နှင်းတောင်ကြားကချစ်ပုံပြင် Ep-12

972 86 2
                                    

" နှင်းတောင်ကြားက
                           ချစ်ပုံပြင်"
Episode(12)

chanyeol ဒေါသထွက်ထွက်နဲ့ အသိစိတ်လွတ်ပြီး မြေခွေးတွေကိုတစ်စစီလုပ်ပစ်လိုက်တယ် chanyeol အသိစိတ်ပြန်ဝင်လာပြီး သူလက်ကိုကြည့်လိုက်တော့ သွေးတွေနဲ့ပေကျံ
နေတယ် အဲအချိန်မှာနှင်းတွေကလည်းထူထဲစွာ
ကျဆင်းလာတယ် သတိလစ်ပြီးလဲနေတဲ့baek
ခန္ဓာကိုယ်လေးလည်း နှင်းတွေနဲ့ဖွေးနေပြီ chanyeolလည်းအနီးရှိသစ်ရွက်တွေကို ခူးပြီး
လက်မှာပေနေတဲ့သွေးတွေကို သုတ်လိုက်တယ်
ပြီးတော့ baekကိုယ်ပေါ်မှာတင်နေတဲ့နှင်းတွေ
ကိုဖယ်ပေးလိုက်ပြီးပွေ့ချီလိုက်တယ်
' တောင်းပန်ပါတယ်မင်းလေးကို ဘေးကင်းအောင်မစောင့်ရှောက်နိုင်ခဲ့လို့ ' ဆိုပြီး
သတိလစ်နေတဲ့baekကို ပွေ့ချီထားရင်း baekနဖူးလေးကိုငုံ့နမ်းလိုက်တယ်
chanyeolတစ်ယောက် နှင်းတွေအဆက်မပြတ်ကျနေတာကြောင့် သူတို့
ပုန်းခိုဖို့နေရာ အမြန်ရှာရတော့တယ် ခဏကြာတော့ ဂူတစ်ခုကိုတွေ့သွားတယ် အဲဒါနဲ့ဂူထဲကိုဝင်လိုက်တယ် ပြီးတော့ပွေ့ချီထား
တဲ့baekကို ဂူနံရံမှာမှီပြီးချထားလိုက်တယ် အပေါ်ကနေကုတ်အကျီကိုခြုံပေးလိုက်တယ် yeolကတော့ဂူပေါက်ဝနားမှာ သွားထိုင်ပြီးကျဆင်းနေတဲ့နှင်းတွေကို ကြည့်နေတယ် chanyeol နှင်းတွေငေးနေရင်း
baekကိုလှမ်းကြည့်လိုက်တော့ တုန်နေတာကို
တွေ့လိုက်တယ် အဲဒါနဲ့baekနားကို yeolလျှောက်သွားတယ် အနားရောက်တော့
baekကချမ်းလွန်းလို့တုန်နေတဲ့အပြင် နှုတ်ခမ်းကနေလည်းတိုးတိုးညည်းနေတာကို ကြားလိုက်ရတယ် ' ဟင်းးး မလာနဲ့မလာနဲ့ မြေခွေးတွေဝေးဝေးသွားး yeol yeol ဘယ်ရောက်နေတာလဲ yeol' ဆိုပြီးbaekညည်း
နေတာကိုyeolကြားသွားတယ် ' အိမ်မက်ဆိုး
မက်နေတာပဲ ဒါနဲ့အိမ်မက်ထဲမှာ ငါပါတယ်ထင်
တယ်' ဆိုပြီးyeolတွေးနေတုန်း ' omma' ဆိုပြီး
baekလန့်နိုးလာတယ်
yeol::: ' baek အိမ်မက်ဆိုးမက်နေတာလား
အဆင်ပြေရဲ့လား' ဆိုပြီး baekဘေးနားမှာ ထိုင်လိုက်ရင်းမေးလိုက်တယ်
baek::: ' yeol ရှိနေပါတယ်နော် baekဘေးနားမှာ'
