နှင်းတောင်ကြားကချစ်ပုံပြင် Ep-3

967 121 0
                                    

" နှင်းတောင်ကြားက ချစ်ပုံပြင်"
Episode(3)

ညမှာတဖြည်းဖြည်းအေးစက်လာခဲ့သည်။ yeolနဲ့baek တို့နှစ်ယောက်လည်းကိုယ့်အတွေးနှင့်ကိုယ်ကားထဲတွင်တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။yeol baek ကိုမသိမသာခိုးကြည့်မိတော့baek တယောက်ချမ်းလို့ထင်သည် လက်နှစ်ဖက်ကိုအင်္ကျီအိပ်ထဲထည့်၍ ကိုယ်လေးမှာတုန်နေသည်။yeolလည်းချက်ချင်းပဲသူ့လည်ပင်းမှာစီးထားသောမာဖလာလေးကိုဖြည်ပြီးbaekကိုခြုံပေးလိုက်တော့baekတယောက်yeolကိုအံ့သြလွန်း၍မျက်တောင်လေးများတဖြတ်ဖြတ်ခတ်လျက်မော့ကြည့်မိတော့yeolရဲ့မျက်နှာမှာသူမနဲ့အလွန်နီးကပ်နေပြီးသူ့ရဲ့အသက်ရှုသံလေးကိုပင်အတိုင်းသားကြားနေရသည်။သူအသက်ရှုထုတ်လိုက်သောလေများပင်baekရဲ့မျက်နှာပေါ်တွင်ပြေးဆော့နေသလားပင်ထင်ရသည်။

yeol::: ' ဒေါက်တာအေးနေမယ်ထင်လို့ပါ'

baek::: ' ဟင်...ဒါပေမဲ့ရှင်မှာအနွေးထည်မပါဘူးလေအေးနေမှာပေါ့ပြန်ယူလိုက်ပါကျွန်မသိပ်မချမ်းပါဘူး'baek မာဖလာလေးကိုပြန်ပေးရန်ဖြည်နေစဉ်yeolပျာပျာသလဲပင်

yeol:::'ကျွန်တော်ကဒီမှာ နေလာတဲ့လူ
ပါ
ဒီလောက်အအေးဒဏ်လောက်တော့ခံနိုင်ပါတယ်ဒေါက်တာကခုမှအေးတဲ့ဒေသကိုရောက်တာလေ အအေးဒဏ်ကိုမခံနိုင်လောက်သေးဘူးပြီးတော့ဒေါက်တာသာနေမကောင်းဖြစ်သွားရင်ကျွန်တော်ကိုမေမေကအပြစ်တင်မှာ ဒေါက်တာရယ်ကျွန်တော်အဆူခံရအောင်တော့မလုပ်ပါနဲ့နော်ပြန်စီးထားလိုက်ပါ'

သူက အဲလိုဟြေနေတာနဲ့ baekလည်း မဖြည်တော့ဘဲ ထားလိုက်တယ် ပြီးတော့ baekလည်း မအိပ်ချင်သေးတာနဲ့ အပြင်ဘက်မှာကျနေတဲ့ ဆီးနှင်းတွေငေးကြည့်ရင်းအိပ်ပျော်သွားတယ်
ဘယ်လောက်ကြာကြာအိပ်ပျော်သွားလဲမသိ နားထဲမှာ ညည်းသံလိုလို ကြားမှ နိုးလာပြီး အသံကြားရာဘက်ကို ကြည့်လိုက်တော့ yeolဆီက ဖြစ်နေတယ် အဲဒါနဲ့နဖူးကို စမ်းကြည့်လိုက်တော့ 'အားလားလား ကိုယ်တွေကျစ်ကျစ်တောက်ပူနေတာပဲ' baek ရေရွတ်ရင်း ကားနောက်ခုံမှာ တင်ထားတဲ့ seoulကယူလာတဲ့ဆေးအိတ်ကို ယူလိုက်ပြီး လိုအပ်တဲ့ဆေးကုသမှုကိုလုပ်ပေးလိုက်တယ် နောက်ပြီး yeol ပတ်ပေးထားတဲ့မာဖလာကို ပြန်ချွတ်ပြီး သူကို့ပဲပြန်ပတ်ပေးလိုက်တယ် တစ်ညလုံးbaekတစ်ယောက် အဖျားကျအောင် ပြုစုပေးနေရင်း မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ် အဲအချိန်ထိ ဆီးနှင်းတွေကတော့ ကျကောင်းနေဆဲပါပဲ

