နှင်းတောင်ကြားက ချစ်ပုံပြင် EP- 2

1.1K 130 1
                                    

" နှင်းတောင်ကြားက
ချစ်ပုံပြင်"
Episode(2)

baek ထိုင်နေရာမှ မော့ကြည့်လိုက်တော့ မျက်ခုံးထူထူ အောက်က စူးရှတောက်ပတဲ့ မျက်ဝန်းတစုံဖြင့်ကြည့်နေသောလူတယောက်ကိုတွေ့လိုက်ရတယ် ။ အဲ့မျက်ဝန်းတွေထဲမှာစီးမြောသွားမိတော့တယ် ။
' ဒေါက်တာ baekhyun လားခင်ဗျာ'
တည်ငြိမ်ကြည်လင်ပြတ်သားသောအသံသြသြကို ကြားမှအသိပြန်ဝင်လာခဲ့တယ်။ မျက်ဝန်းသာမကအသံကလည်း တော်တော်နားထောင်လို့ကောင်းပါလားး.... baekတစ်ယောက်စိတ်ထဲကနေ ချီးကျုးနေမိတယ်။ ' ဟုတ်ပါတယ် ဒါနဲ့ရှင်က ဘယ်သူ......'
' ဟုတ်သားပဲ မိတ်ဆက်ရအုန်းမယ် ကျွန်တော် Park chanyeol ပါ ဒေါက်တာကို လာကြိုတဲ့လူပါ'

baek::: ' အော် ဆရာမ မိတ်ဆွေဆိုတာကိုး
ဆရာမနဲ့သိတာဆိုလို့ ရွယ်တူထင်နေတာ'

yeol::: ' ဆရာမနဲ့သိတာက ကျွန်တော်အမေပါ အမေက ကျန်းမာရေးသိပ်မကောင်းလို့ အမေ့ကိုယ်စား ကျွန်တော့်ကိုကြိုဖို့ လွှတ်လိုက်တာပါ'

baek::: 'ကျွန်မတောင်ခုနကလာ ကြိုဖို့မေ့နေရင် ဘယ်လိုလုပ်ရမလဲလို့ တွေးနေတာ ရွာကိုသွားဖို့ကလည်း မသွားတတ်တော့လမ်းမှားမှာ စိုးရိမ်နေတာ အခု့ လာကြိုပြီးဆိုတော့ အဆင်ပြေသွားပြီ '

လာမကြိုမှာကိုစိုးရိမ်ကြောက်ရွံ့နေသောမျက်နှာကလေးကနေသူ့ကိုတွေ့လိုက်တော့ကလေး လေးတယောက်လို ပျော်ရွှင်နေသောသူမကိုကြည့်ပြီးဟြေရမယ့်စကားတွေတောင်ပျောက်ဆုံးနေတော့တယ်။ ငေးကြည့်နေရင်းမှ အသိစိတ်ဝင်လာပြီး
yeol::: ' တောင်းပန်ပါတယ်ဗျာ ကျွန်တော်အချိန်မီ လာခဲ့ပေမဲ့ လမ်းမှာဆီးနှင်းတွေအရမ်းကျနေတော့ သတိထားပြီး မောင်းနေရတာနဲ့ နောက်ကျသွားတာပါ'

သူနောက်ကျရတဲ့ အကြောင်းအရင်းကို မပြုံးမရယ်ဘဲတည်ငြိမ်စွာ ရှင်းပြနေတာကလည်း တမျိုးကြည့်ကောင်းတာပဲ heee.... baekစိတ်ထဲကနေ တွေးနေမိတယ်။

yeol::: ' ကျွန်တော်တို့သွားရအောင် နေ့လည်စာကိုတော့ လမ်းမှာပဲစားကြမယ် ဖြစ်တယ်မှတ်လား ဒေါက်တာ'

baek ::: ' ကောင်းပါတယ် အဆင်ပြေသလိုပါပဲ'

yeol baekအိတ်တွေကို ကူဆွဲပြီး ထွက်လာခဲ့တယ် ရှေ့ကနေသွားနေရင်း 'ဟူးးး သူနဲ့စကားဟြေနေတာ ရင်ဘတ်ကဘာလို့ ဒီလောက်တောင်ခုန်နေရတာလဲဟ' yeol တစ်ယောက်တည်းရေရွတ်နေတော့တယ်။
တောင်တန်းတွေပေါများတဲ့ ဒေသဖြစ်တာကြောင့် တောင်ပတ်လမ်းတွေပေါ်မှာ မောင်းနေရသဖြင့် yeolက ကားကိုဂရုတစိုက်မောင်းနေသည်။ baekကတော့ ရှုခင်းတွေကို ဓာတ်ပုံရိုက်ကောင်းနေတယ်။ ကားတစ်ချက် အကွေ့မှာ ကားပြတင်းပေါက်နားဓာတ်ပုံရိုက်နေသော baek ပြုတ်ကျမလို့ဖြစ်သွားတယ်။

နှင်းတောင်ကြားက ချစ်ပုံပြင်Où les histoires vivent. Découvrez maintenant