yeol::: ' ရှိပါတယ် ဘယ်မှာမသွားပါဘူး'
' အိမ်မက်ထဲမှာ baekတစ်ယောက်တည်းပြီးတော့ပတ်ဝန်းကျင်
တစ်ခုလုံးကလည်း မဲမှောင်နေတာပဲ baekဘေး
နားမှာ ငယ်လေးတို့ luတို့ ပြီးတော့ yeolလည်း
မရှိဘူး baek yeolတို့ကိုလိုက်ရှာနေရင်း မြေခွေးတွေနဲ့တွေ့လို့ baekပြေးနေရတာ baekအရမ်းကြောက်တယ် ' ဆိုပြီး ဟြေပြရင်း baekငိုတော့တယ် ငိုနေတဲ့baekကို yeolဖက်လိုက်တယ်
' baek မငိုပါနဲ့ baekဆက်ငိုနေရင် yeolတို့ဒုက္ခရောက်လိမ့်မယ် ' yeolဟြေလိုက်
တာကို ' ဟင် ဘာဆိုင်လို့လဲ ' ဆိုပြီး baekတစ်ယောက် yeolရင်ခွင်ထဲမှာငိုနေရင်း ခေါင်းမော့ကြည့်လိုက်တယ်
yeol::: ' ဟာ ဆိုင်တာပေါ့ baekရဲ့မျက်ရည်တွေက နှင်းစက်လေးတွေနဲ့တူ
တယ်လေ baekကငိုလေ အပြင်ကနှင်းတွေက ကျဆင်းလေဖြစ်နေရင်yeolတို့ဘယ်လိုပြန်မလဲ'
yeolဟြေလိုက်တဲ့ စကားကြောင့် baekကြောင်ကြောင်တောင်တောင်ဖြစ်သွားပြီး အငိုလည်းရပ်သွားတယ်ပြီးတော့မှ ' ဘယ်မှာလဲ yeolဟြေတော့ baekငိုနေလို့ နှင်းတွေကျနေတာဆို အခုbaekမငိုတော့ဘူး
လေ ဒါပေမဲ့နှင်းတွေကကျနေတုန်းပဲကို' baekကနှုတ်ခမ်းလေးဆူပြီးဟြေနေတဲ့ပုံစံကို yeolကြည့်ပြီးပြုံးနေမိတယ်
baek::: ' ဟာ လူလိမ်ကြီးပြန်ဖြေအုန်းလေ ပြန်မဖြေဘဲ ပြုံးနေတယ် '
yeol::: ' မလိမ်ပါဘူး အမှန်အတိုင်းဟြေနေတာ
လေ baekမျက်ရည်လေးတွေပဲ နှင်းစက်လေး
တွေအတိုင်း ဖြူစင်တယ်ထင်တာ စိတ်ကလည်း နှင်းစက်လေးတွေလိုပဲ သူအငိုတိတ်တာနဲ့နှင်း
တွေလည်းမကျတော့ဘူးလည်းဟြေလိုက်ရော ချက်ချင်းကိုမငိုတော့ဘူး နှင်းကျတာကသဘာဝတရားလေ ဒေါက်တာဦးနှောက်နဲ့သေချာလေးတွေးပါအုန်း ကလေးလေးအတိုင်းပဲ'
' ဟုတ်ပါပြီ ဟုတ်ပါပြီ ' ဆိုပြီး သူကိုကလေးလေးလို့yeolကဟြေလိုက်တာ
ကြောင့် baekတစ်ယောက်စိတ်ကောက်ကာ yeolရင်ခွင်ထဲကနေ ရုန်းထွက်ဖို့လုပ်နေတယ်
yeol::: ' ဟာ ဘာလို့ရုန်းနေရတာလဲ ကုတ်အကျီကိုတစ်ယောက်တည်းခြုံနေလို့မရ
ဘူးလေ ဒီလောက်အေးနေတာ နှစ်ယောက်ခြုံမှ နွေးမှာပေါ့ ' ဆိုပြီး yeolကမလွှတ်ပေးဘဲ ပိုပြီး
တင်းနေအောင်ဖက်ထားလိုက်တယ်
