Episode 2

650 41 0
                                    

1.1.2016ရက်.....

ဒီနေ့က ကျောင်းဆင်းပွဲလေးပါ....... ခွဲခွာရမဲ့ အချိန်ရောက်လာပြီ.......

နေရာတိုင်းမှာ... ပန်းတွေ အစီအရီနဲ့ လှပနေသည်.... ဆောင်းလေ လေးရဲ့ လှည့်စားမှုကြောင့် ပန်းလေးများ လှုပ်ရှားနေသလို...ကျွန်မ ရင်ထဲတွင်လဲ တလှပ်လှပ်နှင့်.......

Haejuကို ကျွန်မ Busan ပြန်ရမှာကို မပြောရသေး တာကတစ်ကြောင်း.... အမြဲတမ်း သူများနောက်ကျခဲ့တဲ့ ကျွန်မက ခုဆု တက်ယူရ မှာကတစ်ကြောင်းပေါ့.....

ဒါက Chanyeol ကြောင့်လို့ ပြောလဲ မမှားပါဘူး... သူကစာတော်တယ်လေ... သူက ကျွန်မရဲ့ စံပြဖြစ်သလို.... ကျွန်မ နှလုံးသားမှာ နေရာ ယူထားတဲ့ သူတစ်ယောက် .....

ကျွန်မလည်း သ့ူလို ဆုလိုချင်တာ ပေါ့... သူကြောင့် ကျွန်မကြိုးစား ပြီးခုတော့.. ဆုယူရတော့မယ်... gomawoo Chanyeol.....

ကျောင်းသား တော်တော် များများစုံနေပီ... ခုထိHaeju တစ်ယောက် ရောက်မလာသေး... သူအလှပြင် နေမှာပေါ့ ဆုယူရမှာကို.... ကျွန်မလဲ ပြင်ဆင်ထားပါတယ်... ဒါပေမယ့်... တစ်ခြား သူတွေနဲ့ရှင်ရင် ဘာမှ မဟုတ်ဘူးလို့ ထင်ရတဲ့ ကျွန်မပုံစံ.......

ကျွန်မ လက်ကို လှမ်းဆွဲလိုက်တဲ့... လက်တစ်စုံ.....

Su Young>> Baek... Su Youngကိုလွှတ်.. ဘယ်သွားမို့လဲ...

ယောကျာ်းအားနဲ့ မိန်းကလေးအား မမျှတော့ Baek ခေါ်ရာနောက် လိုက်ခဲ့ ရပြန်ပီ.....

Su Young>> Baek.. နင်ငါ့ကို ဘာလုပ်မို့လဲ....

Baek>> တိုးတိုး ပြောပါ...Su Youngရယ်... ငါနင့်ကို ဘာမှမလုပ်ပါဘူး... Haejuက နင့်ပုံစံ ကြည့်မကောင်းလို့ ခေါ်ခဲ့ဆိုလို့ ငါခေါ်လာတာပါဟာ.....သူခဏနေ ရောက်တော့မှာ...

Haeju... သူက ကျွန်မ ချစ်ဆုံး သူငယ်ချင်း ဖြစ်ထိုက်ပါတယ်.... ကျွန်မကို ဂရုစိုက်တယ်... ဒီလောက် ဂရုစိုက်တဲ့ သူငယ်ချင်းကို.. Busanကို ပြန်မှာ မပြောရက်....

Haeju>> Su Young ငါနင်တွက် ရွေးလာတာ အဆင်ပြေမယ်ထင်တာဘဲ....

ဂရုစိုက်ချက်များ... ခုလဲကြည့်... လူမရောက်သေးဘူး အသံကအရင်ရောက်နေပီ......

I Can't Live Without You (Complete)Donde viven las historias. Descúbrelo ahora