နှင်းတောင်ကြားကချစ်ပုံပြင် Ep-17

815 86 0
                                    

" နှင်းတောင်ကြားက
                               ချစ်ပုံပြင် "
Episode (17)

               chanyeol  vampireပုံစံဟြေင်းသွား ပြီး ကိုက်တော့မဲ့ပုံစံနဲ့ baekလည်ပင်းနားကို တိုးသွားတယ်  baekက ထွက်မပြေးဘဲ မျက်လုံးမှိတ်ကာ ငြိမ်ငြိမ်လေးရပ်နေတယ် baekရဲ့ပါးပြင်နှစ်ဖက်မှာတော့ မျက်ရည်လေးတွေ စီးကျနေတယ်  yeolက baekလည်ပင်းနားကို နီးသထက်နီးအောင် အနားကပ်လာလေ  baek မျက်လုံးကို အတင်းစုံမှိတ်ထားပြီး လက်နှစ်ဖက်ကလည်း စားပွဲအစွန်းကို ဆုပ်ကိုင်ထားတယ်  yeolပြုမူလိုက်တဲ့အပြုအမူကြောင့် baekအံ့သြ သွားကာ ကျောက်ရုပ်ကြီးလို ဖြစ်သွားတယ်  အဲဒါကတော့ baekလည်ပင်းကို yeolကမကိုက်ဘဲနဲ့ baekခန္ဓာကိုယ်လေးကို yeolသိုင်းဖက်လိုက်ကာ  baekလည်ပင်းပေါ်ကို အနမ်းမိုးတွေရွာချလိုက်တာကြောင့် ဖြစ်တယ်
             
       တော်တော်ကြာမှbaekကို လွှတ်ပေးလိုက်ပြီးတော့  ' မင်းဘာလို့ထွက်မပြေး တာလဲ  တကယ်ကိုက်လိုက်မှာ မကြောက်ဘူးလား ' ဆိုပြီးyeolမေးလိုက်တာကို အခုချိန်ထိအသံမထွက်နိုင်သေးတဲ့baekတစ် ယောက် မကြောက်ဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ ခေါင်းခါပြလိုက်တယ် ပြီးတော့ yeolမျက်နှာကို သေချာကြည့်လိုက်တော့ သာမန်yeolမျက်နှာအတိုင်း ပြန်ဖြစ်နေတာကို တွေ့လိုက်တယ်
        
      ' ငါ မင်းကိုလေဆိပ်မှာ စတွေ့ကတည်းက  ငါရင်ဘတ်ထဲမှာ တစ်မျိုးကြီးခံစားမိတာ   နောက်ပိုင်းမင်း    တောင် ပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့တယ်လို့ ကြားတုန်းကဆို မင်းအတွက်ငါစိတ်အရမ်းပူပြီး တောင်ပေါ်ကို အမြန်ငါလိုက်လာခဲ့တာ  အဲတော့မှ ငါ  မင်းကိုချစ်နေမိပြီဆိုတာကို သိလိုက်တာ  မင်းနဲ့ ဘဝချင်းမတူတာကြောင့် ငါ့ခံစားချက်တွေကိုမျိုသိပ်ခဲ့တယ်  ငါ့ဘဝအမှန်ကို မင်းသိသွားပြီး ငါကို ကြောက်ရွံ့သွားမှာကိုလည်း ငါအရမ်းစိုးရိမ်တယ်
နောက်ဆုံးငါခံစားချက်တွေကို မျိုသိပ်မထားနိုင်တော့တာကြောင့် အခုလို ငါ့ခံစားချက်တွေနဲ့ ငါ့ဘဝအမှန်ကို ဟြေပြလိုက်တာပါ  မင်းအခုငါကို ကြောက်သွားတယ်မှတ်လား မင်းကိုကြောက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်  မင်း ထွက်သွားပါတော့ ' ဆိုပြီး  yeol  baekကို ကျောခိုင်းပြီး ဟြေလိုက်တယ် 
           