baek::: ' ဟင် ဘာလို့ပူးပူးကပ်ကပ်နေရမှာလဲ မနေချင်ပါဘူး ဆွေမျိုးလည်းမဟုတ် ချစ်သူလည်းမဟုတ်တဲ့ယောကျာ်းလေးတစ်
ယောက်ရဲ့ရင်ခွင်ထဲမှာနေစရာလား'
yeol::: ' ဘယ်ယောကျာ်းလေးကမှ ကိုယ့်မချစ်တဲ့လူကိုရင်ခွင်ထဲမှာမထားဘူး ချစ်ရတဲ့လူကိုပဲ ထားချင်တာ '
' ငါ နားကြားများမှားတာလား yeolအခုဟြေလိုက်တာ ချစ်ရတဲ့လူကိုပဲထားချင်
တာတဲ့ ' baekစိတ်ထဲကနေဟြေကာ yeolကိုအံ့သြပြီး ကြည့်နေမိတယ်
yeolလည်း baekမျက်လုံးပြူးပြီး သူကိုကြည့်နေတော့မှာ သူစကားဟြေမှားသွား
တာကို သတိထားမိတယ်
' ငြိမ်ငြိမ်လေးနေပြီး အိပ်တော့ မင်းကိုကုန်း
ပိုးရတာရော ဒီနေရာထိရောက်အောင်ပွေ့ခေါ်
လာရတာ ပင်ပန်းနေပြီ တခြားဟာတွေတွေးမနေနဲ့ သွေးခဲပြီးမသေချင်သေးရင် ဒီအတိုင်းပဲအိပ်တော့ ' ဆိုပြီး baekပြန်ဟြေတာ
တောင်မစောင့်တော့ဘဲ မျက်လုံးမှိတ်ပြီး အိပ်နေလိုက်တယ် ' ဟွန်း သူဟြေချင်တာဟြေ
ပြီး အိပ်သွားတယ် ငါ့ကဘယ်လိုလုပ်အိပ်လို့ရမှာလဲ ဒီလောက်ရင်
တွေခုန်နေတာ စိတ်ညစ်ပါတယ်' ဆိုပြီး baek စိတ်ထဲကနေရေရွတ်နေရင်း yeolနိုးမှာစိုးလို့ yeolရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေ နေတယ်
yeolလည်း အိပ်မယ်ဆိုပြီးမျက်လုံးသာ မှိတ်နေတာ ရင်တွေအရမ်းခုန်တဲ့အတွက် အိပ်လို့မရဘူးဖြစ်နေတယ်
######### ဆေးရုံမှာတော့
sehunတစ်ယောက် luသတိရပြီးဆိုတဲ့ အကြောင်းကိုyeol'momဆီ ဖုန်းဆက်ဟြေပြီး
တော့ luရှိနေတဲ့အခန်းဆီပြန်လာခဲ့တယ်
sehun အခန်းဆီပြန်ရောက်တော့ luကအိပ်ပျော်နေပြီ အိပ်ပျော်နေတဲ့luကို sehunကြည့်နေရင်း ' အိပ်ပျော်နေတဲ့ ပုံစံလေးက အပြစ်ကင်းစင်တဲ့သမင်မလေးအ
တိုင်းပဲ ' ဆိုပြီးတွေးနေတုန်း ' ဒုတ် ဒုတ် ဒုတ်' ဆိုတဲ့အသံကိုsehunကြားလိုက်တယ် sehunဘယ်ကအသံလဲဆိုတာကို နားစိုက်ထောင်လိုက်တော့ သူ့နှလုံးခုန်သံဖြစ်နေ
တယ် ' အားးရှီးး oh sehun မင်း falling in loveဖြစ်နေရမဲ့အချိန်မဟုတ်ဘူး မင်းnoonaအတွက်ပဲစိတ်ပူနေရမှာ' ဆိုပြီး ခုန်နေတဲ့သူနှလုံးသားကို လက်နဲ့ဖိပြီး ပြတင်းပေါက်နားမှာ သွားရပ်နေတယ်
sehun::: ' နှင်းတွေကလည်း အရမ်းကျနေတာပဲ