yeol ရဲ့ ဘယ်ဘက်လက်မောင်းပေါ်တွင်လေးလံသောအရာတခုတင်ထားသကဲ့သို့လေးလံနေသဖြင့်yeolနိုးလာပြီး ကြည့်လိုက်တော့ baekဆိုတဲ့ဒေါက်တာမလေး ဖြစ်နေတယ် ညက အဖျားတွေကြီးလာပြီး သတိလစ်သွားတာကို ပြန်စဉ်းစားမိတယ် နာရီကိုကြည့်လိုက်တော့ မနက်ဆယ်နာရီထိုးတော့မယ်
yeol'pov::: ' baekလေး ညကငါအဖျားကျ
အောင်ပြုစုလိုက်ရတယ် ဒုက္ခပေးမိပြီထင်တယ်
ဟာ Park Chanyeol မင်းက ဒေါက်တာကိုများ
baekလေးလို့ခေါ်နေတာလား ရူးသွားပြီ ရူးသွားပြီ ' ကိုယ့်ဘာသာရေရွတ်ရင်း သက်ပြင်းချမိလိုက်တယ် yeolရဲ့သက်ပြင်းချ
သံကြောင့် baek အိပ်နေရာမှ နိုးလာတယ်
' အင်းးးးးး' baekတစ်ယောက် လက်နှစ်ဖက်ကိုမြှောက်ပြီး အကြောဖြေရင်းးး
' အော် ရှင်တောင် နိုးနေပြီလား မှန်းစမ်း အဖျား
ဘယ်လိုနေသေးလဲ' ဟြေပြီး yeolနဖူးကို စမ်းလိုက်တယ် yeolရုတ်တရက် ကြောင်သွား
ပြီး မျက်နှာကြီးပူရှိန်းရှိန်းဖြစ်လာကာ ရင်တွေ
တဒိန်းဒိန်း ခုန်သည်

baek::: ' အဖျားကတော့ မရှိတော့ဘူး ဒါပေမဲ့
မျက်နှာကဘာဖြစ်လို့နီနေတာလဲ ခေါင်းမူးနေလို့
လား'

အဲတော့မှyeolက ' ဗျာ ဘာမှ ဘာမှမဖြစ်
ပါဘူးး' ဟြေသာဟြေရတာရင်ထဲမှာဗလောင်ဆူနေသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဆီးနှင်းတွေမကျတော့ဘဲ နေရောင်ရေးပျပျလေး ထွက်လာတာကြောင့်
လမ်းပိတ်နေသော နှင်းတွေလည်း အရည်ပျော်
နေတာကိုတွေ့လိုက်တယ်
yeol::: ' နှင်းတွေလည်းအရည်ပျော်ပြီးဆိုတော့
ကျွန်တော်တို့ ဆက်သွားလို့ရပြီ ထင်တယ်ဒေါက်တာ'

baek::: ' ရှင်ခေါင်းကြည်တာ သေချာပါတယ်နော်'
' ခေါင်းကြည်ပါတယ် ဒေါက်တာ' yeol baekကို ပြန်ဟြေပြီး ကားကိုမောင်းထွက်လိုက်တယ် ခရီးကလိုသေးတော့ ကားကိုတော်တော်မောင်းရအုန်းမယ်လေ
####################
chanyeol တို့အိမ်ဘက်တွင်

Argyima::: ' သခင်မကြီး yeolလေး အချိန်မီပြန်ရောက်ပါ့မလား အခုပဲနေဝင်တော့မယ် ပြီးတော့ လပြည့်နေ့
နီးလာလေ အားနည်းလေဆိုတော့ ကားမောင်း
ရတာ အဆင်ရောပြေရဲ့လား မသိဘူး'

yeol' mom::: ' အဲလောက်လည်းyeolလေးက မပျော့ညံပါဘူး အားနည်းတယ်ဆိုပေမဲ့ ခံနိုင်ရည်
ရှိပါတယ် ပြီးတော့ သန်းခေါင်မကျော်ခင် ရောက်
လာနိုင်ရင် အဆင်ပြေတယ် စိတ်ပူမနေပါနဲ့
Argyima '

Aygyima::: ' Nae, သခင်မကြီး '

yeol'mom ဟြေသာဟြေရတာ yeolလေး အချိန်မီ ပြန်ရောက်နိုင်ပါစေလို့ဆုတောင်းနေမိတယ်

#############################
တိုသွားတယ် ဟီးးးး ညကျရင်နောက်တစ်ပိုင်း ထပ်တင်ပေးမယ်နော် အရေးအသားညံသွားရင် ပြူးလေး လွှတ်ကြနော်

နှင်းတောင်ကြားက ချစ်ပုံပြင်Donde viven las historias. Descúbrelo ahora