             baek ထွက်မပြေးဘဲနဲ့  yeolခါးကို အနောက်ကနေ ဖက်လိုက်တယ် yeolအံသြ သွားပြီး baekနဲ့မျက်နှာချင်းဆိုင်ဖို့ ခန္ဓာကိုယ်ကို လှည့်ဖို့လုပ်နေတုန်း  baekကမလှည့်နိုင်အောင် အတင်းဖက်ထားပြီး yeolကျောပေါ်ကို မျက်နှာကပ်ထားကာ ' baekဟြေတာတွေ ဒီအတိုင်းငြိမ်ငြိမ်လေး နားထောင်ပေးပါလားyeol' ဆိုပြီး baekဟြေလိုက်တာကြောင့် yeolလည်းမလှုပ် တော့ဘဲ ငြိမ်နေလိုက်တယ်
baek ::: ' yeolကို baekမကြောက်ပါဘူး yeolက vampireပဲဖြစ်ဖြစ် monsterပဲဖြစ်ဖြစ် baekဂရုမစိုက်ဘူး  baekချစ်နေတာက yeol.
baekဆိုတဲ့ကောင်မလေးချစ်နေတာက ဟောဒီကchanyeolဆိုတဲ့ကောင်လေးကိုပဲ . အခြားဟာတွေbaekမသိဘူး baekသိတာက chanyeolဆိုတဲ့ကောင်လေးကို ချစ်နေမိတယ် ဆိုတာပဲ'  ( baek နင်ကိုတော့မဟြေတော့ဘူး ချစ်တယ်ဆိုတာကို တစ်ခါထဲဟြေလည်း နားလည်ပါတယ် အခုတော့ခဏခဏဟြေနေတယ် ;) ;) )   ဆိုပြီး baekဟြေနေရင်း ထပ်ငိုနေတော့တယ်  
                
                     chanyeolတစ်ယောက် သူကိုနောက်ကနေဖက်ပြီးငိုနေတဲ့ ကောင်မလေးကို  သူရှေ့ရောက်အောင် ဆွဲခေါ်လိုက်တယ်  သူရှေ့ကို baekရောက်လာ ပေမဲ့ baekက ခေါင်းငုံထားတာကြောင့်  baekမျက်နှာလေးကို yeolဆွဲမော့လိုက်တယ် ပြီးတော့ baekပါးပြင်မှာစီးကျနေတဲ့မျက်ရည်တွေကို သုတ်ပေးလိုက်တယ် ' တော်တော်မျက်ရည် လွယ်တဲ့ကောင်မလေးပဲ အားအားရှိငိုနေတာပဲ နောက်ထပ်မင်းကို ငိုရအောင် မလုပ်တော့ပါဘူး  baekကလည်း ချစ်တယ်ဆိုတော့ အရမ်းပျော်တာပဲ ပြီးတော့  မင်းငါကို လက်ခံပေးတဲ့အတွက် ကျေးဇူးပဲbaek   မြေခွေးတွေနဲ့ ဟိုနေ့ညကလို နှောင့်ယှက်တဲ့သူ
တွေရဲ့ရန်ကနေ အမြဲတမ်းကာကွယ်ပေးမယ် ငါ့baekလေးကို ဘယ်သူမှထိခိုက်အောင် လုပ်လို့မရစေရဘူး '  ဆိုပြီးyeolဟြေလိုက်တယ်
             