noona အဆင်ရောပြေရဲ့လား hyungနဲ့တွေ့ရဲ့လားမသိဘူး noonaဘာမှမဖြစ်ပါဘူး hyungက noonaကို သေချာပေါက်ရှာတွေ့ပြီး စောင့်ရှောက်ပေးမှာပါ
ဟုတ်တယ် အဲလိုပဲဖြစ်မှာပါ' ဆိုပြီးsehunတစ်ယောက်တည်းရေရွတ်နေမိ
တယ်
မနက်မိုးလင်းတော့ luနိုးလာတယ်
sehun::: ' lu နိုးလာပြီလား မနက်စာကိုစားဖို့
ပြင်ပေးထားတယ်'
lu::: ' baekတို့ အခုထိပြန်မရောက်သေးဘူးလား'
sehun::: ' မရောက်သေးဘူး ခဏနေ အန်တီ
ရောက်လာရင် ကျွန်တော်တောင်ပေါ်လိုက်သွား
မှာပါ luမျက်နှာသစ်တော့မှာမှတ်လား ကျွန်တော်လိုက်ပို့ပေးမယ် '
lu::: ' ရတယ် ကိုယ့်ဘာသာပဲသွားသစ်လိုက်မယ် '
sehun::: ' ခြေထောက်ကဒဏ်ရာရထားတာကို တစ်ယောက်တည်းသွားလို့ အဆင်မပြေဘူးလေ'
lu မျက်နှာသစ်ပြီးတော့ မနက်စာစားနေတုန်း yeol'momနဲ့ layတို့ရောက်လာတယ်
yeol'mom::: ' lu နိုးနေပြီလား ဒဏ်ရာကရော ဘယ်လိုနေသေးလဲ'
lu::: ' သက်သာပါတယ်အန်တီ lay oppa ပြန်ရောက်လာပြီလား'
lay::: ' ပြန်ရောက်ရောက်ချင်း နင်တို့တောင်ပေါ်
သွားတာ ဒဏ်ရာရပြီး တောင်ပေါ်မှာ လူကျန်ခဲ့
တယ်ဆို '
sehun::: ' ဟုတ်တယ် ကျွန်တော်noonaပါ'
lay::: ' ဒေါက်တာbaekဆိုတာလား တစ်ယောက်တည်းကျန်ခဲ့တာလား'
sehun::: ' မနေ့ကတော့ chanyeol hyung တောင်ပေါ်လိုက်သွားတယ်'
lay::: ' မနေ့က နှင်းတွေအရမ်းကျတာဆိုတော့
နှစ်ယောက်လုံးကို အမြန်သွားရှာတာကောင်းမယ် တော်ကြာ နှင်းတောထဲမှာ ပိတ်မိနေရင် ဒုက္ခရောက်နေလိမ့်မယ်'
lay, sehunတို့နဲ့အတူ yeolအိမ်က အလုပ်သမားများလည်း တောင်ပေါ်ကိုလိုက်လာ
ကြတယ်
#############
chanyeol နိုးလာပြီး ဂူအပြင်ဘက်ကို ကြည့်လိုက်တော့ မိုးလင်းနေပြီ ပြီးတော့နှင်းတွေ
လည်းမကျတော့ဘူး baekကိုကြည့်လိုက်တော့
သူရင်ခွင်ထဲမှာ နှစ်ခြိုက်စွာအိပ်ပျော်နေတုန်းပဲ
' မအိပ်ဘူးဆိုပြီးဟြေနေပြီးတော့ အခုထိကိုမနိုး သေးဘူး ' ဆိုပြီး yeolတစ်ယောက် baekနဖူးလေးကို morning kissလေးခြွေလိုက်တယ် အဲအချိန်မှာbaek ခန္ဓာကိုယ်က လှုပ်လာပြီးနိုးလာတယ် yeolလည်းbaekသိသွားတယ်ထင်ပြီးလန့်သွားတယ် အဲဒါနဲ့ အိပ်ချင်ယောင်ဆောင် နေလိုက်တယ် baekအိပ်ပျော်နေရာမှနိုးလာပြီး ' နွေးနေတာပဲ အိပ်လို့ကောင်းလိုက်တာ ဒါနဲ့ငါဘယ်ရောက်နေတာလဲ' ဆိုပြီး
