိုလုပ်မလဲ yeolကbaekကို ကုန်းပိုးထားရတာဆိုတော့ သူတို့တွေလိုက်ရင်
လွတ်အောင်ပြေးနိုင်မလား ဟင်'
( အနော်လည်းမြေခွေးတွေအကြောင်းကို ကြားဖူးနားဝရှိတာလေးတွေ ထည့်ရေးတာ ဟုတ်မဟုတ်တော့မသိဘူး)
baekဟြေနေရင်းနဲ့ ငိုချင်လာတယ်
yeol::: ' မြေခွေးတွေမတွေ့လောက်ပါဘူး အသံကြားတာက yeolတို့နဲ့ဝေးပါတယ် မနက်မိုးလင်းမှတောင်အောက်ဆင်းဖို့ လမ်းရှာရင်ပိုကောင်းမယ်ထင်တယ် မှောင်နေတော့လမ်းရှာရတာ အဆင်မပြေဘူးဖြစ်နေတယ် ဓာတ်မီးကလည်းအားသိပ်မရှိတော့ဘူး နှင်းတွေကလည်းအရမ်းကျနေပြီ ပြီးတော့ မြေခွေးတွေရန်ကလည်းလွတ်အောင် ပုန်းစရာတစ်ခုခုရှာပြီးနေနေတာ ကောင်းမယ်ထင်တယ်'
yeolအကြံကို baekလည်းသဘောတူ
လိုက်တယ် yeolတို့နားခိုဖို့အတွက် နေရာလိုက်
ရှာနေတုန်းးး
############
ဆေးရုံမှာတော့
sehun::: ' အန်တီပင်ပန်းနေပြီထင်တယ် အိမ်ပြန်နားလိုက်ပါလား ဒီမှာတော့ကျွန်တော်
ပဲစောင့်ပေးလိုက်ပါမယ် luသတိရလာရင် အကြောင်းကြားပါမယ်'
yeol'mom::: ' အင်း ဒါဆိုအန်တီ ပြန်လိုက်အုန်း
မယ် အိမ်မှာရှိတဲ့argyimaလည်းတော်တော်
စိတ်ပူနေလောက်ပြီ အကျိုးအကြောင်းသွားဟြေ
လောက်အုန်းမယ်'
yeol'momအိမ်ပြန်သွားတော့ sehun
လည်း luကိုစောင့်ရင်း လူနာကုတင်ပေါ်မှာခေါင်း
တင်ပြီးအိပ်ပျော်သွားတယ်
luသတိရလာတော့ ပတ်ဝန်းကျင်ကို
ကြည့်လိုက်တယ် ' ငါဆေးရုံရောက်နေတာပဲ'
ဆိုပြီးတွေးလိုက်တယ် ဘေးကိုကြည့်လိုက်တော့
အိပ်ပျော်နေတဲ့sehunကိုတွေ့လိုက်တယ် အိပ်ပျော်နေတဲ့ပုံကကြည့်လို့ကောင်းတာနဲ့ luလည်းမနိုးဘဲကြည့်နေတယ် ဒါပေမဲ့ luတစ်စုံတစ်ယောက်ကိုသတိရလိုက်တယ် အဲဒါကတော့baek ဖြစ်တယ်
lu::: ' ငယ်လေး ငယ်လေး ထပါအုန်း '
sehun::: ' အင်းးးး lu သတိရလာပြီလား ခြေထောက်ရောဘယ်လိုနေသေးလဲ နာသေးလား'
lu::: ' lu သက်သာပါတယ် ဒါနဲ့baekရော
baekကိုluတို့မခေါ်ခဲ့မိဘူးမှတ်လား အခုbaekပြန်ရောက်နေပြီလားဟင်'
sehun::: ' ဟင့်အင်း noonaပြန်ရောက်မလာ
သေးဘူး '
lu::: ' ဒါဆို သွားရှာကြမယ်လေ '
sehun::: ' lu စိတ်ငြိမ်ငြိမ်ထားပါ အခုchanyeol hyungသွားရှာနေတယ် မနက်ကျရင် ကျွန်တော်လည်းလိုက်သွားမှာပါ '