           baekကတော့ yeolကိုပြုံးပြီး ကြည့်နေရင်းက တစ်ခုခုကိုသတိရသွားပြီး
baek::: ' မြေခွေးတွေဆိုမှ သတိရတယ်  ဟိုတစ်ခါမြေခွေးတွေက သေသွားတာလား'
yeol::: ' အင်းး  ငါသတ်လိုက်မိတာ ' ဟြေရင်း yeolမျက်နှာလေးညိုးသွားတယ်
baek ::: ' သေသွားတာပဲ ကောင်းတယ် အဲအကောင်တွေက လူတွေကိုဒုက္ခပေးနိုင်တယ်  ဒါနဲ့yeol    လူတော့မသတ်ဖူးဘူးမှတ်လား'
yeol::: ' ဟားးးး စိတ်ချပါbaek  ကို့လူမသတ်ပါဘူး '
baek ::: ' ဟိုပုလင်းထဲက လူသွေးတွေဆို '
yeol ::: ' အဲသွေးတွေက ဆေးရုံကရတာပါ  luယူပေးထားတာ'
baek::: ' luက သိတယ်ပေါ့ yeolကvampire ဆိုတာကို'
yeol.::: ' ညီမဝမ်းကွဲပါဆိုမှ သိတာပေါ့ ငယ်ငယ်တုန်းကတော့ ommaကသူနာပြုဆိုတော့ ommaယူလာပေးတယ် အခုommaက အနားယူသွားတော့ luက ကူညီပေးတာ'
baek::: ' ဟုတ်သားပဲ အမျိုးတော်နေတာကို မေ့နေတာ ဒါပေမဲ့luကျတော့ လူသားပဲနော်
yeol'momကလည်း လူသားပဲကို yeolကျတော့ ဘာလို့vampireဖြစ်နေရတာလဲ  vampireလို့သာဟြေတာ  yeolကနေရောင်ခြည်လည်း ခံနိုင်တယ် အသားအရေတွေလည်း အေးစက်မနေဘူးနော် ရုပ်ရှင်ကားတွေထဲမှာဆို vampireအသားအရေ တွေက အေးစက်နေတာပါ '
yeol::: ' Aigoo   ရုပ်ရှင်သရဲလေးပဲ  ကို့က vampireအစစ်မဟုတ်ဘူး  vampireသွေးပဲနှောနေတာ  လူသားတစ်ဝက် vampireတစ်ဝက်ဆိုပါတော့  အဲဒါကြောင့်လူသားတွေလိုပဲနေနိုင်တယ်  လပြည့်နေ့တစ်ရက်ပဲ သွေးသောက်ရတာ'
baek::: ' vampireသွေးနှောနေတာဆိုတော့ အခုအန်တီကလူသား  ဒါဆိုyeol'appaက vampireပေါ့နော်'
yeol::: ' အင်း ဟုတ်တယ် '
baek ::: ' yeol သောက်လိုက်အုန်းလေ' ဆိုပြီး စားပွဲပေါ်မှာတင်ထားတဲ့ပုလင်းကို ယူပေးလိုက် တယ်  yeolလည်း baekလှမ်းပေးတဲ့ပုလင်းကို ယူလိုက်ပြီး မော့သောက်လိုက်တယ်
          
         ' baek ကိုယ်တို့တွေ အိမ်အပြင်ဘက်မှာ ထိုင်ပြီး လမင်းကြီးနဲ့ညအလှကို ခံစားရအောင်' ဆိုပြီး အိမ်အပြင်ဘက်ရှိတဲ့ခုံတန်းလေးမှာ နှစ်ယောက်သားထိုင်နေကြတယ် yeolက baekကို သူ့ပုခုံးပေါ်မှာ ခေါင်းကိုမှီစေပြီး သူကတော့ baekခါးကိုဖက်ထားကာ နှစ်ယောက်သားကြယ်တွေကို ကြည့်နေကြတယ်
အဲအချိန်မှာရုတ်တရက် ကြယ်ကြွေသွားတယ်
' ကျွန်တော်ဘဝထဲကို အခုလိုချစ်စရာကောင်မလေးကို ပို့ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် သူမကျွန်တော်အနားမှာ အမြဲတမ်းရှိနေပါစေ'
' ကျွန်မရဲ့အနာဂတ်နေ့ရက်တွေကို ကိုယ်ချစ်ရတဲ့လူရဲ့လက်ကို တွဲပြီးအတူတူ ဖြတ်သန်းချင်ပါတယ်' ဆိုပြီး yeolနဲ့baek နှစ်ယောက်သား စိတ်ထဲကနေ ဆုတောင်းလိုက်ကြတယ်  ပြီးတော့မှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်နေကြတယ်

နှင်းတောင်ကြားက ချစ်ပုံပြင်Where stories live. Discover now