အိပ်ချင်မူးတူးနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်
တော့ ' အားရှီး နင်အခုတောထဲရောက်နေတာလေ အင်း နေတောင်ထွက်နေပြီဟ' ဆိုပြီး baekရေရွတ် လိုက်တယ် baekတစ်ယောက်တည်းစကားဟြေနေတာကို အိပ်ချင်ယောင်ဆောင်နေတဲ့yeol နားထောင်
ပြီး ' ဘာလဲဟ တစ်ယောက်တည်းစကားတွေ ဟြေနေတယ်' ဆိုပြီးyeolပြုံးနေမိတယ်
yeolပြုံးနေတာကို baekတွေ့လိုက်တာကြောင့် ' ဟင် အိပ်နေရင်းနဲ့ ပြုံးနေပါလား ဘာတွေအိမ်မက် မက်နေလို့လဲမသိဘူး' ဆိုပြီး baekတွေးလိုက်တယ်
baek::: ' အိပ်နေတဲ့ပုံလေးကလည်း ကြည့်ကောင်းတာပဲ နားကားကားလေးနဲ့ ပြီးတော့နှာတံလေးကဖြောင့်စင်းနေတာပဲ ငါ ညကမြင်လိုက်တာက ဘာလဲ yeolကလူမဟုတ်ဘူးလား vampire လား မဖြစ်နိုင်ပါဘူး ထားလိုက်ပါတော့ အဲဒါတွေစဉ်းစားမနေနဲ့တော့ မြေခွေးတွေဘယ်လိုဖြစ်သွားတာလဲဆိုတာကို နောက်မှပဲမေးကြည့်တော့မယ် '
ခဏကြာတော့ ' အားးးး' ဆိုပြီး yeolအော်လိုက်တယ် baekကနားရွက်လိမ်ဆွဲ လိုက်တာကြောင့်လေ
yeol::: ' baek ဘာလို့နားရွက်လိမ်ဆွဲရတာလဲ'
baek::: ' နိုးတာလေ အိပ်ပုတ်ကြီးနေလိုက်တာ အိမ်မှာအိပ်နေတယ်များထင်နေတာလား'
' ငါကနိုးနေတာဖြင့်ကြာလှနေပြီ သူပဲအိပ်နေပြီးတော့ အခုမှနိုးလာပြီ ဆရာလာ လုပ်နေတယ်' yeolစိတ်ထဲကနေ ပြန်ဟြေနေ
တယ်
baek::: ' နိုးပြီဆိုတော့ တောင်အောက်ဆင်းဖို့
လမ်းရှာကြမယ်လေ အိမ်ကလူတွေစိတ်ပူနေ
လောက်ပြီ ' baekမတ်တပ်ထရပ်ရင်း ဟြေလိုက်တယ်
yeol::: ' baekခြေထောက်က လမ်းလျှောက်လို့ ရပြီလား '
' အင်း လျှောက်လို့ရပြီ ထင်တယ်' ဆိုပြီး ထော့ကျိုးထော့ကျိုးနဲ့ baek လမ်းလျှောက်နေတယ်
yeol::: ' အဲလို ထော့ကျိုးဖြစ်နေတာ တောင်အောက်ကိုလမ်းလျှောက်ပြီးဆင်းနိုင်လို့ လား'
' ဆင်းနိုင်တယ်ဟာ' ဆိုပြီး baekရှေ့ကနေ yeolကိုတောင်မစောင့်ဘဲ ဂူအပြင်ကိုထွက်သွား