lu::: 'baekတော့တစ်ယောက်တည်းကြောက်နေ
တော့မှာပဲ yeolအမြန်ဆုံးbaekကို ရှာတွေ့မှာပါနော်'
sehun::: ' hyung ရှာတွေ့မှာပါ luအခုတော့
အနားယူလိုက်အုန်းနော် ဒဏ်ရာကသွေးထွက်များထားတော့ အားနည်းနေသေးတယ်လေ ကျွန်တော် အန်တီဆီကိုဖုန်းဆက်ပြီး luသတိရပြီးဆိုတဲ့အကြောင်းကိုဖုန်းဆက်ပြီး အကြောင်းကြားလိုက်အုန်းမယ်'
sehunလည်းluကိုပြန်အိပ်ခိုင်းလိုက်
ပြီး yeol'momဆီဖုန်းဆက်အကြောင်းကြား
လိုက်တယ်
##################
chanyeol တို့နေရာရှာနေတုန်း မြေခွေးအူသံတွေက တဖြည်းဖြည်းနီးကပ်လာတယ် ပြီးတော့ရုတ်တရက် yeolတို့ရှေ့ကို မြေခွေးလေးကောင်ရောက်လာတယ် yeolတို့လည်း မြေခွေးတွေကိုတွေ့တာနဲ့ လှည့်
ပြေးကြတယ် yeolတို့ပြေးတော့ နောက်ကနေ မြေခွေးတွေကလိုက်ကြတယ် yeolတို့ပြေးနေရင်း yeolကျောက်ခဲနဲ့ခလုတ်မိ
ပြီး လဲကျသွားတယ် yeolနဲ့baekတို့ လဲကျသွား
ချိန်မှာ နောက်ကလိုက်လာတဲ့ မြေခွေးတစ်ကောင်က baekကိုလှမ်းခုန်အုပ်လိုက်တယ် ဒါပေမဲ့ baekကိုမကိုက်
မိဘဲ baekခြုံထားတဲ့ကုတ်အကျီကိုပဲ ကိုက်မိပြီးဆွဲယူသွားတယ် baekလည်းအကြောက်လွန်ပြီး သတိလစ်သွားတယ် ' baek baek ' ဆိုပြီး yeolလှမ်းခေါ်ပေမဲ့ baekကပြန်မထူးနိုင်တော့ဘူး yeolလည်းဒေါသတွေအရမ်းထွက်ပြီး တဖြည်းဖြည်းပုံစံဟြေင်းလာတယ် မျက်လုံးကလည်းအနီရောင်ဖြစ်သွားပြီး အစွယ်နဲ့ လက်သည်းတွေလည်းရှည်ထွက်လာတယ် ပြီးတော့ သူတို့နောက်ကိုလိုက်လာတဲ့ မြေခွေးတွေကို သတ်ပစ်လိုက်တယ်
baek yeolခေါ်သံကိုကြားပေမဲ့ပြန်မထူးနိုင်
တော့ဘဲ တဖြည်းဖြည်းနဲ့မျက်လုံးတွေစင်းကျလာ
ပြီးအမြင်တွေဝေဝါးလာတယ် ဒါပေမဲ့baek လောကနဲ့အဆက်အသွယ်မပျက်ခင်လေးမှာ yeol vampireပုံစံဟြေင်းသွားပြီး မြေခွေးတွေကိုသတ်နေတာ ဝိုးတိုးဝါးတားမြင်
လိုက်ပြီး သတိလစ်သွားတယ်
##########################
ဒီတစ်ပိုင်းရေးတာ တော်တော်ရှည်သွားတယ် ဒါပေမဲ့yeolတို့အခုထိတောင်အောက်မရောက်သေးဘူးဖြစ်နေတယ် နောက်တစ်ပိုင်းမှာ
တော့တောင်အောက်ရောက်လောက်ပါပြီ

နှင်းတောင်ကြားက ချစ်ပုံပြင်Место, где живут истории. Откройте их для себя