နှင်းတောင်ကြားကချစ်ပုံပြင် Ep-16

813 92 2
                                    

" နှင်းတောင်ကြားက
                      ချစ်ပုံပြင်"
Episode(16)

baek ဆေးရုံကနေပြန်လာတော့ မိုးအရမ်းချုပ်နေတာကြောင့် လမ်းကမှောင်နေတယ် baekလည်းကြောက်ကြောက်နဲ့ အမြန်လျှောက်တယ် baekနောက်ကနေ ခြေသံတွေနဲ့စကားဟြေသံတွေ ကြားတာကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ မိန်းကလေးသုံးယောက်ကို တွေ့လိုက်တယ် အဲဒါနဲ့စိတ်အေးသွားပြီ baekလမ်းဆက်လျှောက်နေတုန်း ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားသလို ခံစားလိုက်ရတယ် အဲအချိန်မှာ လမ်းဘေးနားမှာ ကပ်ပေါက်နေတဲ့ သစ်ပင်ချုံတွေထဲက ချုံတစ်ခုကလေမတိုက်ဘဲနဲ့လှုပ်နေတယ်

' ဟင် ဟိုတစ်ခုဘာလို့လေမတိုက်ဘဲနဲ့လှုပ် နေရတာလဲ' ဆိုပြီး baekကြောက်တဲ့စိတ်ထက် သိချင်နေတဲ့စိတ်ကပိုများနေတာကြောင့် ချုံအနားကိုတိုးသွားတယ် baek ချုံအနားလည်းရောက်ရော ချုံထဲကနေဌက်တစ် ကောင်ထွက်လာပြီး baekမျက်နှာကနေ ကပ်ပြီးပျံသွားတယ် ' အားးးးးးးးး' baekလည်းလန့်ပြီးနောက်ဆုတ်လိုက်တော့ နောက်ပြန်လဲကျသွားပြီး လက်ထဲကပိုက်ဆံအိတ်လည်း အဝေးကိုလွင့်သွားတယ် baekချော်လဲနေရာက ထပြီး ' ဌက်အစုတ်ပလုတ် လူကိုလန့်အောင် လုပ်တယ် သူကြောင့် ငါဒဏ်ရာရသွားပြီ' ဆိုပြီး ပွန်းသွားတဲ့လက်ဖဝါးတွေကိုကြည့်ပြီး baekဟြေလိုက်တယ် အဲမြင်ကွင်းကို သစ်ပင်တစ်ပင်ရဲ့အကွယ်မှာ ရပ်ကြည့်နေတဲ့ chanyeolက ' တကယ်ပါပဲ ရန်ဖြစ်စရာရှားလို့ ဌက်နဲ့များရန်ဖြစ်နေရတယ် အူကြောင်ကြောင်နဲ့' ဆိုပြီး ရီနေမိတယ်

flash back start
chanyeol သူ့ommaနဲ့စကားဟြေနေ ရင်း ရုတ်တရက် baekအော်သံကိုကြားလိုက်တာကြောင့် စကားဟြေနေရာက ထပြေးလာခဲ့တယ် baekရှိရာကိုအမြန်ရောက်ချင်နေတဲ့စိတ်ပဲ သူဆီမှာစိုးမိုးနေတယ် သူအသိစိတ်ပြန်ဝင်လာပြီး ကြည့်လိုက်တော့ သစ်ပင်တစ်ပင်ရဲ့အနားကို ရောက်နေတယ် အဲဒါနဲ့ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဌက်နဲ့ရန်ဖြစ်နေတဲ့baekကို တွေ့လိုက်ရတယ်
flash back end

baekတစ်ယောက် ဌက်ကိုပွစိပွစိဟြေ နေရင်း သူပိုက်ဆံအိတ်လိုက်ရှာနေတယ် ပိုက်ဆံအိတ်ကို သွားကောက်တော့ စောနက ကောင်မလေးသုံးယောက်အနားရောက်လာပြီး ပိုက်ဆံအိတ်ကိုလှမ်းကောက်နေတဲ့baekလက် ကိုတက်နင်းလိုက်တယ် baekလည်းအရမ်းနာ သွားတာကြောင့် ' yarrrrrrr နင်တို့ဘယ်လိုလုပ်လိုက်တာလဲ ' ဆိုပြီး အော်ဟြေလိုက်တယ်
girl 1 :: ' အဲတော့ နင်က ဘာလုပ်ချင်လဲ မကျေနပ်ဘူးလား'

နှင်းတောင်ကြားက ချစ်ပုံပြင်Место, где живут истории. Откройте их для себя