တယ် ' စိတ်ကလည်းကြီးပါ့ စိတ်နဲ့လူနဲ့မလိုက်ဘူး ' ထော့ကျိုးထော့ကျိုးနဲ့ သွားနေတဲ့baekကိုကြည့်ပြီး ဟြေလိုက်တယ် ပြီးတော့ အနောက်ကနေအမီလိုက်ပြီး baekနားကပ်ကာ' ဒါဆို သွားနှင့်ပြီနော် ' ဟြေပြီးကျော်တက်သွားတယ်
chanyeolတစ်ယောက် baekကို နောက်မယ်ဆိုပြီး ရှေ့ကနေအမြန်သွားကာ baekမမြင်အောင်ပုန်းနေလိုက်တယ် baekတစ်ယောက် yeolသူကိုကျော်တက်သွား
တာကြောင့် ပါးစပ်ကနေပွစိပွစိနဲ့ဟြေကာ မကျေမနပ်ဖြစ်နေတယ် baekခြေထောက် ထော့နဲ့ထော့နဲ့လျှောက်နေရင်း yeolကိုလှမ်းကြည့်လိုက်တော့ မတွေ့တော့ဘူး
' ဟာ ဘယ်ရောက်သွားတာလဲ စိတ်ပုတ်ကြီး ခြေထောက်ထိထားတဲ့လူကို စောင့်တောင်မစောင့်ဘူး ' ဆိုပြီးဟြေနေတုန်း
' ဝုန်းးး' ဆိုပြီး တောကြောင်တစ်ကောင်သစ်ပင်
ပေါ်ကနေ baekရှေ့ကို ခုန်ချလိုက်တာကြောင့်
baekလန့်သွားပြီး အော်လိုက်တယ်
chanyeol baekကိုစဖို့အတွက် ပုန်းနေရင်း baekရဲ့အော်သံကိုကြားလိုက်တာ
ကြောင့် ပုန်းနေရာကထွက်လာပြီး baekဆီကိုပြေးရတော့တယ် chanyeol baekအနားကိုရောက်တော့ ငုတ်တုတ်ထိုင်နေ
ပြီးနားနှစ်ဖက်ပိတ် မျက်လုံးစုံမှိတ်ကာ အော်နေတဲ့baekနဲ့ baekကို မျက်လုံးအပြူးသားနဲ့ကြည့်နေတဲ့ တောကြောင် တစ်ကောင်ကိုတွေ့လိုက်တယ် chanyeolလည်း တောကြောင်ကို မောင်းထုတ်လိုက်တယ် တောကြောင်က chanyeolကို ပြန်မာန်ဖီပြီးတော့ ထွက်သွားတယ်
chanyeol::: ' ငါ့ကိုတောင် ပြန်မာန်ဖီသွားတယ်
baek baek ဘာလို့ဒီလောက်တောင်အော်နေ
တာလဲ'
baek::: ' ဘာကြီးလဲမသိဘူး အပေါ်ကနေပြုတ် ကျလာလို့'
yeol::: ' တောကြောင်ပါ ဘာအန္တရာယ်မှမရှိပါဘူး ထတော့ ထိုင်အော်မနေနဲ့တော့'
baek::: ' စောနက ဘယ်ရောက်သွားတာလဲ ရှေ့ကနေသွားမယ်ဆိုလည်း အနောက်ကလူ မြင်ရလောက်တဲ့အကွာအဝေးအထိပဲသွားလေ အခုတော့ ခြေထောက်နာနေတဲ့လူထားခဲ့ပြီး လုံးဝကိုပျောက်သွားတာ '
' အမြန်မသွားလို့မရဘူးလေ တော်ကြာမိုးချုပ်တဲ့အထိ တောင်အောက်မရောက်ရင် ဘယ်လိုလုပ်မလဲ'
ဆိုပြီး chanyeolဟြေရင်း baekခြေထောက်ကို
ကြည့်မိလိုက်တော့ ခြေထောက်ကရောင်နေတာကို တွေ့လိုက်တယ်
