Episode 6

539 39 0
                                    

I Can't Live Without You

Episode 6

Love Love Love (alarm ring)

Alarmသံလေးကြားမှာ... မနေ့ညက အတွေးလွန်ပြီး အိပ်ပျော်သွားတာကို မှတ်မိတော့သည် မနေ့ကမှဆေးရုံက ဆင်းပေမယ့် မသက်သာသေးတဲ့ ခန္တာကိုယ်ကိုက်ခဲမှု

ကျွန်မတက်နိုင်သလောက် ပိုက်ဆံရှာမှဖြစ်မယ် နောက်လတစ်ရက်နေ့ဆိုတာက ကျွန်မအတွက် ဘယ်လောက်မှမကျန်တော့တဲ့ ရက်ကို ကျွန်မတို့ အိမ်နားက coffee ဆိုင်လေမှာလဲ အချိန်ပိုင်းလုပ်ဖို့ ပြောထားသေးတယ် ခက်တာက ပိုက်ဆံကို ကြိုမထုတ်ပေးဘူးတဲ့ အဲ့တော့ နောက်တစ်ခု ရှာမယ်လုပ်တော့ ကျွန်မမှာ အချိန်မရှိတော့ဘူး

စိတ်ဓာတ်တွေက အောက်ဆုံးကို ကျနေပြီ ဒါပေမယ့် အားလျှော့လို့မှ မဖြစ်တာ ကျွန်မလုံးဝအရုံးမပေး နိုင်ဘူး လုံးဝဘဲ.....

Companyရောက်တော့....

ကျွန်မ ထိုင်ရမဲ့နေရာက စာရွက်စာတမ်းတွေ တစ်ရွက်တစ်လေတောင် မရှိတော့... အခန်းထဲကို ကြည့်လိုက်တော့ yeolရောက်နှင့်နေပြီ သူများစိတ်ဆိုးနေတာလား ကျွန်မနည်းနည်းနောက်ကျသွားတာကို....

စေခိုင်းမှုမပါဘဲ အခန်းဆီသို့ ရွေ့သွားနေတဲ့ ကျွန်မခြေလှမ်းတွေ....
စေခိုင်းမှုမပါဘဲ အခန်းတံခါးကို ဖွင့်လိုက်မိတဲ့ ကျွန်မလက်တွေ...

Su Young>> Yeol အပြင်က....

သူကျွန်မကို လှည့်ကြည့်နေပြီ သူ့ခွင့်ပြုချက်မပါဘဲ Yeolလို့ခေါ်လိုက်မိလို့လား ကျွန်မမှားသွားပြီထင်ပါတယ်

Su Young>> တောင်းပန်ပါတယ် boss Su Young ရုတ်တရက်မို့လို့ ထွက်သွားတာပါ Su Young တောင်းပန်ပါတယ်

Yeol>> Su Youngကိုယ်တို့နှစ်ယောက်တည်း ရှိတဲ့ အချိန်မှာ ကိုယ့်ကို Yeolလို့ခေါ်ပါ ရပါတယ်

သူအခု ကျွန်မကို စိတ်မဆိုးတဲ့ အပြင် သူ့ကို Yeolလို့ ခေါ်လို့ရတယ်တဲ့ ကျွန်မ သိထားသလောက်တော့ သူ့ကို Yeolလို့ခေါ်တာ သူ့ ommaနဲ့ appaရယ် ပြီးတော့ သူ့အရင်နှီးဆုံး သူငယ်ချင်းတွေ... သူတို့ကလွဲရင်သူ့ကို ဘယ်သူမှ Yeolလို့ခေါ်ခွင့့်မရှိဘူး ဒါပေမယ့် သူဘာကြောင့် ကျွန်မကို ခေါ်ခွင့်ပေးရတာလဲ အမှန်ဆိုရင် သူစိတ်ဆိုးရမှာလေ....

I Can't Live Without You (Complete)Where stories live. Discover now