' baek မင်းခြေထောက်ကရောင်နေပါလား လမ်းရောဆက်လျှောက်နိုင်သေးလား' chanyeolဟြေမှ baekလည်းသူခြေထောက်ကို ငုံ့ကြည့်မိတယ် ' လမ်းလျှောက်လိုက်တဲ့ ဒဏ်ကြောင့်ရောင်လာတာပါ ဘာမှမဖြစ်ပါဘူး' baekပြန်ဟြေလိုက်တယ် ' ဘာ ဘာမှမဖြစ်ရမှာ လဲ ဒီလောက်ခြေထောက်ကရောင်နေတာကို တော်ပြီ ဆက်ပြီးလမ်းမလျှောက်နဲ့တော့ လာကျောပေါ်တက်' သူကိုကုန်းပိုးဖို့လုပ်နေတဲ့ chanyeolကို baekကြောင်ပြီးကြည့်နေမိတယ် ' ဘာရပ်ကြည့်နေတာလဲ သွားမယ်လေ' chanyeolဟြေလိုက်မှ baekလည်းyeolကျော
ပေါ်ကနေ လိုက်သွားတယ်
chanyeol baekကို ကုန်းပိုးရင်း တောင်အောက်ကို ဆက်ဆင်းလာခဲ့တယ်
baek::: ' yeol ကို တစ်ခုလောက်မေးချင်တယ်'
yeol::: ' မေးလေ baek ရပါတယ်'
baek::: ' မနေ့ညက baekတို့နောက်လိုက်လာ
တဲ့ မြေခွေးတွေလက်ထဲက ဘယ်လိုလုပ်ပြီး လွတ်သွားတာလဲ '
baekမေးလိုက်တဲ့စကားကြောင့် chanyeolခြေလှမ်းတွေရပ်တန့်သွားတယ်
yeol:: ' မနေ့ကမြေခွေးတွေလား'
baek::: ' ဟုတ်တယ်လေ '
yeol::: ' ငါတို့နှစ်ယောက်ကို သူတို့အချင်းချင်း သူပိုင်တယ် ငါပိုင်တယ်ဆိုပြီး အချင်းချင်းကိုက် ကြပြီး သေကုန်တာလေ '
baek:: ' အမ် မဖြစ်နိုင်တာ '
' အခုတော့ အဲလိုပဲ မှတ်ထားလိုက်ပါbaek နောက်မှအဖြစ်မှန်ကို ဟြေပြပါမယ် ' လေသံတိုးတိုးလေးနဲ့chanyeol ဟြေလိုက်တာကြောင့် baekစိတ်မကောင်းဖြစ်သွားပြီး
baek :: ' ခ်ခ် ရီရတယ်နော် မြေခွေးတွေလည်း လူတွေအတိုင်းပဲ လောဘကြီးတာ' စကားလမ်း
ကြောင်းလွဲပြီးဟြေလိုက်တယ် ပြီးတော့ တစ်လမ်းလုံး ဟာသတွေဟြေတော့တယ်
chanyeolလည်း baekဟြေသမျှကို နားထောင်ရင်းရီနေတော့တယ် လမ်းတစ်ဝက်လည်းရောက်ရော
'သူတို့ကတော့ ရီနေလိုက်ကြတာ ငါ့တို့ကတော့ တစ်ခုခုများဖြစ်နေမလားလို့စိတ်ပူနေရတာ' ဆိုပြီး အဝေးကနေလှမ်းဟြေတဲ့အသံကို baekတို့ကြားလိုက်တယ် အသံကြားရာဘက်ကို ကြည့်လိုက်တော့ sehunနဲ့layတို့ လူအုပ်စုကို တွေ့လိုက်တယ်
sehun:: ' ပျော်နေကြတာ သူတို့ရယ်သံကို အဝေးကနေကြားရတယ်'
baekတို့ sehunတို့အနားကိုရောက်တော့
baek sehunခေါင်းကိုလှမ်းခေါက်လိုက်တယ်
chanyeolက ကုန်းပိုးထားတာဆိုတော့ sehunခေါင်းကို မှီတယ်လေ
sehun:: ' ဘာလဲ ဘာလို့ခေါင်းခေါက်ရတာလဲ'
baek:: ' ငါကိုတစ်ယောက်တည်းထားခဲ့လို့လေ luဒဏ်ရာရလို့ အမြန်သွားလိုက်ရတာကြောင့် မို့လို့ ဒီလောက်နဲ့ခွင့်လွှတ်လိုက်မယ် ဒါနဲ့luရော အဆင်ပြေရဲ့လား သတိလစ်နေတာဆို သတိရောပြန်ရပြီလား'
sehun::: ' lu အဆင်ပြေတယ် သတိလည်းပြန်ရပြီ noonaကျန်ခဲ့တာ တစ်ယောက်တည်းအဝေးကြီးသွားနေလို့လေ ကျွန်တော်တို့အနားမှာပဲနေရင် မကျန်ခဲ့ဘူး ဒါနဲ့noonaကို hyungက ဘာလို့ကုန်းပိုးလာရတာလဲ'
yeol:: ' baek ခြေထောက်ခေါက်ထားလို့ပါ'
sehun:: ' ဒါဆို ကျွန်တော်ပဲ ဆက်ကုန်းပိုးသွား
လိုက်မယ် hyung တောက်လျှောက်ကုန်းပိုး လာရတာ ပင်ပန်းနေရောပေါ့ '
sehunလည်း chanyeolဆီကနေ baekကိုခေါ်လိုက်တယ် ' hyungကတော့ ဘယ်လိုသယ်လာလဲမသိဘူး တော်တော်လေး
တယ်'ဆိုပြီး baekကို ကုန်းပိုးထားရင်း ဟြေလိုက်တယ် ' ငယ်လေး ငါကိုများလေးတယ်လေး ဘာလေးနဲ့ နင်ကအားမရှိတာလေ ' ' ဘာဟြေတယ် ပစ်ချလိုက်ရမလား ' ဆိုပြီး baekနဲ့sehunတို့ ရန်ဖြစ်ရင်း ရှေ့ကနေသွားတယ်
sehunတို့မောင်နှမရန်ဖြစ်နေကြတာကို
chanyeolနဲ့layတို့က ကြည့်နေကြတယ်
lay:: ' chanyeolတို့ ညကမြေခွေးတွေနဲ့များ တိုးသေးလား'
chanyeol:: ' မတိုးပါဘူး ဘာဖြစ်လို့လဲ'
lay::: ' ညကမြေခွေးတွေ အချင်းချင်းရန်
ဖြစ်ကြတယ်ထင်တယ် ဟိုနားမှာ မြေခွေးအသေတွေတွေ့လို့ပါ '
sehunနဲ့ရန်ဖြစ်နေရင်း baekနောက်ကိုလှည့်ကြည့်လိုက်တော့ သူကိုကြည့်နေတဲ့chanyeolကို တွေ့လိုက်တယ် သူတို့လည်းတော်တော်ကြာ ကြာလမ်းလျှောက်ပြီးတဲ့နောက်တော့ တောင်အောက်ကိုရောက်သွားတယ်

#############################
အခုတောင်အောက်တော့ ပြန်ရောက်သွားပြီ ဒီအပိုင်းမှာတောင်အောင်ရောက်မယ်လို့ ဟြေခဲ့တာကြောင့် မရောက်မချင်းရေးရတာ တော်တော်ရှည်သွားတယ်
ဟီးးးးးး ဒါနဲ့layက ဒီဇာတ်လမ်းမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါတာပါနော်

နှင်းတောင်ကြားက ချစ်ပုံပြင်Nơi câu chuyện tồn tại. Hãy khám phá bây giờ